ဆေးကုသခွင့်မရတာကြောင့် ဒုက္ခိတဘဝရောက်သွားခဲ့ရတဲ့ ပရဟိတမိခင်ကြီး ဒေါ်သန်းမြင့်အောင်

အကြောင်းမဲ့ဖမ်းဆီးခံထားရပြီး ဆေးကုသခွင့်မရတာကြောင့် ဒုက္ခိတဘဝရောက်သွားခဲ့ရတဲ့ ပရဟိတမိခင်ကြီး ဒေါ်သန်းမြင့်အောင်

အာဏာစတင်သိမ်းယူခဲ့တဲ့ ဖေဖော်ဝါရီ (၁) ရက်နေ့ကတည်းက We Love Yangon အဖွဲ့မှာ ဥက္ကဌအဖြစ်ပါဝင်ခဲ့သလို ဆည်းဆာရိပ်ဘိုးဘွားရိပ်သာကိုလည်း တည်ထောင်ခဲ့တဲ့ ဆရာမကြီးဒေါ်သန်းမြင့်အောင်ကို အကြောင်းမဲ့ဖမ်းဆီးခဲ့ပြီး (၅၀၅) (က) ဖြင့် အမှုဖွင့်အရေးယူကာ အင်းစိန်အကျဉ်းထောင်ထဲမှတဆင့် အမှုရင်ဆိုင်စေခဲ့ပါတယ်။

စတင်ဖမ်းဆီးခံရတဲ့ နေ့ရက်ကနေ ယနေ့ဇူလိုင် (၁) ရက်နေ့ထိ လွတ်မြောက်မှုမရှိသေးဘဲ အကျဉ်းထောင်မှာရှိနေစဉ်အတွင်း ဆေးကုသမှုမခံယူရတာကြောင့် မျက်စိတစ်ဖက်လည်း ကွယ်သွားခဲ့ပြီး နားတစ်ဖက်လည်း မကြားရတော့ပါဘူး။ ဆရာမကြီးဟာ ဆီးချိုရောဂါရှိသူ ဖြစ်တာကြောင့် သွေးချိုအမြဲစစ်သလို ဆေးလည်းအမြဲသောက်နေရသူဖြစ်ပါတယ်။

ဆေးပြတ်လို့မရတဲ့သူကို အခုလိုမတရားချုပ်နှောင်ထားပြီး ဆေးကုသခွင့်မပေးတာဟာ လူသားချင်းစာနာမှုမရှိတဲ့လုပ်ရပ်တစ်ခုပါပဲ။ ပုံမှန်ဆေးသောက်ရင် အကောင်းတိုင်းဖြစ်နေတဲ့ သူဟာ သောက်နေကျဆေးတွေမသောက်ရတာကြောင့် အခုလို မဖြစ်သင့်တဲ့ ဝေဒနာတွေကို ခံစားရတာ တကယ်ကိုစိတ်မကောင်းစရာပါပဲ။

We Love Yangon အဖွဲ့မှာလည်း သူမကိုယ်တိုင် ဦးစီးပြီး တိုင်းကျိုးပြည်ပြုအလုပ်တွေကိုပဲ အားကျိုးမာန်တက်လုပ်ခဲ့သလို လူမမာတွေနဲ့ လူအိုတွေကိုလည်း မေတ္တာရှေ့ထားပြုစုကူညီခဲ့သူဖြစ်ပါတယ်။ အကူအညီလိုအပ်တဲ့ နေရာတိုင်းမှာလည်း စွမ်းစွမ်းတမံပါဝင်ကူညီပေးခဲ့သူပါ။

ဆရာမကြီးအနေနဲ့ အခုလိုမတရားချုပ်နှောင်ခံရခြင်းအပေါ်မှာ သူမရဲ့ခံစားချက်ကို ” ဒီဘဝမှာ မကောင်းမှုကိုဘာမှမပြုခဲ့လို့ အခု, အားကိုးစရာဆို ဘာသာရေးနဲ့ သစ္စာတရားပဲရှိပါတယ် ရှေ့ဘဝကဝဋ်ကြွေးရှိရင်လဲကျေပါစေလို့, ဆုတောင်းနေရပါတယ်။

” ဆိုပြီး စာလေးရေးသား ခဲ့ပါတယ်။ ဒီစာဟာ ဆရာမကြီးရဲ့ရှေ့နေနဲ့ မိသားစုကို မှာတမ်းခြွေတဲ့ စာလေးလည်း ဖြစ်ပါတယ်။ ခံစားနေရတဲ့ ဝေဒနာတွေအမြန်ဆုံးသက်သာပြီး အချုပ်အနှောင်တွေက ကင်းလွတ်ပါစေလို့ ဆုတောင်းပေးပါတယ်။

Zawgyi

အေၾကာင္းမဲ့ဖမ္းဆီးခံထားရၿပီး ေဆးကုသခြင့္မရတာေၾကာင့္ ဒုကၡိတဘဝေရာက္သြားခဲ့ရတဲ့ ပရဟိတမိခင္ႀကီး ေဒၚသန္းျမင့္ေအာင္

အာဏာစတင္သိမ္းယူခဲ့တဲ့ ေဖေဖာ္ဝါရီ (၁) ရက္ေန႔ကတည္းက We Love Yangon အဖြဲ႕မွာ ဥကၠဌအျဖစ္ပါဝင္ခဲ့သလို ဆည္းဆာရိပ္ဘိုးဘြားရိပ္သာကိုလည္း တည္ေထာင္ခဲ့တဲ့ ဆရာမႀကီးေဒၚသန္းျမင့္ေအာင္ကို အေၾကာင္းမဲ့ဖမ္းဆီးခဲ့ၿပီး (၅၀၅) (က) ျဖင့္ အမႈဖြင့္အေရးယူကာ အင္းစိန္အက်ဥ္းေထာင္ထဲမွတဆင့္ အမႈရင္ဆိုင္ေစခဲ့ပါတယ္။

စတင္ဖမ္းဆီးခံရတဲ့ ေန႔ရက္ကေန ယေန႔ဇူလိုင္ (၁) ရက္ေန႔ထိ လြတ္ေျမာက္မႈမရွိေသးဘဲ အက်ဥ္းေထာင္မွာရွိေနစဥ္အတြင္း ေဆးကုသမႈမခံယူရတာေၾကာင့္ မ်က္စိတစ္ဖက္လည္း ကြယ္သြားခဲ့ၿပီး နားတစ္ဖက္လည္း မၾကားရေတာ့ပါဘူး။ ဆရာမႀကီးဟာ ဆီးခ်ိဳေရာဂါရွိသူ ျဖစ္တာေၾကာင့္ ေသြးခ်ိဳအၿမဲစစ္သလို ေဆးလည္းအၿမဲေသာက္ေနရသူျဖစ္ပါတယ္။

ေဆးျပတ္လို႔မရတဲ့သူကို အခုလိုမတရားခ်ဳပ္ေႏွာင္ထားၿပီး ေဆးကုသခြင့္မေပးတာဟာ လူသားခ်င္းစာနာမႈမရွိတဲ့လုပ္ရပ္တစ္ခုပါပဲ။ ပုံမွန္ေဆးေသာက္ရင္ အေကာင္းတိုင္းျဖစ္ေနတဲ့ သူဟာ ေသာက္ေနက်ေဆးေတြမေသာက္ရတာေၾကာင့္ အခုလို မျဖစ္သင့္တဲ့ ေဝဒနာေတြကို ခံစားရတာ တကယ္ကိုစိတ္မေကာင္းစရာပါပဲ။

We Love Yangon အဖြဲ႕မွာလည္း သူမကိုယ္တိုင္ ဦးစီးၿပီး တိုင္းက်ိဳးျပည္ျပဳအလုပ္ေတြကိုပဲ အားက်ိဳးမာန္တက္လုပ္ခဲ့သလို လူမမာေတြနဲ႔ လူအိုေတြကိုလည္း ေမတၱာေရွ႕ထားျပဳစုကူညီခဲ့သူျဖစ္ပါတယ္။ အကူအညီလိုအပ္တဲ့ ေနရာတိုင္းမွာလည္း စြမ္းစြမ္းတမံပါဝင္ကူညီေပးခဲ့သူပါ။

ဆရာမႀကီးအေနနဲ႔ အခုလိုမတရားခ်ဳပ္ေႏွာင္ခံရျခင္းအေပၚမွာ သူမရဲ႕ခံစားခ်က္ကို ” ဒီဘဝမွာ မေကာင္းမႈကိုဘာမွမျပဳခဲ့လို႔ အခု, အားကိုးစရာဆို ဘာသာေရးနဲ႔ သစၥာတရားပဲရွိပါတယ္ ေရွ႕ဘဝကဝဋ္ေႂကြးရွိရင္လဲေက်ပါေစလို႔, ဆုေတာင္းေနရပါတယ္။

” ဆိုၿပီး စာေလးေရးသား ခဲ့ပါတယ္။ ဒီစာဟာ ဆရာမႀကီးရဲ႕ေရွ႕ေနနဲ႔ မိသားစုကို မွာတမ္းေႁခြတဲ့ စာေလးလည္း ျဖစ္ပါတယ္။ ခံစားေနရတဲ့ ေဝဒနာေတြအျမန္ဆုံးသက္သာၿပီး အခ်ဳပ္အေႏွာင္ေတြက ကင္းလြတ္ပါေစလို႔ ဆုေတာင္းေပးပါတယ္။

Leave a Reply

Your email address will not be published. Required fields are marked *