“ ဂန္တဝင်သရုပ်ဆောင် မင်းသားကြီး အကယ်ဒမီညွန့်ဝင်းကွယ်လွန် ”

“ ဂန္တဝင်သရုပ်ဆောင် မင်းသားကြီး အကယ်ဒမီညွန့်ဝင်းကွယ်လွန် ”

ဝါရင့်သရုပ်ဆောင် မင်းသားကြီး ညွှန့်ဝင်း ကွယ်လွန်

ဝါရင့် ရုပ်ရှင်သရုပ်ဆောင် မင်းသားကြီး ညွှန့်ဝင်း ယနေ့၊ ဇူလိုင်လ ၁ ရက်နေ့ မနက်ပိုင်းမှာ ကွယ်လွန်သွားတယ်လို့ သိရပါတယ်။“အကယ်ဒမီ ဦးညွှန့်ဝင်း

ကွယ်လွန်သွားသည့်အတွက် မိသားစုနဲ့ ထပ်တူ ဝမ်းနည်းရပါသည်”လို့ ရုပ်ရှင် ထုတ်လုပ်သူ ကိုတင်ထွန်းဝင်းက စိတ်မကောင်းစွာ ဆိုထားပါတယ်။

အကယ်ဒမီများရှင် မင်းသားကြီး ညွှန့်ဝင်းဟာ ကွယ်လွန်ချိန်မှာ အသက် ၈၁ နှစ်အရွယ် ရှိပြီဖြစ်ပြီး၊ ဇနီးနှင့် သားသမီး ၃ ဦး ကျန်ရစ်ခဲ့ပါတယ်။

မင်းသားကြီး ညွှန့်ဝင်းဟာ ၁၉၆၈ ခုနှစ်မှာ “ဗန်တိုလူလေးနှင့် သူ”၊ ၁၉၇၁ ခုနှစ်မှာ “ချစ်သူဝိုင်းဝိုင်းလည်”၊ ၁၉၈၃ ခုနှစ်မှာ

“တတိယအရွယ်၏ ဒုတိယဝေဒနာ”၊၁၉၉၃ ခုနှစ်မှာ “သီတာခုနှစ်တန်”၊ ၁၉၉၇ ခုနှစ်မှာ “သူ့ကျွန်မခံပြီ”၊ ၂၀၀၂ ခုနှစ်မှာ “ဆန်ရေ” နဲ့

၂၀၀၄ ခုနှစ်မှာ “လျှို့ဝှက်သောနှင်း” စတဲ့ ရုပ်ရှင်ဇာတ်ကားများဖြင့် မြန်မာ့ရုပ်ရှင် ထူးချွန်ဆု ၇ ကြိမ် ရရှိထားသူ ဖြစ်သည်။

Zawgyi









Leave a Reply

Your email address will not be published. Required fields are marked *