အရမ်းဆိုးဝါးနေတဲ့ ကလေးမြို့အခြေအနေ

အရမ်းဆိုးဝါးနေတဲ့ ကလေးမြို့အခြေအနေ

ကလေးမြို့တွင် တစ်မြို့လုံးနီးပါး အဖျားရောဂါဖြစ်ပွားနေပြီး အောက်စီဂျင်ပြတ်လပ်မှုများနှင့် ပါကြုံနေရ”

ကိုဗစ်ရောဂါဖြစ်ပွားမှုနှုန်း မြင့်တက်နေသည့် စစ်ကိုင်းတိုင်း အ နောက်မြောက်ဘက်ကလေးမြို့တွင် တစ်မြို့လုံးနီးပါးအဖျားရောဂါဖြစ်ပွားနေပြီး ကိုဗစ်ရောဂါကုသရေးတွင် အဓိကလိုအပ်ချက်တစ်ခုဖြစ်သည့် အောက်စီဂျင်ပြတ်လပ်မှု အခက် အခဲများကိုပါရင်ဆိုင်ကြုံတွေ့နေရကြောင်း ဒေသခံများထံမှ ဇွန်လ ၂၈ ရက်နေ့က သိရသည်။လက်ရှိတွင် ကလေးမြို့တွင် ကိုဗစ်ရောဂါဖြစ်ပွားမှုများရှိနေသော်လည်း ဆေးရုံဆေးခန်းနှင့် ကုသရေးစင်တာများသို့ သွားရောက်ကုသခြင်းမရှိဘဲ နေ အိမ်၌သာ ကုသခြင်းမျိုးဆောင်ရွက်နေသည့်အပြင်ကိုဗစ်ရောဂါဖြစ်ပွားမှု နှင့် ပတ်သက်၍ ကူညီထောက်ပံ့မှုများ မရရှိသည့်အတွက်အခက်အခဲများဖြစ်ပေါ်နေခြင်းဖြစ်ကြောင်း ဒေသခံများက ဆိုသည်။

“လူမှုရေးအသင်းတွေကရော ကြိုးစားပြီးတော့ ဖြည့်နေတာကို လောက်ငမှုမရှိတာ။တချို့ဆိုင်တွေဆိုရင် ပိတ်ကုန်ကျပြီး တချို့ဆိုင်တွေကတော့ သူတို့ကိုယ်တိုင်စဖျားလို့ဆိုပြီးတော့ ပိတ်တာရှိတယ်။ အများစုကတော့ ကြိုးစားပြီးတော့ ဖွင့်ကျတယ်။ သူတို့ကိုယ်တိုင်ဖျားမှပဲပိတ်တာ များပါတယ်” ဟု ကလေးမြို့ ဒေသခံတစ်ဦးကပြော သည်။လက်ရှိတွင် ကျန်းမာရေး နှင့် အားကစားဝန်ကြီး ဌာနအနေဖြင့် နေ့စဉ် ရောဂါကူးစက်သူအရေအတွက်ကို

ထုတ်ပြန်ပေးမှုရှိနေသော်လည်း ကလေးမြို့တွင် ရောဂါ စစ် ဆေးမှုမရှိဘဲဖျားနာနေသည့်လူနာ ၁၀၀၀ ကျော်ခန့်ရှိပြီး ယင်းအနက် တချို့သော လူများသည်အသက်သေဆုံးသည်အထိ ဖျားနာမှုရှိခဲ့ကြောင်း ဒေသခံတချို့က ဆိုသည်။“Special Condition အရေးပေါ် အထူးအစီအစဉ် လို အပ်နေပြီ အထူးထောက်ပံ့မှုလိုနေပြီလို့ ပြောချင်တယ်” ဟု ကလေးမြို့ ဒေသခံတစ်ဦးက ပြောသည်။ကလေးမြို့တွင် ကိုဗစ်ရောဂါဖြစ်နေသော်လည်း သေဆုံးသူမျ ားကို ဓာတ်ခွဲစစ်ဆေးခြင်းမရှိသည့်အတွက်တချို့သော ခရစ်ယာန် ဘာသာ ဓမ္မဘုန်းကြီးများပါရောဂါကူးစက်ခံရပြီး အသက်သေဆုံးမှုများပါရှိခဲ့ကြောင်း

ဖြိုးဝေအောင်

Zawgyi

အရမ္းဆိုးဝါးေနတဲ့ ကေလးၿမိဳ႕အေျခအေန

ကေလးၿမိဳ႕တြင္ တစ္ၿမိဳ႕လုံးနီးပါး အဖ်ားေရာဂါျဖစ္ပြားေနၿပီး ေအာက္စီဂ်င္ျပတ္လပ္မႈမ်ားႏွင့္ ပါႀကဳံေနရ”

ကိုဗစ္ေရာဂါျဖစ္ပြားမႈႏႈန္း ျမင့္တက္ေနသည့္ စစ္ကိုင္းတိုင္း အ ေနာက္ေျမာက္ဘက္ကေလးၿမိဳ႕တြင္ တစ္ၿမိဳ႕လုံးနီးပါးအဖ်ားေရာဂါျဖစ္ပြားေနၿပီး ကိုဗစ္ေရာဂါကုသေရးတြင္ အဓိကလိုအပ္ခ်က္တစ္ခုျဖစ္သည့္ ေအာက္စီဂ်င္ျပတ္လပ္မႈ အခက္ အခဲမ်ားကိုပါရင္ဆိုင္ႀကဳံေတြ႕ေနရေၾကာင္း ေဒသခံမ်ားထံမွ ဇြန္လ ၂၈ ရက္ေန႔က သိရသည္။လက္ရွိတြင္ ကေလးၿမိဳ႕တြင္ ကိုဗစ္ေရာဂါျဖစ္ပြားမႈမ်ားရွိေနေသာ္လည္း ေဆး႐ုံေဆးခန္းႏွင့္ ကုသေရးစင္တာမ်ားသို႔ သြားေရာက္ကုသျခင္းမရွိဘဲ ေန အိမ္၌သာ ကုသျခင္းမ်ိဳးေဆာင္႐ြက္ေနသည့္အျပင္ကိုဗစ္ေရာဂါျဖစ္ပြားမႈ ႏွင့္ ပတ္သက္၍ ကူညီေထာက္ပံ့မႈမ်ား မရရွိသည့္အတြက္အခက္အခဲမ်ားျဖစ္ေပၚေနျခင္းျဖစ္ေၾကာင္း ေဒသခံမ်ားက ဆိုသည္။

“လူမႈေရးအသင္းေတြကေရာ ႀကိဳးစားၿပီးေတာ့ ျဖည့္ေနတာကို ေလာက္ငမႈမရွိတာ။တခ်ိဳ႕ဆိုင္ေတြဆိုရင္ ပိတ္ကုန္က်ၿပီး တခ်ိဳ႕ဆိုင္ေတြကေတာ့ သူတို႔ကိုယ္တိုင္စဖ်ားလို႔ဆိုၿပီးေတာ့ ပိတ္တာရွိတယ္။ အမ်ားစုကေတာ့ ႀကိဳးစားၿပီးေတာ့ ဖြင့္က်တယ္။ သူတို႔ကိုယ္တိုင္ဖ်ားမွပဲပိတ္တာ မ်ားပါတယ္” ဟု ကေလးၿမိဳ႕ ေဒသခံတစ္ဦးကေျပာ သည္။လက္ရွိတြင္ က်န္းမာေရး ႏွင့္ အားကစားဝန္ႀကီး ဌာနအေနျဖင့္ ေန႔စဥ္ ေရာဂါကူးစက္သူအေရအတြက္ကို

ထုတ္ျပန္ေပးမႈရွိေနေသာ္လည္း ကေလးၿမိဳ႕တြင္ ေရာဂါ စစ္ ေဆးမႈမရွိဘဲဖ်ားနာေနသည့္လူနာ ၁၀၀၀ ေက်ာ္ခန႔္ရွိၿပီး ယင္းအနက္ တခ်ိဳ႕ေသာ လူမ်ားသည္အသက္ေသဆုံးသည္အထိ ဖ်ားနာမႈရွိခဲ့ေၾကာင္း ေဒသခံတခ်ိဳ႕က ဆိုသည္။“Special Condition အေရးေပၚ အထူးအစီအစဥ္ လို အပ္ေနၿပီ အထူးေထာက္ပံ့မႈလိုေနၿပီလို႔ ေျပာခ်င္တယ္” ဟု ကေလးၿမိဳ႕ ေဒသခံတစ္ဦးက ေျပာသည္။ကေလးၿမိဳ႕တြင္ ကိုဗစ္ေရာဂါျဖစ္ေနေသာ္လည္း ေသဆုံးသူမ် ားကို ဓာတ္ခြဲစစ္ေဆးျခင္းမရွိသည့္အတြက္တခ်ိဳ႕ေသာ ခရစ္ယာန္ ဘာသာ ဓမၼဘုန္းႀကီးမ်ားပါေရာဂါကူးစက္ခံရၿပီး အသက္ေသဆုံးမႈမ်ားပါရွိခဲ့ေၾကာင္း

ၿဖိဳးေဝေအာင္

Leave a Reply

Your email address will not be published. Required fields are marked *