မွန်ပြည်နယ်မှာ CDMမှာပါဝင်တဲ့ ရဲတပ်ဖွဲ့ဝင် ခြောက်ဦးအထိရှိလာ
မွန်ပြည်နယ်မှာ CDMမှာပါဝင်တဲ့ ရဲတပ်ဖွဲ့ဝင် ခြောက်ဦးအထိရှိလာ
မွန်ပြည်နယ်တွင် စ.စ်အ.ာဏ.ာရှင်အုပ်ချုပ်မှုအောက် တာဝန်မထမ်းဆောင်လိုတာကြောင့် CDMလုပ်တဲ့ ရဲတပ်ဖွဲ့ဝင် ခြောက်ဦးအထိရှိလာ
ပ.စ်ခ.တ်သ..တ်ဖြ..တ်မှုတွေကို မလုပ်နိုင်လို့ CDMလုပ်သွားတဲ့ ရဲတပ်ဖွဲ့ဝင်တွေဟာ မတ် ၁၂နေ့အထိ မွန်ပြည်နယ်မှာ ခြောက်ဦးအထိရှိခဲ့ပါတယ်။ မတ် ၈ရက်နေ့မှာတော့ ကျိုက်ထိုမြို့နယ် ရဲတပ်ဖွဲမှူရုံးက ရဲအုပ် မျိုးဇော်နဲ့ မွန်ပြည်နယ်ရဲတပ်ဖွဲမှူးရုံး ဆက်သွယ်ရေးဌာနစိတ်မှ
ရဲတပ်သား အောင်သူပိုင်းတို့က စစ်အာရှင်အုပ်ချုပ်မှုအောက်မှာ တာဝန်မထမ်းဆောင်လိုတာကြောင့် CDMလုပ်ခဲ့ပါတယ်။ CDMလုပ်ခဲ့တဲ့ ရဲအုပ် မျိုးဇော်က CDMလုပ်ဆောင်မှု နောက်ကျခဲ့တဲ့အပေါ် ပြည်သူလူထုအား တောင်းပန်ကြောင်း သူရဲ့လူမှုကွန်ရက်စာမျက်နှာမှာ
ဖော်ပြထားပါတယ်။ မတ် ၇ရက်နေ့မှာလည်း မွန်ပြည်နယ် ရဲတပ်ဖွဲမှူးရုံး ဆက်သွယ်ရေးဌာနစိတ်မှ ရဲဒုတပ်ကြပ် ဇော်သိန်းထိုက်က CDMလုပ်ခဲ့ပါတယ်။ ဖေဖော်ဝါရီ ၂၂ရက်နေ့ နှစ်ငါးလုံးအရေးတော်ပုံနေ့မှာ မော်လမြိုင် မုပွန်ရဲစခန်းမှ ရဲတပ်သားကျော်သူစိုး၊ မတ်လ ၂ရက်နေ့မှာ
မော်လမြိုင်မြို့နယ် ရဲတပ်ဖွဲ့မှူးရုံးမှ ရဲတပ်သားပြည့်ဖြိုးခိုင်၊ မတ်လ ၃ ရက်နေ့မှာ ကျိုက်ထိုမြို့မရဲစခန်းမှ ရဲတပ်သားတင်လွင်ထူးတို့က CDMလုပ်ပြီး ပြည်သူဘက်မှာ ရပ်တည်သွားပါတယ်။ CDMလုပ်သွားတဲ့ ရဲဝန်ထမ်းတချို့ဟာ ယခုအခါ ပုန်းရှောင်နေကြရပြီးအချို့က အခ.က်အခ.ဲတွေ ရှိနေတယ်လို့ သတင်းရရှိထားပါတယ်။ မွန်ပြည်နယ်မှာ ရဲတပ်ဖွဲ့ဝင်အနည်းငယ်သာ CDMလုပ်ကြတာကြောင့် ပြည်သူနဲ့အတူ ရပ်တည်ကြတဲ့ ရဲဝန်ထမ်းတွေ လိုအပ်တယ်လို့ ဒေသခံတချို့က ပြောပါတယ်။
Zawgyi
Leave a Reply
Your email address will not be published. Required fields are marked *