ရန်ကုန်တက္ကသိုလ်ထဲမှာ ကျောင်းသားပေါင်းရာနဲ့ချီအသ+တ်ခံခဲ့ရတဲ့သမိုင်း

ရန်ကုန်တက္ကသိုလ်ထဲမှာ ကျောင်းသားပေါင်းရာနဲ့ချီအသ+တ်ခံခဲ့ရတဲ့သမိုင်း (သို့မဟုတ်) ဆဲဗင်းဂျူလိုင် ကျောင်းသားအရေးတော်ပုံ

ရတကသ | ဇူလိုင် ၂

ရန်ကုန်တက္ကသိုလ်ထဲမှာ ကျောင်းသားပေါင်းရာနဲ့ချီပြီးအသတ်ခံခဲ့ရတဲ့ သမိုင်းဖြစ်ရပ်တခု ၁၉၆၂ ခုနှစ် ဇူလိုင်လ ၇ ရက်နေ့မှာ ဖြစ်ပွားခဲ့ပါတယ်။ ဆဲဗင်းဂျူလိုင်လို့ လူသိများတဲ့အဲ့ဒီအရေးအခင်းဟာ ဗိုလ်နေဝင်းစစ်တပ်ရဲ့ စစ်အာဏာသိမ်းခြင်းကို ပထမဆုံးဆန့်ကျင်ခဲ့တဲ့ ကျောင်းသားလှုပ်ရှားမှုတခု ဖြစ်သလို စစ်အုပ်စုရဲ့ မင်းသားမျက်နှာဖုံးကိုခွာချပြလိုက်တဲ့ အရေးတော်ပုံလည်း ဖြစ်ပါတယ်။

ဗိုလ်နေဝင်းခေါင်းဆောင်တဲ့ တော်လှန်ရေးကောင်စီအမည်ခံ အာဏာသိမ်းမှုကိုကန့်ကွက်ကြောင်း တကသ၊ ရကသ၊ ဗကသတို့က ၁၉၆၂ ခုနှစ် မတ်လ ၄ ရက်နေ့မှာပူးတွဲကြေညာချက်ထုတ်ပြန်ခဲ့ပါတယ်။ သို့သော် မတ်လ ၆ ရက်နေ့မှာ ဗကသခေါင်းဆောင် ကိုခင်မောင်အုန်းက တော်လှန်ရေးကောင်စီကိုထောက်ခံကြောင်း လက်မှတ်ရေးထိုးကြေညာခဲ့ပါတယ်။ အဲ့ဒါကြောင့် ဗကသများအဖွဲ့ချုပ်က အမှုဆောင်အစည်းအဝေးခေါ်ပြီး ကိုခင်မောင်အုန်းကို ထုတ်ပယ်ကာ ဒု-ဥက္ကဋ္ဌ ကိုသက်ကို ဥက္ကဋ္ဌတင်မြှောက်ခဲ့ကြပါတယ်။

မတ်လ ၉ ရက်နေ့မှာတော့ ရန်ကုန်တက္ကသိုလ်နဲ့ မန္တလေးတက္ကသိုလ်အက်ဥပဒေကို တော်လှန်ရေးကောင်စီက ဖျက်သိမ်းလိုက်ပါတယ်။ အဲ့ဒီနောက်မှာတော့ တော်လှန်ရေးကောင်စီက တက္ကသိုလ်ကောင်စီကို အလိုတော်ရိများနဲ့ပြန်လည်ဖွဲ့စည်းခဲ့ပြီး မတရားကျောင်းဆောင်စည်းကမ်းများထုတ်ပြန်ကာ ကျောင်းသားထုကို စတင်ဖိနှိပ်လာပါတော့တယ်။ ဒါကြောင့် ကျောင်းသားထုကြားမှာ တော်လှန်ရေးကောင်စီအပေါ် မကျေနပ်မှုတွေ တစတစ တိုးပွားလာခဲ့ပါတယ်။

ဇူလိုင်လဆန်းမှ စတင်ပြီး ကျောင်းသားထုအစည်းအဝေးတွေကျင်းပကာ ဖိနှိပ်ချုပ်ချယ်တဲ့ မတရားကျောင်းဆောင်စည်းကမ်းတွေကို ကန့်ကွက်ကြောင်း တညီတညွတ်တည်းဆုံးဖြတ်ခဲ့ကြပါတယ်။ ဇူလိုင်လ ၃ ရက်နေ့မှာတော့ ရန်ကုန်ခရိုင်ကျောင်းသားသမဂ္ဂက ကြီးမှူးပြီး သမဂ္ဂခန်းမမှာ ကျောင်းသားထုအစည်းအဝေးကျင်းပကာ ကမောက်ကမ ပညာရေးစနစ်ဖျက်သိမ်းပေးရေး နဲ့ မတရားအဆောင်စည်းကမ်းများ ရုပ်သိမ်းပေးရေး တောင်းဆို ဆန္ဒပြခဲ့ပါတယ်။

ဇူလိုင်လ ၆ ရက်နေ့ ရွှေဘိုဆောင်အစည်းအဝေးမှာ ကန့်ကွက်တယ်လို့ဆုံးဖြတ်ရုံတင်မကတော့ဘဲ ကြွေးကြော်စံတွေ အော်ဟစ်ပြီး အဆောင်အပြင်ထွက်ကာ လှည့်လည်ဆန္ဒပြကြပါတော့တယ်။ အဲ့ဒီအခါမှာ အနီးအနားကျောင်းဆောင်တွေက ကျောင်းသားတွေပါ ပူးပေါင်းပါဝင်လာတာကြောင့် ဆန္ဒပြကျောင်းသားထုကြီးဟာ တဖြည်းဖြည်းကြီးမားလာခဲ့ပါတယ်။ အဲ့ဒီညမှာ ဆန္ဒပြကျောင်းသားထုဟာ ပြည်၊ ပုဂံ၊ တကောင်းကျောင်းဆောင်တွေအထိပါ လှည့်လည်ဆန္ဒပြခဲ့ကြပါတယ်။

ဇူလိုင်လ ၇ ရက်နေ့ နေ့လယ် ၁ နာရီမှာတော့ သမဂ္ဂအဆောက်အဦအစည်းအဝေးခန်းမမှာ ကျောင်းသားထုအစည်းအဝေး ကျင်းပခဲ့ပါတယ်။ အဲ့ဒီအစည်းအဝေးမှာ တကသ ဥက္ကဋ္ဌကိုဗဆွေလေးက ဥက္ကဋ္ဌအဖြစ် တာဝန်ယူခဲ့ပါတယ်။ အဲ့ဒီအစည်းအဝေးမှာ ဖိနှိပ်ချုပ်ချယ်တဲ့ကျောင်းဆောင်စည်းကမ်းတွေကိုကန့်ကွက်ကြောင်းနဲ့ က္ကသိုလ်အက်ဥပဒေတွေကို ကန့်ကွက်ကြောင်းတခဲနက် ဆုံးဖြတ်ခဲ့ကြပါတယ်။ အစည်းအဝေးအပြီးမှာတော့ ကျောင်းသားထုဟာ သမဂ္ဂအဆောက်အဦရှေ့က စတင်ကာ ကျောင်းဝန်းထဲ လှည့်လည်ကြွေးကြော်ဆန္ဒပြခဲ့ကြပါတယ်။

ကျောင်းသားတွေဟာ ဆန္ဒပြပွဲအပြီး ဘွဲ့နှင်းသဘင်ရှေ့မှာ ငြိမ်းချမ်းစွာ လူစုခွဲလိုက်ပါတယ်။ နေ့လယ် ၂ နာရီမှာ ရဲကား ၂ စီး တကသထဲဝင်လာပြီး တကသထဲဝင်လာပြီး တကသဥက္ကဋ္ဌ ကိုဗဆွေလေး၊ ဗကသ ဥက္ကဋ္ဌကိုသက်၊ ရကသ အတွင်းရေးမှူး ကိုဉာဏ်ဝင်းအပါအဝင် ကျောင်းသားခေါင်းဆောင်တွေကို ဝင်ရောက်ဖမ်းဆီးလိုက်ပါတယ်။ ရဲကားတွေဟာ ချက်ချင်းပြန်ထွက်သွားပြီး ကျန်ခဲ့တဲ့ရဲတွေကလည်း တကသကိုဝင်စီးလိုက်ပါတယ်။ ကျောင်းသားခေါင်းဆောင်တွေကို ရုတ်တရက်ဖမ်းဆီးလိုက်တာကြောင့် ကျောင်းသားထုဟာ လှုပ်လှုပ်ရှားရှားဖြစ်သွားရပါတယ်။

အဲ့ဒီနောက်မှာတော့ ကျောင်းသားတွေဟာ ရန်ကုန်တက္ကသိုလ်ဝင်းတံခါးကို သော့ခတ်ပြီး ပိတ်လိုက်ပြီး တကသဝင်းထဲဝင်ဖို့ကြိုးစားကြပါတော့တယ်။ ဒိုင်းကိုယ်စီကိုင်ထားတဲ့ ရဲတွေက ဝိုင်းဝန်းပိတ်ဆို့ပြီး နံပတ်တုတ်နဲ့ရိုက်သူကရိုက်ကာ မျက်ရည်ယိုဗုံးတွေနဲ့ စတင်ပစ်ခတ်ဖြိုခွင်းခဲ့ပါတယ်။ ကျောင်းသားတွေသွေးသံတရဲရဲဖြစ်လာပြီး ရဲများကလည်း မျက်ရည်ယိုဗုံးတွေနဲ့အဆက်မပြတ်ဖြိုခွင်းခဲ့ပါတယ်။ ဒါပေမယ့်ကျောင်းသားထုဟာ တစတစများပြားလာခဲ့တာကြောင့်

ရဲများတက္ကသိုလ်ဝင်းထဲကပြန်လည်ထွက်ခွာသွားရပါတယ်။ နေ့လယ် ၄ နာရီခန့်မှာ တပ်ရင်း ၄ က စစ်သားအပြည့်တင်လာတဲ့ စစ်ကား ၂ စီး တက္ကသိုလ်ရိပ်သာလမ်းပေါ် ရောက်လာပြီး ဆေးရုံရှေ့မှ ဓမ္မာရုံထိတိုင်အောင် တပ်ဖြန့်ကာ တက္ကသိုလ် ဝင်းကျင် တခုလုံးကို ပိတ်ဆို့ထားလိုက်ပါတော့တယ်။ အဲ့ဒီစစ်သားတွေဟာ စစ်မြေပြင်မှာ တခါမှအသုံးမပြုရသေးတဲ့ ဂျီသရီးမောင်းပြန်ရိုင်ဖယ်တွေနဲ့ ကျောင်းသားထုကို တရစပ်ပစ်ခတ်ခဲ့ပါတယ်။

အဲ့ဒီလို ရုတ်တရက် ပစ်ခတ်မှုကြောင့် ကျောင်းသားပေါင်း ရာနဲ့ချီ ကျဆုံးခဲ့ပြီး ရာနဲ့ချီဒဏ်ရာရခဲ့ပါတယ်။ ဇူလိုင်လ ၈ ရက်နေ့ မနက် ၃ နာရီအချိန်မှာ တကသအဆောက်အဦကို ဗိုလ်နေဝင်းအစိုးရက ဗုံးခွဲဖျက်ဆီးလိုက်ပါတော့တယ်။ အဲ့ဒီည ၇ နာရီအချိန်မှာ ဗိုလ်နေဝင်းက “ဓားကိုဓားချင်း လှံကိုလှံချင်းဆိုင်ရန်သာရှိတော့ကြောင်း” မြန်မာအသံရေဒီယိုကနေ အသံလွှင့်ပြီး စိန်ခေါ်ခဲ့ပါတယ်။ ဆဲဗင်းဂျူလိုင်ကျောင်းသားအရေးအခင်းမှာ မြောင်းမြမှ ကျောင်းသားကိုကျော်ဝင်းက သူ့ကိုယ်က သွေးနဲ့ မန္တလေးဆောင်နံရံမှာ “၇.၇.၆၂ မမေ့ကြနဲ့” လို့ ရေးသွားခဲ့ပါတယ်။

၁၉၆၃ ဇူလိုင်လ ကျောင်းတွေပြန်ဖွင့်တဲ့အချိန် သမဂ္ဂအဆောက်အဦနေရာမှာ ယာယီသမဂ္ဂတဲကို တည်ဆောက်ခဲ့ကြပါတယ်။ သမဂ္ဂခြံဝန်းထဲမှာ ဗိုလ်အောင်ကျော်ကျောက်တိုင်အနီးမှာ ဆဲဗင်းဂျူလိုင်မှာ ကျဆုံးခဲ့တဲ့ ကျောင်းသားပေါင်းရာကျော်ကို ရည်စူးပြီးကျောက်တိုင်တခုပြုလုပ်ကာ “ရာကျော်ကျောက်တိုင်” လို့ အမည်တွင်စေခဲ့ပါတယ်။ “ရာကျော်ကျောက်တိုင်” ဖွင့်ပွဲမှာ ဆရာကြီး သခင်ကိုယ်တော်မှိုင်းက “ဒီအဆောက်အဦးကိုသာ ဖြိုလို့ရမယ်၊ အမောင်တို့ရင်ထဲက သမဂ္ဂစိတ်ဓာတ်ကို တော့ ဘယ်သူမှဖြိုလို့ မရပါဘူး” လို့ မိန့်ကြားခဲ့ပါတယ်။ ဒါပေမယ့် ပြည်တွင်းငြိမ်းချမ်းရေးဆွေးနွေးပွဲပျက်ပြားအပြီးမှာ “ရာကျော်ကျောက်တိုင်” နဲ့အတူ သမဂ္ဂတဲတို့ ဖြိုဖျက်ခံခဲ့ရပါတယ်။

ယခုနွေဦးတော်လှန်ရေးကာလမှာတော့ ဆဲဗင်းဂျူလိုင်မှာ ကျဆုံးခဲ့တဲ့ကျောင်းသားရဲဘော်တွေ၊ ခေတ်အဆက်ဆက် စစ်အာဏာရှင်ဆန့်ကျင်ရေးတိုက်ပွဲမှာ အသက်ပေးခဲ့ရတဲ့ ကျောင်းသားရဲဘော်တွေကိုရည်စူးပြီး သမဂ္ဂရင်ပြင်နီ ကျောက်စာတိုင်ကို ရန်ကုန်တက္ကသိုလ်ကျောင်းသားများသမဂ္ဂက စိုက်ထူနိုင်ခဲ့ပါတယ်။

စစ်အာဏာရှင်စနစ်ကို ဂုဏ်ရောင်ပြောင်စွာဆန့်ကျင်ခဲ့တဲ့ ဆဲဗင်းဂျူလိုင်အရေးတော်ပုံဟာ လာမယ့် ဇူလိုင်လ ၇ ရက်နေ့မှာ ၅၉ နှစ်ပြည့်မှာ ဖြစ်ပါတယ်။

(ဆဲဗင်းဂျူလိုင်နဲ့ပတ်သက်တဲ့ သမိုင်းမှတ်တမ်းတွေ၊ ဆောင်းပါးတွေကို သမဂ္ဂပြန်ကြားရေးစာမျက်နှာမှာ ဆက်လက်ဖော်ပြပေးသွားပါမယ်)

ဓာတ်ပုံ – Aungmyint Oo

Zawgyi

ရန္ကုန္တကၠသိုလ္ထဲမွာ ေက်ာင္းသားေပါင္းရာနဲ႔ခ်ီအသ+တ္ခံခဲ့ရတဲ့သမိုင္း (သို႔မဟုတ္) ဆဲဗင္းဂ်ဴလိုင္ ေက်ာင္းသားအေရးေတာ္ပုံ

ရတကသ | ဇူလိုင္ ၂

ရန္ကုန္တကၠသိုလ္ထဲမွာ ေက်ာင္းသားေပါင္းရာနဲ႔ခ်ီၿပီးအသတ္ခံခဲ့ရတဲ့ သမိုင္းျဖစ္ရပ္တခု ၁၉၆၂ ခုႏွစ္ ဇူလိုင္လ ၇ ရက္ေန႔မွာ ျဖစ္ပြားခဲ့ပါတယ္။ ဆဲဗင္းဂ်ဴလိုင္လို႔ လူသိမ်ားတဲ့အဲ့ဒီအေရးအခင္းဟာ ဗိုလ္ေနဝင္းစစ္တပ္ရဲ႕ စစ္အာဏာသိမ္းျခင္းကို ပထမဆုံးဆန႔္က်င္ခဲ့တဲ့ ေက်ာင္းသားလႈပ္ရွားမႈတခု ျဖစ္သလို စစ္အုပ္စုရဲ႕ မင္းသားမ်က္ႏွာဖုံးကိုခြာခ်ျပလိုက္တဲ့ အေရးေတာ္ပုံလည္း ျဖစ္ပါတယ္။

ဗိုလ္ေနဝင္းေခါင္းေဆာင္တဲ့ ေတာ္လွန္ေရးေကာင္စီအမည္ခံ အာဏာသိမ္းမႈကိုကန႔္ကြက္ေၾကာင္း တကသ၊ ရကသ၊ ဗကသတို႔က ၁၉၆၂ ခုႏွစ္ မတ္လ ၄ ရက္ေန႔မွာပူးတြဲေၾကညာခ်က္ထုတ္ျပန္ခဲ့ပါတယ္။ သို႔ေသာ္ မတ္လ ၆ ရက္ေန႔မွာ ဗကသေခါင္းေဆာင္ ကိုခင္ေမာင္အုန္းက ေတာ္လွန္ေရးေကာင္စီကိုေထာက္ခံေၾကာင္း လက္မွတ္ေရးထိုးေၾကညာခဲ့ပါတယ္။ အဲ့ဒါေၾကာင့္ ဗကသမ်ားအဖြဲ႕ခ်ဳပ္က အမႈေဆာင္အစည္းအေဝးေခၚၿပီး ကိုခင္ေမာင္အုန္းကို ထုတ္ပယ္ကာ ဒု-ဥကၠ႒ ကိုသက္ကို ဥကၠ႒တင္ေျမႇာက္ခဲ့ၾကပါတယ္။

မတ္လ ၉ ရက္ေန႔မွာေတာ့ ရန္ကုန္တကၠသိုလ္နဲ႔ မႏၲေလးတကၠသိုလ္အက္ဥပေဒကို ေတာ္လွန္ေရးေကာင္စီက ဖ်က္သိမ္းလိုက္ပါတယ္။ အဲ့ဒီေနာက္မွာေတာ့ ေတာ္လွန္ေရးေကာင္စီက တကၠသိုလ္ေကာင္စီကို အလိုေတာ္ရိမ်ားနဲ႔ျပန္လည္ဖြဲ႕စည္းခဲ့ၿပီး မတရားေက်ာင္းေဆာင္စည္းကမ္းမ်ားထုတ္ျပန္ကာ ေက်ာင္းသားထုကို စတင္ဖိႏွိပ္လာပါေတာ့တယ္။ ဒါေၾကာင့္ ေက်ာင္းသားထုၾကားမွာ ေတာ္လွန္ေရးေကာင္စီအေပၚ မေက်နပ္မႈေတြ တစတစ တိုးပြားလာခဲ့ပါတယ္။

ဇူလိုင္လဆန္းမွ စတင္ၿပီး ေက်ာင္းသားထုအစည္းအေဝးေတြက်င္းပကာ ဖိႏွိပ္ခ်ဳပ္ခ်ယ္တဲ့ မတရားေက်ာင္းေဆာင္စည္းကမ္းေတြကို ကန႔္ကြက္ေၾကာင္း တညီတၫြတ္တည္းဆုံးျဖတ္ခဲ့ၾကပါတယ္။ ဇူလိုင္လ ၃ ရက္ေန႔မွာေတာ့ ရန္ကုန္ခ႐ိုင္ေက်ာင္းသားသမဂၢက ႀကီးမႉးၿပီး သမဂၢခန္းမမွာ ေက်ာင္းသားထုအစည္းအေဝးက်င္းပကာ ကေမာက္ကမ ပညာေရးစနစ္ဖ်က္သိမ္းေပးေရး နဲ႔ မတရားအေဆာင္စည္းကမ္းမ်ား ႐ုပ္သိမ္းေပးေရး ေတာင္းဆို ဆႏၵျပခဲ့ပါတယ္။

ဇူလိုင္လ ၆ ရက္ေန႔ ေ႐ႊဘိုေဆာင္အစည္းအေဝးမွာ ကန႔္ကြက္တယ္လို႔ဆုံးျဖတ္႐ုံတင္မကေတာ့ဘဲ ေႂကြးေၾကာ္စံေတြ ေအာ္ဟစ္ၿပီး အေဆာင္အျပင္ထြက္ကာ လွည့္လည္ဆႏၵျပၾကပါေတာ့တယ္။ အဲ့ဒီအခါမွာ အနီးအနားေက်ာင္းေဆာင္ေတြက ေက်ာင္းသားေတြပါ ပူးေပါင္းပါဝင္လာတာေၾကာင့္ ဆႏၵျပေက်ာင္းသားထုႀကီးဟာ တျဖည္းျဖည္းႀကီးမားလာခဲ့ပါတယ္။ အဲ့ဒီညမွာ ဆႏၵျပေက်ာင္းသားထုဟာ ျပည္၊ ပုဂံ၊ တေကာင္းေက်ာင္းေဆာင္ေတြအထိပါ လွည့္လည္ဆႏၵျပခဲ့ၾကပါတယ္။

ဇူလိုင္လ ၇ ရက္ေန႔ ေန႔လယ္ ၁ နာရီမွာေတာ့ သမဂၢအေဆာက္အဦအစည္းအေဝးခန္းမမွာ ေက်ာင္းသားထုအစည္းအေဝး က်င္းပခဲ့ပါတယ္။ အဲ့ဒီအစည္းအေဝးမွာ တကသ ဥကၠ႒ကိုဗေဆြေလးက ဥကၠ႒အျဖစ္ တာဝန္ယူခဲ့ပါတယ္။ အဲ့ဒီအစည္းအေဝးမွာ ဖိႏွိပ္ခ်ဳပ္ခ်ယ္တဲ့ေက်ာင္းေဆာင္စည္းကမ္းေတြကိုကန႔္ကြက္ေၾကာင္းနဲ႔ ကၠသိုလ္အက္ဥပေဒေတြကို ကန႔္ကြက္ေၾကာင္းတခဲနက္ ဆုံးျဖတ္ခဲ့ၾကပါတယ္။ အစည္းအေဝးအၿပီးမွာေတာ့ ေက်ာင္းသားထုဟာ သမဂၢအေဆာက္အဦေရွ႕က စတင္ကာ ေက်ာင္းဝန္းထဲ လွည့္လည္ေႂကြးေၾကာ္ဆႏၵျပခဲ့ၾကပါတယ္။

ေက်ာင္းသားေတြဟာ ဆႏၵျပပြဲအၿပီး ဘြဲ႕ႏွင္းသဘင္ေရွ႕မွာ ၿငိမ္းခ်မ္းစြာ လူစုခြဲလိုက္ပါတယ္။ ေန႔လယ္ ၂ နာရီမွာ ရဲကား ၂ စီး တကသထဲဝင္လာၿပီး တကသထဲဝင္လာၿပီး တကသဥကၠ႒ ကိုဗေဆြေလး၊ ဗကသ ဥကၠ႒ကိုသက္၊ ရကသ အတြင္းေရးမႉး ကိုဉာဏ္ဝင္းအပါအဝင္ ေက်ာင္းသားေခါင္းေဆာင္ေတြကို ဝင္ေရာက္ဖမ္းဆီးလိုက္ပါတယ္။ ရဲကားေတြဟာ ခ်က္ခ်င္းျပန္ထြက္သြားၿပီး က်န္ခဲ့တဲ့ရဲေတြကလည္း တကသကိုဝင္စီးလိုက္ပါတယ္။ ေက်ာင္းသားေခါင္းေဆာင္ေတြကို ႐ုတ္တရက္ဖမ္းဆီးလိုက္တာေၾကာင့္ ေက်ာင္းသားထုဟာ လႈပ္လႈပ္ရွားရွားျဖစ္သြားရပါတယ္။

အဲ့ဒီေနာက္မွာေတာ့ ေက်ာင္းသားေတြဟာ ရန္ကုန္တကၠသိုလ္ဝင္းတံခါးကို ေသာ့ခတ္ၿပီး ပိတ္လိုက္ၿပီး တကသဝင္းထဲဝင္ဖို႔ႀကိဳးစားၾကပါေတာ့တယ္။ ဒိုင္းကိုယ္စီကိုင္ထားတဲ့ ရဲေတြက ဝိုင္းဝန္းပိတ္ဆို႔ၿပီး နံပတ္တုတ္နဲ႔႐ိုက္သူက႐ိုက္ကာ မ်က္ရည္ယိုဗုံးေတြနဲ႔ စတင္ပစ္ခတ္ၿဖိဳခြင္းခဲ့ပါတယ္။ ေက်ာင္းသားေတြေသြးသံတရဲရဲျဖစ္လာၿပီး ရဲမ်ားကလည္း မ်က္ရည္ယိုဗုံးေတြနဲ႔အဆက္မျပတ္ၿဖိဳခြင္းခဲ့ပါတယ္။ ဒါေပမယ့္ေက်ာင္းသားထုဟာ တစတစမ်ားျပားလာခဲ့တာေၾကာင့္

ရဲမ်ားတကၠသိုလ္ဝင္းထဲကျပန္လည္ထြက္ခြာသြားရပါတယ္။ ေန႔လယ္ ၄ နာရီခန႔္မွာ တပ္ရင္း ၄ က စစ္သားအျပည့္တင္လာတဲ့ စစ္ကား ၂ စီး တကၠသိုလ္ရိပ္သာလမ္းေပၚ ေရာက္လာၿပီး ေဆး႐ုံေရွ႕မွ ဓမၼာ႐ုံထိတိုင္ေအာင္ တပ္ျဖန႔္ကာ တကၠသိုလ္ ဝင္းက်င္ တခုလုံးကို ပိတ္ဆို႔ထားလိုက္ပါေတာ့တယ္။ အဲ့ဒီစစ္သားေတြဟာ စစ္ေျမျပင္မွာ တခါမွအသုံးမျပဳရေသးတဲ့ ဂ်ီသရီးေမာင္းျပန္႐ိုင္ဖယ္ေတြနဲ႔ ေက်ာင္းသားထုကို တရစပ္ပစ္ခတ္ခဲ့ပါတယ္။

အဲ့ဒီလို ႐ုတ္တရက္ ပစ္ခတ္မႈေၾကာင့္ ေက်ာင္းသားေပါင္း ရာနဲ႔ခ်ီ က်ဆုံးခဲ့ၿပီး ရာနဲ႔ခ်ီဒဏ္ရာရခဲ့ပါတယ္။ ဇူလိုင္လ ၈ ရက္ေန႔ မနက္ ၃ နာရီအခ်ိန္မွာ တကသအေဆာက္အဦကို ဗိုလ္ေနဝင္းအစိုးရက ဗုံးခြဲဖ်က္ဆီးလိုက္ပါေတာ့တယ္။ အဲ့ဒီည ၇ နာရီအခ်ိန္မွာ ဗိုလ္ေနဝင္းက “ဓားကိုဓားခ်င္း လွံကိုလွံခ်င္းဆိုင္ရန္သာရွိေတာ့ေၾကာင္း” ျမန္မာအသံေရဒီယိုကေန အသံလႊင့္ၿပီး စိန္ေခၚခဲ့ပါတယ္။ ဆဲဗင္းဂ်ဴလိုင္ေက်ာင္းသားအေရးအခင္းမွာ ေျမာင္းျမမွ ေက်ာင္းသားကိုေက်ာ္ဝင္းက သူ႔ကိုယ္က ေသြးနဲ႔ မႏၲေလးေဆာင္နံရံမွာ “၇.၇.၆၂ မေမ့ၾကနဲ႔” လို႔ ေရးသြားခဲ့ပါတယ္။

၁၉၆၃ ဇူလိုင္လ ေက်ာင္းေတြျပန္ဖြင့္တဲ့အခ်ိန္ သမဂၢအေဆာက္အဦေနရာမွာ ယာယီသမဂၢတဲကို တည္ေဆာက္ခဲ့ၾကပါတယ္။ သမဂၢၿခံဝန္းထဲမွာ ဗိုလ္ေအာင္ေက်ာ္ေက်ာက္တိုင္အနီးမွာ ဆဲဗင္းဂ်ဴလိုင္မွာ က်ဆုံးခဲ့တဲ့ ေက်ာင္းသားေပါင္းရာေက်ာ္ကို ရည္စူးၿပီးေက်ာက္တိုင္တခုျပဳလုပ္ကာ “ရာေက်ာ္ေက်ာက္တိုင္” လို႔ အမည္တြင္ေစခဲ့ပါတယ္။ “ရာေက်ာ္ေက်ာက္တိုင္” ဖြင့္ပြဲမွာ ဆရာႀကီး သခင္ကိုယ္ေတာ္မႈိင္းက “ဒီအေဆာက္အဦးကိုသာ ၿဖိဳလို႔ရမယ္၊ အေမာင္တို႔ရင္ထဲက သမဂၢစိတ္ဓာတ္ကို ေတာ့ ဘယ္သူမွၿဖိဳလို႔ မရပါဘူး” လို႔ မိန႔္ၾကားခဲ့ပါတယ္။ ဒါေပမယ့္ ျပည္တြင္းၿငိမ္းခ်မ္းေရးေဆြးေႏြးပြဲပ်က္ျပားအၿပီးမွာ “ရာေက်ာ္ေက်ာက္တိုင္” နဲ႔အတူ သမဂၢတဲတို႔ ၿဖိဳဖ်က္ခံခဲ့ရပါတယ္။

ယခုေႏြဦးေတာ္လွန္ေရးကာလမွာေတာ့ ဆဲဗင္းဂ်ဴလိုင္မွာ က်ဆုံးခဲ့တဲ့ေက်ာင္းသားရဲေဘာ္ေတြ၊ ေခတ္အဆက္ဆက္ စစ္အာဏာရွင္ဆန႔္က်င္ေရးတိုက္ပြဲမွာ အသက္ေပးခဲ့ရတဲ့ ေက်ာင္းသားရဲေဘာ္ေတြကိုရည္စူးၿပီး သမဂၢရင္ျပင္နီ ေက်ာက္စာတိုင္ကို ရန္ကုန္တကၠသိုလ္ေက်ာင္းသားမ်ားသမဂၢက စိုက္ထူႏိုင္ခဲ့ပါတယ္။

စစ္အာဏာရွင္စနစ္ကို ဂုဏ္ေရာင္ေျပာင္စြာဆန႔္က်င္ခဲ့တဲ့ ဆဲဗင္းဂ်ဴလိုင္အေရးေတာ္ပုံဟာ လာမယ့္ ဇူလိုင္လ ၇ ရက္ေန႔မွာ ၅၉ ႏွစ္ျပည့္မွာ ျဖစ္ပါတယ္။

(ဆဲဗင္းဂ်ဴလိုင္နဲ႔ပတ္သက္တဲ့ သမိုင္းမွတ္တမ္းေတြ၊ ေဆာင္းပါးေတြကို သမဂၢျပန္ၾကားေရးစာမ်က္ႏွာမွာ ဆက္လက္ေဖာ္ျပေပးသြားပါမယ္)

ဓာတ္ပုံ – Aungmyint Oo

Leave a Reply

Your email address will not be published. Required fields are marked *