စစ်အာဏာသိမ်းမှုကြောင့် မြန်မာနိုင်ငံမှ တယ်လီနော ဆက်သွယ်ရေး ကုမ္ပဏီ ထွက်ခွာတော့မည်

စစ်အာဏာသိမ်းမှုကြောင့် မြန်မာနိုင်ငံမှ တယ်လီနော ဆက်သွယ်ရေး ကုမ္ပဏီ ထွက်ခွာတော့မည်

မြန်မာနိုင်ငံတွင် ယခင်သမ္မတဟောင်း ဦးသိန်းစိန်အစိုးရလက်ထက်က ရင်းနှီးမြုပ်နှံခဲ့သော တယ်လီနော ဆက်သွယ်ရေး ကုမ္ပဏီက စစ်အာဏာသိမ်းမှု ဖြစ်ပေါ်ပြီးနောက် သူ၏ လုပ်ငန်းများကို ရောင်းချမည်ဖြစ်ကြောင်း TMT Business မီဒီယာက သတင်းဖော်ပြသည်။

တယ်လီနော ကုမ္ပဏီဘက်က အဆိုပါ သတင်းနှင့်ပတ်သက်ပြီး မှတ်ချက်မပေးသော်လည်း ငြင်းပယ်ခြင်းမရှိပေ။

လက်ရှိတွင် တယ်လီနောက ရောင်းချမည့် လုပ်ငန်းများကို ဝယ်ယူရန် အော်ရီဒူးက စိတ်ဝင်စားသော်လည်း အသေးစိတ်ကိုမူ အော်ရီဒူးဘက်က ထုတ်ဖော်ပြောဆိုခြင်းမရှိပေ။

စစ်အာဏာသိမ်းပြီးနောက် တယ်လီနော၏ လုပ်ငန်းများ ကျဆင်းလာပြီး စစ်ကောင်စီ၏ ကန့်သတ်မှုများကြောင် တယ်လီနောအနေဖြင့် လုပ်ငန်းများ ရောင်းချထွက်ခွာရန် ပြင်ဆင်လာခြင်းဖြစ်သည်။

တယ်လီနောကို ဝယ်ယူရန် တရုတ်ကုမ္ပဏီများက ကမ်းလှမ်းမှုရှိသည်ဟုလည်း မီဒီယာ သတင်းများတွင် ဖော်ပြထားသည်။

Zawgyi

စစ္အာဏာသိမ္းမွုေၾကာင့္ ျမန္မာနိုင္ငံမွ တယ္လီေနာ ဆက္သြယ္ေရး ကုမၸဏီ ထြက္ခြာေတာ့မည္

ျမန္မာနိုင္ငံတြင္ ယခင္သမၼတေဟာင္း ဦးသိန္းစိန္အစိုးရလက္ထက္က ရင္းႏွီးျမဳပ္ႏွံခဲ့ေသာ တယ္လီေနာ ဆက္သြယ္ေရး ကုမၸဏီက စစ္အာဏာသိမ္းမွု ျဖစ္ေပၚၿပီးေနာက္ သူ၏ လုပ္ငန္းမ်ားကို ေရာင္းခ်မည္ျဖစ္ေၾကာင္း TMT Business မီဒီယာက သတင္းေဖာ္ျပသည္။

တယ္လီေနာ ကုမၸဏီဘက္က အဆိုပါ သတင္းႏွင့္ပတ္သက္ၿပီး မွတ္ခ်က္မေပးေသာ္လည္း ျငင္းပယ္ျခင္းမရွိေပ။

လက္ရွိတြင္ တယ္လီေနာက ေရာင္းခ်မည့္ လုပ္ငန္းမ်ားကို ဝယ္ယူရန္ ေအာ္ရီဒူးက စိတ္ဝင္စားေသာ္လည္း အေသးစိတ္ကိုမူ ေအာ္ရီဒူးဘက္က ထုတ္ေဖာ္ေျပာဆိုျခင္းမရွိေပ။

စစ္အာဏာသိမ္းၿပီးေနာက္ တယ္လီေနာ၏ လုပ္ငန္းမ်ား က်ဆင္းလာၿပီး စစ္ေကာင္စီ၏ ကန႔္သတ္မွုမ်ားေၾကာင္ တယ္လီေနာအေနျဖင့္ လုပ္ငန္းမ်ား ေရာင္းခ်ထြက္ခြာရန္ ျပင္ဆင္လာျခင္းျဖစ္သည္။

တယ္လီေနာကို ဝယ္ယူရန္ တ႐ုတ္ကုမၸဏီမ်ားက ကမ္းလွမ္းမွုရွိသည္ဟုလည္း မီဒီယာ သတင္းမ်ားတြင္ ေဖာ္ျပထားသည္။

Leave a Reply

Your email address will not be published. Required fields are marked *