ကိုဗစ်ကို ဒီလိုနည်းနဲ့ ကာကွယ်နိုင်တယ်လို့ ပါမောက္ခဒေါက်တာ ရဲမြင့်ကျော်ပြောပြီ
ကိုဗစ်ကို ဒီလိုနည်းနဲ့ ကာကွယ်နိုင်တယ်လို့ ပါမောက္ခဒေါက်တာ ရဲမြင့်ကျော်ပြောပြီ
ကိုရိုနာဗိုင်းရပ်စ်က အဆုတ်နဲ့ လေပြွန်လမ်းကြောင်းတွေကို ထူထဲတဲ့ ချွဲသလိပ်တွေနဲ့ ပိတ်ဆို့ပြီး အစိုင်အခဲဖြစ်စေခြင်းအားဖြင့် အသက်ရှူလမ်းကြောင်းကို ပိတ်ဆို့စေတယ်။
ဒါကို ကုသဖို့ဆိုရင် ဒီပိတ်ဆို့နေတဲ့ အသက်ရှူလမ်းကြောင်းတွေကို အရင်ရှင်းလင်းရမယ်ဆိုတာ တရုတ်တွေ နားလည်သွားကြပြီ ဒါပေမယ့် ဒီလိုရှင်းလင်းဖို့က ရက်ပေါင်းများစွာ ကြာနိုင်ပါတယ်
ကိုယ့်ကိုယ်ကို ကာကွယ်ဖို့ အောက်ပါနည်းလမ်းတွေအတိုင်း ဆောင်ရွက်နိုင်ပါတယ်
၁။ ပူသောအရည်များ ကော်ဖီ၊ စွပ်ပြုတ်၊ ရေနွေး များများသောက်ပါ။ မိနစ် ၂၀ တိုင်း ရေနွေးအနည်းငယ် သောက်သုံးခြင်းက ပါးစပ်ထဲဝင်လာတဲ့ ဗိုင်းရပ်စ်ကို အစာအိမ်ထဲပို့ကာ အက်ဆစ်များဖြင့် အစောခြေခြင်း ဖြင့် အဆုတ်ထဲ မဝင်အောင် တားဆီးပေးပါလိမ့်မည်
၂။ ဖြစ်နိုင်လျှင် ရှာလကာရည် သို့ ဆား သို့ သံပုရာသီးတို့နှင့် ရောနှောသော ရေနွေးကို နေ့တိုင်း သောက်သုံးပေးပါရန်
၃။ ဗိုင်းရပ်စ်က ဆံပင်နဲ့ အဝတ်အစားကိုပါ တွယ်ငြိနိုင်လို့ အပြင်က ပြန်လာရင် ရေချိုးပေးပါ။ ဘယ်နေ ရာမှာမှ မထိုင်ပဲ ရေတန်းချိုးပေးပါ။ အဝတ်အစားများကို နေ့စဉ်မလျှော်ဖွတ်နိုင်ပါက နေပူပူတွင်လှန်းခြင်း ကလည်း ဗိုင်းရပ်စ်ကို သေစေပါသည်။
၄။ သတ္တုမျက်နှာပြင်ရှိတဲ့ နေရာတိုင်း (ဥပမာ တံခါးလက်ကိုင်) ကို သတိကြီးစွာထား၍ ဆေးကြောပေးပါ။ နေရာတိုင်းမှာရှိတတ်တဲ့ လက်ရန်းတွေ၊ ကိုင်စရာတွေကို အထူးသတိထားပြီး ကိုင်တွယ်ပါရန်။
၅။ ဆေးလိပ်မသောက်ပါနှင့်
၆။ လက်ကို မိနစ်၂၀ တိုင်း တစ်ကြိမ်ဆေးကြောပေးပါ။ အမြှုပ်ထသော ဆပ်ပြာဖြင့် စက္ကန့်၂၀ ကြာအောင် ဆေးကြောပါ။
၇။ သစ်သီးနဲ့ သစ်ရွက်များစားပါ။ ဗိုက်တာမင် စီသာမက Zinc သတ္ထုဓာတ်ကိုပါ များများသောက်သုံး၊ စားသုံးပေးပါ။
၈။ တိရစ္ဆာန်တွေက လူကို ဗိုင်းရပ်စ်မကူးစက်စေပါ
၉။ အအေးမမိအောင်နေပါ။ အအေးမိခြင်းက ကိုယ်ခံအားကျဆင်းစေပါသောကြောင့် အေး‌သောအစား အစာ၊ အအေးဖျော်ရည်များ စားသောက်ခြင်းမှ ရှောင်ကြဉ်ပါ။
၁၀။ လည်ချောင်း သို့ လည်ချောင်းနာကဲ့သို့သော လည်ချောင်းနှင့်ပက်သက်သော လက္ခဏာ တစ်ခုခုတွေ့ရပါက ချက်ချင်း ကုသပါ။ ဗိုင်းရပ်သည် အဆုတ်ထဲသို့ မဝင်ရောက်ခင် ဤလည်ချောင်းနေရာတွင် ၃,၄ ရက်ခန့် ရှင်သန်နေထိုင်နိုင်ပါသည်။
Zawgyi
Leave a Reply
Your email address will not be published. Required fields are marked *