သားလေး ထွက်အလာကို သပြေပန်းလေးကိုင်ပြီး စောင့်ကြိုနေပေမယ့် ပြန်မလွတ်လာတာကြောင့် ညှိုးငယ်စွာပြန်သွားခဲ့ရတဲ့ အဘွားအိုတစ်ဦး
ပြည်သူလူထုအနေနဲ့လည်း ဇွန်လ(၃၀)ရက်နေ့မှာ ဖမ်းဆီးခံရသူတချို့ကို ပြန်လွှတ်ပေးခဲ့တဲ့အခြေအနေကြောင့်ဝမ်းသာပျော်ရွှင်ခဲ့ရတာဖြစ်ပါတယ်။မိမိတို့နဲ့ အသိ၊မိတ်ဆွေ၊သူငယ်ချင်းတွေများ လွတ်မယ့်အထဲပါမလားလို့ရင်ခုန်စိတ်လှုပ်ရှားစွာနဲ့စောင့်မျှော်နေခဲ့ရတာဖြစ်ပါတယ်။အင်းစိန်ထောင်ရှေ့ကို မနက်အစောကတည်းက ရောက်နေတဲ့ လူအုပ်ကြီးကတော့ ဇွဲကောင်းကောင်းနဲ့ ညနေအထိ စောင့်ဆိုင်းနေခဲ့ရပြီး (၆) နာရီ နောက်ပိုင်းမှ ဖမ်းဆီးခံရသူတချို့ကို ပြန်လွှတ်ပေးခဲ့တာဖြစ်ပါတယ်။
မိမိတို့ရဲ့မိသားစုဝင်ကို အရမ်းတွေ့ချင်ကြလို့ နေဒဏ်၊မိုးဒဏ်ကို အံတုပြီး စောင့်နေကြတဲ့အထဲမှာ သက်ကြီးရွယ်အိုအဘိုး၊အဘွားတွေလည်း ပါဝင်နေတာဖြစ်ပါတယ်။အဘွားအိုတစ်ဦးဆိုရင် သူမရဲ့သားလေးကို သပြေပန်းလေးကိုင်ပြီး မနက်ကတည်းက စောင့်နေခဲ့ရှာတာဖြစ်ပါတယ်။
အဘွားကတော့ ညနေအထိ ထိုင်လိုက်၊မတ်တပ်ရပ်လိုက်၊အထဲကိုမျှော်ကြည့်လိုက်နဲ့ပဲ အချိန်တွေကုန်ခဲ့ရှာတာဖြစ်ပါတယ်။အဘွားလက်ထဲမှာ ကိုင်ထားတဲ့သပြေပန်းလေးကလည်း ညနေရောက်တော့ ညှိုးနွမ်းသွားခဲ့ပြီဖြစ်ပါတယ်။မနက်ကတည်းကနေ ညနေအထိ မျှော်လင့်ချက်လေးနဲ့ စောင့်နေရှာတဲ့အဘွားကတော့ သူမရဲ့သားလေးကို မတွေ့လိုက်ရတာဖြစ်ပါတယ်။
မျှော်လင့်ချက်တွေ ပျောက်ပျက်သွားတဲ့ အဘွားရဲ့မျက်နှာလေးမှာ စိတ်မကောင်းမှုတွေနဲ့ပြည့်နှက်နေတာဖြစ်ပါတယ်။သားလေးမပါဘဲ အိမ်ကို တစ်ယောက်တည်းပြန်ရတဲ့ အဘွားရဲ့ခံစားချက်ကို ကိုယ်ချင်းစာမိပြီး ဝမ်းနည်းရပါတယ်။
ဒါ့ကြောင့် ထောင်ထဲမှာ ကျန်နေခဲ့ရသူတွေ အမြန်လွတ်ပြီး မိသားစုတွေနဲ့နွေးနွေးထွေးထွေးနေနိုင်ကြပါစေလို့ ဆုတောင်းပေးရင်း ပြန်လည်မျှဝေပေးလိုက်ပါတယ်။
Zawgyi
သားေလး ထြက္အလာကို သေျပပန္းေလးကိုင္ၿပီး ေစာင့္ႀကိဳေနေပမယ့္ ျပန္မလြတ္လာတာေၾကာင့္ ညႇိဳးငယ္စြာျပန္သြားခဲ့ရတဲ့ အဘြားအိုတစ္ဦး
ျပည္သူလူထုအေနနဲ႔လည္း ဇြန္လ(၃၀)ရက္ေန႔မွာ ဖမ္းဆီးခံရသူတခ်ိဳ႕ကို ျပန္လႊတ္ေပးခဲ့တဲ့အေျခအေနေၾကာင့္ဝမ္းသာေပ်ာ္႐ႊင္ခဲ့ရတာျဖစ္ပါတယ္။မိမိတို႔နဲ႔ အသိ၊မိတ္ေဆြ၊သူငယ္ခ်င္းေတြမ်ား လြတ္မယ့္အထဲပါမလားလို႔ရင္ခုန္စိတ္လႈပ္ရွားစြာနဲ႔ေစာင့္ေမွ်ာ္ေနခဲ့ရတာျဖစ္ပါတယ္။
အင္းစိန္ေထာင္ေရွ႕ကို မနက္အေစာကတည္းက ေရာက္ေနတဲ့ လူအုပ္ႀကီးကေတာ့ ဇြဲေကာင္းေကာင္းနဲ႔ ညေနအထိ ေစာင့္ဆိုင္းေနခဲ့ရၿပီး (၆) နာရီ ေနာက္ပိုင္းမွ ဖမ္းဆီးခံရသူတခ်ိဳ႕ကို ျပန္လႊတ္ေပးခဲ့တာျဖစ္ပါတယ္။
မိမိတို႔ရဲ႕မိသားစုဝင္ကို အရမ္းေတြ႕ခ်င္ၾကလို႔ ေနဒဏ္၊မိုးဒဏ္ကို အံတုၿပီး ေစာင့္ေနၾကတဲ့အထဲမွာ သက္ႀကီး႐ြယ္အိုအဘိုး၊အဘြားေတြလည္း ပါဝင္ေနတာျဖစ္ပါတယ္။အဘြားအိုတစ္ဦးဆိုရင္ သူမရဲ႕သားေလးကို သေျပပန္းေလးကိုင္ၿပီး မနက္ကတည္းက ေစာင့္ေနခဲ့ရွာတာျဖစ္ပါတယ္။
အဘြားကေတာ့ ညေနအထိ ထိုင္လိုက္၊မတ္တပ္ရပ္လိုက္၊အထဲကိုေမွ်ာ္ၾကည့္လိုက္နဲ႔ပဲ အခ်ိန္ေတြကုန္ခဲ့ရွာတာျဖစ္ပါတယ္။အဘြားလက္ထဲမွာ ကိုင္ထားတဲ့သေျပပန္းေလးကလည္း ညေနေရာက္ေတာ့ ညႇိဳးႏြမ္းသြားခဲ့ၿပီျဖစ္ပါတယ္။မနက္ကတည္းကေန ညေနအထိ ေမွ်ာ္လင့္ခ်က္ေလးနဲ႔ ေစာင့္ေနရွာတဲ့အဘြားကေတာ့ သူမရဲ႕သားေလးကို မေတြ႕လိုက္ရတာျဖစ္ပါတယ္။
ေမွ်ာ္လင့္ခ်က္ေတြ ေပ်ာက္ပ်က္သြားတဲ့ အဘြားရဲ႕မ်က္ႏွာေလးမွာ စိတ္မေကာင္းမႈေတြနဲ႔ျပည့္ႏွက္ေနတာျဖစ္ပါတယ္။သားေလးမပါဘဲ အိမ္ကို တစ္ေယာက္တည္းျပန္ရတဲ့ အဘြားရဲ႕ခံစားခ်က္ကို ကိုယ္ခ်င္းစာမိၿပီး ဝမ္းနည္းရပါတယ္။
ဒါ့ေၾကာင့္ ေထာင္ထဲမွာ က်န္ေနခဲ့ရသူေတြ အျမန္လြတ္ၿပီး မိသားစုေတြနဲ႔ေႏြးေႏြးေထြးေထြးေနႏိုင္ၾကပါေစလို႔ ဆုေတာင္းေပးရင္း ျပန္လည္မွ်ေဝေပးလိုက္ပါတယ္။