ကုလလူ့အခွင့်အရေး ကောင်စီညီလာခံတွင် မြန်မာ့အရေး မဆွေးနွေးရန် ကြိုးပမ်းမှု ကျရှုံး

စစ်ကောင်စီကို တက်ခွင့်မပြုသည့် ကုလလူ့အခွင့်အရေး ကောင်စီညီလာခံတွင် မြန်မာ့အရေး မဆွေးနွေးရန် ကြိုးပမ်းမှု ကျရှုံး

ရန်ကုန်၊ ဇူလိုင် ၂ ကုလသမဂ္ဂလူ့အခွင့်အရေးကောင်စီ၏ ၄၇ ကြိမ်မြောက် ညီလာခံတွင် မြန်မာစစ်ကောင်စီကို တက်ခွင့်မပြုကြောင်း ကုလသမဂ္ဂက ထုတ်ပြန်ကြေညာပြီးနောက် ညီလာခံတွင် မြန်မာ့အရေး ဆွေးနွေးခြင်းမပြုရန် စစ်ကောင်စီလိုလားသော နိုင်ငံတချို့က ကြိုးပမ်းခဲ့သော်လည်း မဲခွဲဆုံးဖြတ်ရာတွင် ယင်းကြိုးပမ်းမှုမှာ ရှုံးနိမ့်သွားပြီး NUGအမျိုးသားညီညွတ်ရေးအစိုးရ ပြည်ထောင်စုဝန်ကြီး ဦးအောင်မျိုးမင်းက လူမှုကွန်ရက်မှတစ်ဆင့် သတင်းထုတ်ပြန်သည်။

မြန်မာစစ်ကောင်စီ၏ ကိုယ်စားလှယ်ကို အသိအမှတ်မပြုခြင်း၊ ညီလာခံတက်ခွင့်မပြုဟု ကုလသမဂ္ဂလူ့အခွင့်အရေးကောင်စီက သတ်မှတ်ထားကြောင်း၊ ယင်းအခြေအနေတွင် စစ်ကောင်စီလိုလားသော နိုင်ငံအချို့က ညီလာခံတွင် မြန်မာ့အရေး မဆွေးနွေးရန် ကြိုးစားသော်လည်း မဲခွဲဆုံးဖြတ်ရာတွင် ကျရှုံးသွားသဖြင့် ညီလာခံတွင် မြန်မာ့အရေး ကို ဆက်လက် ဆွေးနွေးကြမည်ဖြစ်ကြောင်း သိရှိရသည်။

“လူ့အခွင့်အရေးကောင်စီက နောက်ထပ် သံတမန်နည်းအရအောင်ပွဲတစ်ခုအကြောင်း ပြောပါရစေ။ အခုကျင်း ပနေတဲ့ (၄၇) ကြိမ်မြောက်လူ့အခွင့်အရေးကောင်စီမှာ မြန်မာနိုင်ငံကိုယ်စားပြုကိုယ်စားလှယ်ဘယ်သူမှ တက်ရောက်ခွင့်မပြုဘဲ ကိုယ်စားပြုတက်ရောက်ခွင့်ကို စက်တင်ဘာလမှာ ကျင်းပမယ့် အထွေထွေညီလာခံက ဆုံးဖြတ်ပေးဖို့ လွှဲပြောင်းပေးခဲ့ပါတယ်။ အခုလို မြန်မာနိုင်ငံကိုယ်စားလှယ်တက်ရောက်ခွင့် ဆိုင်းငံ့ထားတာကို အကြောင်းပြပြီး လူ့အခွင့်အရေးကောင်စီဝင်နိုင်ငံတချို့က အာဂျင်တာမှာပါတဲ့အစီအစဉ်နှစ်ခုကို ဖျက်သိမ်းနိုင်ဖို့ ကြိုးစားခဲ့ပါတယ်။

အဲ့ဒီအစီအစဉ် (interactive Dialogue) တွေကတော့ မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေးစုံစမ်းစစ်ဆေးရေးအရာရှိ Mr. Tom Andrew ရဲ့အစီရင်ခံစာအပေါ် တင်ပြဆွေးနွေးတဲ့ အစီအစဉ်နဲ့ မြန်မာနိုင်ငံနဲ့ပတ်သက်ပြီး လူ့အခွင့်အရေးမဟာမင်းကြီး Ms. Micelle Bachelet ရဲ့ တင်ပြချက်နဲ့ပတ်သက်ပြီး ဆွေးနွေးတဲ့အစီအစဉ်ပါ။ ဒီကိစ္စနဲ့ပတ်သက်ပြီး ကောင်စီဝင်နိုင်ငံတွေကြားမှာ ဒီနေ့ မဲခွဲဆုံးဖြတ်ခဲ့ပါတယ်။ အဖွဲ့ဝင် (၄၇) နိုင်ငံကြားမှာ ဒီအစီအစဉ်တွေ ဆက်လက်ကျင်းပသင့်တယ်လို့ ထောက်ခံခဲ့တဲ့နိုင်ငံက (၂၆) နိုင်ငံ၊ ကန့်ကွက် (၇) နိုင်ငံနဲ့ ကြားနေ (၁၄) နိုင်ငံရှိပါတယ်။

မြန်မာနိုင်ငံလူ့အခွင့်အရေးတင်ပြဆွေးနွေးမဲ့ ဒီအစီအစဉ်နှစ်ခုကို ပျက်အောင်ကြိုးစားမှုရှိခဲ့ပေမဲ့ မြန်မာနိုင်ငံလူ့အခွင့်အရေးကို ဆွေးနွေးလိုတဲ့ နိုင်ငံတွေရဲ့ထောက်ခံမှုကြောင့် ဆက်လက်တင်ပြဆွေးနွေးမှုတွေ လုပ်ဆောင်သွားနိုင်မှာဖြစ်ပါတယ်” ဟု ပြည်ထောင်စုဝန်ကြီးဦးအောင်မျိုးမင်းက သတင်းထုတ်ပြန်ထားသည်။ ကုလသမဂ္ဂလူ့အခွင့်အရေး ကောင်စီတွင် မြန်မာ့အရေး ဆွေးနွေးခြင်း မပြုရန် ကန့်ကွက်ခဲ့သည့်နိုင်ငံများတွင် တရုတ်၊ ရုရှား၊ ကျူးဘား၊ ဘဟားမား၊ အဲရစ်တီးရား၊ ဖီဂျီ၊ ဗင်နီဇွဲလားနိုင်ငံတို့ပါဝင်ပြီး မြန်မာ့အရေး ဆွေးနွေးရန် ထောက်ခံသည့် နိုင်ငံ ၂၆ နိုင်ငံတွင် အာဆီယံနိုင်ငံများမှ အင်ဒိုနီးရှားနှင့် ဖိလိပိုင်နိုင်ငံ ပါဝင်နေသည်ဟု သိရှိရသည်။

Zawgyi

စစ္ေကာင္စီကို တက္ခြင့္မျပဳသည့္ ကုလလူ႔အခြင့္အေရး ေကာင္စီညီလာခံတြင္ ျမန္မာ့အေရး မေဆြးေႏြးရန္ ႀကိဳးပမ္းမႈ က်ရႈံး

ရန္ကုန္၊ ဇူလိုင္ ၂ ကုလသမဂၢလူ႔အခြင့္အေရးေကာင္စီ၏ ၄၇ ႀကိမ္ေျမာက္ ညီလာခံတြင္ ျမန္မာစစ္ေကာင္စီကို တက္ခြင့္မျပဳေၾကာင္း ကုလသမဂၢက ထုတ္ျပန္ေၾကညာၿပီးေနာက္ ညီလာခံတြင္ ျမန္မာ့အေရး ေဆြးေႏြးျခင္းမျပဳရန္ စစ္ေကာင္စီလိုလားေသာ ႏိုင္ငံတခ်ိဳ႕က ႀကိဳးပမ္းခဲ့ေသာ္လည္း မဲခြဲဆုံးျဖတ္ရာတြင္ ယင္းႀကိဳးပမ္းမႈမွာ ရႈံးနိမ့္သြားၿပီး NUGအမ်ိဳးသားညီၫြတ္ေရးအစိုးရ ျပည္ေထာင္စုဝန္ႀကီး ဦးေအာင္မ်ိဳးမင္းက လူမႈကြန္ရက္မွတစ္ဆင့္ သတင္းထုတ္ျပန္သည္။

ျမန္မာစစ္ေကာင္စီ၏ ကိုယ္စားလွယ္ကို အသိအမွတ္မျပဳျခင္း၊ ညီလာခံတက္ခြင့္မျပဳဟု ကုလသမဂၢလူ႔အခြင့္အေရးေကာင္စီက သတ္မွတ္ထားေၾကာင္း၊ ယင္းအေျခအေနတြင္ စစ္ေကာင္စီလိုလားေသာ ႏိုင္ငံအခ်ိဳ႕က ညီလာခံတြင္ ျမန္မာ့အေရး မေဆြးေႏြးရန္ ႀကိဳးစားေသာ္လည္း မဲခြဲဆုံးျဖတ္ရာတြင္ က်ရႈံးသြားသျဖင့္ ညီလာခံတြင္ ျမန္မာ့အေရး ကို ဆက္လက္ ေဆြးေႏြးၾကမည္ျဖစ္ေၾကာင္း သိရွိရသည္။

“လူ႔အခြင့္အေရးေကာင္စီက ေနာက္ထပ္ သံတမန္နည္းအရေအာင္ပြဲတစ္ခုအေၾကာင္း ေျပာပါရေစ။ အခုက်င္း ပေနတဲ့ (၄၇) ႀကိမ္ေျမာက္လူ႔အခြင့္အေရးေကာင္စီမွာ ျမန္မာႏိုင္ငံကိုယ္စားျပဳကိုယ္စားလွယ္ဘယ္သူမွ တက္ေရာက္ခြင့္မျပဳဘဲ ကိုယ္စားျပဳတက္ေရာက္ခြင့္ကို စက္တင္ဘာလမွာ က်င္းပမယ့္ အေထြေထြညီလာခံက ဆုံးျဖတ္ေပးဖို႔ လႊဲေျပာင္းေပးခဲ့ပါတယ္။ အခုလို ျမန္မာႏိုင္ငံကိုယ္စားလွယ္တက္ေရာက္ခြင့္ ဆိုင္းငံ့ထားတာကို အေၾကာင္းျပၿပီး လူ႔အခြင့္အေရးေကာင္စီဝင္ႏိုင္ငံတခ်ိဳ႕က အာဂ်င္တာမွာပါတဲ့အစီအစဥ္ႏွစ္ခုကို ဖ်က္သိမ္းႏိုင္ဖို႔ ႀကိဳးစားခဲ့ပါတယ္။

အဲ့ဒီအစီအစဥ္ (interactive Dialogue) ေတြကေတာ့ ျမန္မာႏိုင္ငံဆိုင္ရာ လူ႔အခြင့္အေရးစုံစမ္းစစ္ေဆးေရးအရာရွိ Mr. Tom Andrew ရဲ႕အစီရင္ခံစာအေပၚ တင္ျပေဆြးေႏြးတဲ့ အစီအစဥ္နဲ႔ ျမန္မာႏိုင္ငံနဲ႔ပတ္သက္ၿပီး လူ႔အခြင့္အေရးမဟာမင္းႀကီး Ms. Micelle Bachelet ရဲ႕ တင္ျပခ်က္နဲ႔ပတ္သက္ၿပီး ေဆြးေႏြးတဲ့အစီအစဥ္ပါ။ ဒီကိစၥနဲ႔ပတ္သက္ၿပီး ေကာင္စီဝင္ႏိုင္ငံေတြၾကားမွာ ဒီေန႔ မဲခြဲဆုံးျဖတ္ခဲ့ပါတယ္။ အဖြဲ႕ဝင္ (၄၇) ႏိုင္ငံၾကားမွာ ဒီအစီအစဥ္ေတြ ဆက္လက္က်င္းပသင့္တယ္လို႔ ေထာက္ခံခဲ့တဲ့ႏိုင္ငံက (၂၆) ႏိုင္ငံ၊ ကန႔္ကြက္ (၇) ႏိုင္ငံနဲ႔ ၾကားေန (၁၄) ႏိုင္ငံရွိပါတယ္။

ျမန္မာႏိုင္ငံလူ႔အခြင့္အေရးတင္ျပေဆြးေႏြးမဲ့ ဒီအစီအစဥ္ႏွစ္ခုကို ပ်က္ေအာင္ႀကိဳးစားမႈရွိခဲ့ေပမဲ့ ျမန္မာႏိုင္ငံလူ႔အခြင့္အေရးကို ေဆြးေႏြးလိုတဲ့ ႏိုင္ငံေတြရဲ႕ေထာက္ခံမႈေၾကာင့္ ဆက္လက္တင္ျပေဆြးေႏြးမႈေတြ လုပ္ေဆာင္သြားႏိုင္မွာျဖစ္ပါတယ္” ဟု ျပည္ေထာင္စုဝန္ႀကီးဦးေအာင္မ်ိဳးမင္းက သတင္းထုတ္ျပန္ထားသည္။ ကုလသမဂၢလူ႔အခြင့္အေရး ေကာင္စီတြင္ ျမန္မာ့အေရး ေဆြးေႏြးျခင္း မျပဳရန္ ကန႔္ကြက္ခဲ့သည့္ႏိုင္ငံမ်ားတြင္ တ႐ုတ္၊ ႐ုရွား၊ က်ဴးဘား၊ ဘဟားမား၊ အဲရစ္တီးရား၊ ဖီဂ်ီ၊ ဗင္နီဇြဲလားႏိုင္ငံတို႔ပါဝင္ၿပီး ျမန္မာ့အေရး ေဆြးေႏြးရန္ ေထာက္ခံသည့္ ႏိုင္ငံ ၂၆ ႏိုင္ငံတြင္ အာဆီယံႏိုင္ငံမ်ားမွ အင္ဒိုနီးရွားႏွင့္ ဖိလိပိုင္ႏိုင္ငံ ပါဝင္ေနသည္ဟု သိရွိရသည္။

Leave a Reply

Your email address will not be published. Required fields are marked *