စစ်ကောင်စီ ဟုခေါ်ပါက အရေးယူခံရမည်ဟု နိုင်ငံခြားသတင်းထောက်များကို စစ်ကောင်စီက သတိပေး

စစ်ကောင်စီ ဟုခေါ်ဝေါ် မသုံးရန် နိုင်ငံခြားသတင်းထောက်များကို စစ်ကောင်စီက သတိပေး

မြန်မာတစ်ပြည်လုံး၏ ဆန့်ကျင်မှုနှင့် ရင်ဆိုင်နေရသည့် စစ်ကောင်စီက ၎င်းတို့ဖွဲ့စည်းထားသည့် အစိုးရအဖွဲ့ကို ကုလနှင့် ကမ္ဘာ့နိုင်ငံများက တရားဝင်အစိုးရအဖြစ် အသိအမှတ်ပြုထားပြီး ဖြစ်သည်ဟု ဆိုကာ စစ်ကောင်စီ အသုံးအနှုန်းများကို နိုင်ငံခြားသတင်းဌာနတွင်တာဝန်ထမ်းဆောင်သူများအနေဖြင့်

သတင်း၌ ထည့်သွင်းအသုံး မပြုရန် စစ်ကောင်စီက ၎င်းတို့ထိန်းချုပ်ထားသည့် သတင်းစာများမှတစ်ဆင့် ကြေငြာခဲ့သည်။စစ်ကောင်စီ၊ စစ်အစိုးရဟုဘသတင်းများ၌ ဆက်လက်သုံးစွဲနေမည်ဆိုလျှင် တည်ဆဲဥပဒေများအရ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း သတင်းစာတွင် သတိပေးထား သည်။

“နိုင်ငံခြားသတင်းဌာနအချို့က ကမ္ဘာ့ပြည်သူများကို သတင်းမှားများချပြပြီး ပြည်သူများအား သတင်းအဆိပ်သင့်အောင်၊ နိုင်ငံပျက်စီးရာ ပျက်စီးခြင်းများဖြစ်ပေါ်အောင် တိကျသေချာမှုမရှိသော သတင်းများကို ကိုးကားချဲ့ကား ရေးသားဖော်ပြမည့်အစား သတင်းမီဒီယာကျင့်ဝတ်နှင့် အညီရေးသားဖော်ပြကြရန်

အထူးလိုအပ်ပါသည်” ဟု ကြေငြာချက်တွင် ဖော်ပြထားသည်။စစ်ခေါင်းဆောင်များ ဦးဆောင်လှုပ်ရှားနေခြင်းကြောင့် စစ်အစိုးရဟု ခေါ်ခြင်းဖြစ်ပြီး အမှန်အတိုင်းပင် ဆက်လက်ရေးသားသွားမည်ဟု နိုင်ငံခြားသတင်းဌာနမှ သတင်းထောက်တစ်ဦးကပြောသည်။

“ဒါက သတင်းလွပ်လပ်ခွင့်ကို ထိန်းချုပ်တာပေါ့၊ ကျွန်တော်တို့ကတော့ သတင်းတွေကို အမှန်အတိုင်းပဲ ဆက်ပြီး‌ရေးသားနေမှာပဲ။ ဒီလိုသတိပေးတယ်ဆိုတာတွေက အခုကတည်းက မဟုတ်ပါဘူး။ စစ်တပ်က တာဝန်ယူပြီဟေ့ဆိုတာနဲ့ သူတို့ကြိုက်သလိုမရေးရင် နှိပ်ကွပ်တာက ဟိုးအရင်ကတည်းကပါပဲ” ဟု ၎င်းကဆိုသည်။

Zawgyi

စစ္ေကာင္စီ ဟုေခၚေဝၚ မသုံးရန္ ႏိုင္ငံျခားသတင္းေထာက္မ်ားကို စစ္ေကာင္စီက သတိေပး

ျမန္မာတစ္ျပည္လုံး၏ ဆန႔္က်င္မႈႏွင့္ ရင္ဆိုင္ေနရသည့္ စစ္ေကာင္စီက ၎တို႔ဖြဲ႕စည္းထားသည့္ အစိုးရအဖြဲ႕ကို ကုလႏွင့္ ကမာၻ႔ႏိုင္ငံမ်ားက တရားဝင္အစိုးရအျဖစ္ အသိအမွတ္ျပဳထားၿပီး ျဖစ္သည္ဟု ဆိုကာ စစ္ေကာင္စီ အသုံးအႏႈန္းမ်ားကို ႏိုင္ငံျခားသတင္းဌာနတြင္တာဝန္ထမ္းေဆာင္သူမ်ားအေနျဖင့္

သတင္း၌ ထည့္သြင္းအသုံး မျပဳရန္ စစ္ေကာင္စီက ၎တို႔ထိန္းခ်ဳပ္ထားသည့္ သတင္းစာမ်ားမွတစ္ဆင့္ ေၾကျငာခဲ့သည္။စစ္ေကာင္စီ၊ စစ္အစိုးရဟုဘသတင္းမ်ား၌ ဆက္လက္သုံးစြဲေနမည္ဆိုလွ်င္ တည္ဆဲဥပေဒမ်ားအရ အေရးယူေဆာင္႐ြက္သြားမည္ျဖစ္ေၾကာင္း သတင္းစာတြင္ သတိေပးထား သည္။

“ႏိုင္ငံျခားသတင္းဌာနအခ်ိဳ႕က ကမာၻ႔ျပည္သူမ်ားကို သတင္းမွားမ်ားခ်ျပၿပီး ျပည္သူမ်ားအား သတင္းအဆိပ္သင့္ေအာင္၊ ႏိုင္ငံပ်က္စီးရာ ပ်က္စီးျခင္းမ်ားျဖစ္ေပၚေအာင္ တိက်ေသခ်ာမႈမရွိေသာ သတင္းမ်ားကို ကိုးကားခ်ဲ႕ကား ေရးသားေဖာ္ျပမည့္အစား သတင္းမီဒီယာက်င့္ဝတ္ႏွင့္ အညီေရးသားေဖာ္ျပၾကရန္

အထူးလိုအပ္ပါသည္” ဟု ေၾကျငာခ်က္တြင္ ေဖာ္ျပထားသည္။စစ္ေခါင္းေဆာင္မ်ား ဦးေဆာင္လႈပ္ရွားေနျခင္းေၾကာင့္ စစ္အစိုးရဟု ေခၚျခင္းျဖစ္ၿပီး အမွန္အတိုင္းပင္ ဆက္လက္ေရးသားသြားမည္ဟု ႏိုင္ငံျခားသတင္းဌာနမွ သတင္းေထာက္တစ္ဦးကေျပာသည္။

“ဒါက သတင္းလြပ္လပ္ခြင့္ကို ထိန္းခ်ဳပ္တာေပါ့၊ ကြၽန္ေတာ္တို႔ကေတာ့ သတင္းေတြကို အမွန္အတိုင္းပဲ ဆက္ၿပီး‌ေရးသားေနမွာပဲ။ ဒီလိုသတိေပးတယ္ဆိုတာေတြက အခုကတည္းက မဟုတ္ပါဘူး။ စစ္တပ္က တာဝန္ယူၿပီေဟ့ဆိုတာနဲ႔ သူတို႔ႀကိဳက္သလိုမေရးရင္ ႏွိပ္ကြပ္တာက ဟိုးအရင္ကတည္းကပါပဲ” ဟု ၎ကဆိုသည္။

Leave a Reply

Your email address will not be published.