မိုးထဲလေထဲ တောထဲမှာစစ်ရှောင်ရင်း စားစရာဆန်တောင်မရှိလို့ ဆင်းရဲဒုက္ခမျိုးစုံကိုရင်ဆိုင်ခံစားနေကြရတဲ့ စစ်ဘေးရှောင်ကလေးငယ်များ
တစ်စထက်တစ်စ ဆိုးရွားလာတဲ့ လက်ရှိအခြေနေတွေကြောင့် တောင်တန်းဒေသတွေမှာ တိုက်ပွဲတွေပြင်းထန်နေသလို ရန်ကုန်အပါအင်အခြားမြို့နယ်တွေမှာလည်း အကြမ်းဖက်မှုတွေတိုးပွားလာတာ တွေ့ရပါတယ်..။
အခုလိုမိုးတွင်းအချိန်မှာ တိုက်ပွဲတွေကြောင့် စစ်ရှောင်နေကြရတဲ့ တိုင်းရင်းသားပြည်သူတွေမှာ
စားဝတ်နေရေးအပြင် ကျန်းမာရေးနဲ့ အခြားအခက်အခဲတွေ များစွာ ရင်ဆိုင်ကြုံတွေ့နေကြရတာ ဖြစ်ပါတယ်..။
တောထဲတောင်ထဲ မိုးမလုံလေမလုံနဲ့ စစ်ဘေးရှောင်ရင်း သေဆုံးကြရတဲ့ ကလေးငယ်တွေနဲ့ သက်ကြီးရွယ်အိုတွေလည်း အများအပြားရှိနေကြပြီး
ကယားစစ်ရှောင်ပြည်သူတွေမှာလည်း စားစရာဆန်တောင်မရှိဘဲ အခက်အခဲတွေနဲ့ ကြုံတွေ့ရင်ဆိုင်နေကြတယ်လို့ သိရပါတယ်..။
ဆန်တစ်အိတ် ငါးသောင်း ဝယ်မစားနိုင်ကြတဲ့အတွက် ရှိတာလေးနဲ့ဝေမျှစားရင်း အသက်ဆက်နေကြရတဲ့ စစ်ဘေးရှောင်ပြည်သူတွေ
ထမငးတောင်နပ်မှန်အောင် စားရဖို့ ရွှေပါရမီ ပညာဒါန ထိုင်းနိုင်ငံမှ ဘုန်းဘုန်းက ဆန်ပေးပို့လှူဒါန်းမယ့်အကြောင်း ပြောပြလာပါတယ်..။
😢 ကယား😢
စစ်ဘေးရှောင်တွေ ဆန် (၁) အိတ် – ၅ သောင်း 😢
မဝယ်စားနိုင်ကြဘူးတဲ့😢
လူတွေလဲ အများကြီးဆိုပဲ 😢
Ok 👌 လေ
အဆင်ပြေအောင် ကူညီပေး ပံ့ပိုးပေးမယ်😢😢😢
ထမင်း နှပ်မှန် စားနိုင်အောင် ဆန်ပို့ပေးမယ်😢
ပို့မရရင် နီးစပ်ရာ ဝယ်ပြီးပေးမယ်😢
ဟင်းကတော့ တောထဲ တောင်ထဲ မျှစ်ချိုးစားကြပေါ့😢😢😢
Ashin Thihanyana
လူမမယ်ကလေးငယ်တွေနဲ့ သက်ကြီးရွယ်အိုတွေ စစ်ရှောင်ရင်း စားဝတ်ရေးအတွက် ဆင်းရဲဒုက္ခမျိုးစုံရောက်နေကြရတာမို့ ပြည်သူတွေအနေနဲ့တတ်နိုင်သလောက်ပါဝင်ကူညီကြဖို့ တိုက်တွန်းလိုက်ပါတယ်နော်..။
Zawgyi
😢 ကယား😢
Ok 👌 လေ
Ashin Thihanyana