မြန်မာ့အရေး နိုင်ငံတကာကြားဝင်မှု မဖြစ်နိုင်ဘူးလို့ စစ်ကောင်စီခေါင်းဆောင်ပြော 

မြန်မာ့အရေး နိုင်ငံတကာကြားဝင်မှု မဖြစ်နိုင်ဘူးလို့ စစ်ကောင်စီခေါင်းဆောင်ပြော

မြန်မာနိုင်ငံက အခြေအနေတွေနဲ့ ပက်သတ်လို့ နိုင်ငံတကာက ကြားဝင်တဲ့အခြေအနေအထိ မဖြစ်နိုင်ဘူးလို့ စစ်ကောင်စီခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ဇွန်လ ၂၄ ရက်နေ့က RIA သတင်းဋ္ဌာနနဲ့ မေးမြန်းခန်းမှာ ပြောဆိုခဲ့ပါတယ်။

မြန်မာနိုင်ငံမှာ ဗုံးပေါက်ကွဲမှုနဲ့ ချောင်းမြောင်းတိုက်ခိုက်မှု အနည်းငယ်ရှိနေသေးပေမယ့် အကြမ်းဖက်မှုတွေ လျော့ပါးသွားပြီလို့လည်း ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောပါတယ်။

“ဆန္ဒပြတဲ့သူတွေက အကြမ်းဖက်မှုတွေ ပြင်းထန်လာလိမ့်မယ်လို့ မျှော်လင့်နေတယ်။ အဲဒီလိုပြင်းထန်လာရင် ကျွန်‌တော်တို့ရဲ့တုံ့ပြန့်မှုတွေ ထပ်တိုးရမှာပေါ့။ ဒီလိုဖြစ်ရင် နိုင်ငံတကာက ကြားဝင်ဖို့အတွက် သူတို့ (ဆန္ဒပြသူတွေ) က မျှော်လင့်တာပေါ့။ ဒါပေမဲ့ ဘာပဲဖြစ်ဖြစ် အဲဒီအခြေအနေကို မရောက်နိုင်ပါဘူး။”

ဗုံးခွဲတိုက်ခိုက်မှုတွေနဲ့ ချောင်းမြောင်းတိုက်ခိုက်မှုတွေဟာ လူထုကို အကြောက်တရားတွေ ဖြစ်ပေါ်စေဖို့နဲ့ အစိုးရက ဥပဒေစိုးမိုးရေးမလုပ်နိုင်ရင် နိုင်ငံတကာ အသိုင်းအဝိုင်းကြား ပုံရိပ်ကျဆင်းစေဖို့ ဖြစ်တယ်လို့လည်း သူက ပြောပါတယ်။

ဒီအခြေအနေမှာ အနောက်နိုင်ငံတွေအနေနဲ့ သူတို့ ရရှိထားတဲ့ တစ်ဖက်သတ် အချက်အလက်တွေအပေါ် အခြေခံပြီး သူတို့ရဲ့ ဆန္ဒတွေကို အကောင်အထည်ဖော်ဖို့ ကြိုးစားနေတယ်လို့လည်း ဗိုလ်ချုပ်မှူးကြီးက ဝေဖန်ပါတယ်။

စစ်တပ်အနေနဲ့ နိုင်ငံတကာမှာ အထီးမကျန်စေဖို့အတွက် ရုရှား၊ တရုတ် အပါအဝင် အိမ်နီးချင်းနိုင်ငံတွေနဲ့ လက်တွဲပူးပေါင်းပြီး ဆောင်ရွက်နေတယ်လို့လည်း ပြောပါတယ်။

Zawgyi

ျမန္မာ့အေရး ႏိုင္ငံတကာၾကားဝင္မႈ မျဖစ္ႏိုင္ဘူးလို႔ စစ္ေကာင္စီေခါင္းေဆာင္ေျပာ ~~~~~

ျမန္မာႏိုင္ငံက အေျခအေနေတြနဲ႔ ပက္သတ္လို႔ ႏိုင္ငံတကာက ၾကားဝင္တဲ့အေျခအေနအထိ မျဖစ္ႏိုင္ဘူးလို႔ စစ္ေကာင္စီေခါင္းေဆာင္ ဗိုလ္ခ်ဳပ္မႉးႀကီး မင္းေအာင္လႈိင္က ဇြန္လ ၂၄ ရက္ေန႔က RIA သတင္း႒ာနနဲ႔ ေမးျမန္းခန္းမွာ ေျပာဆိုခဲ့ပါတယ္။

ျမန္မာႏိုင္ငံမွာ ဗုံးေပါက္ကြဲမႈနဲ႔ ေခ်ာင္းေျမာင္းတိုက္ခိုက္မႈ အနည္းငယ္ရွိေနေသးေပမယ့္ အၾကမ္းဖက္မႈေတြ ေလ်ာ့ပါးသြားၿပီလို႔လည္း ဗိုလ္ခ်ဳပ္မႉးႀကီး မင္းေအာင္လႈိင္က ေျပာပါတယ္။

“ဆႏၵျပတဲ့သူေတြက အၾကမ္းဖက္မႈေတြ ျပင္းထန္လာလိမ့္မယ္လို႔ ေမွ်ာ္လင့္ေနတယ္။ အဲဒီလိုျပင္းထန္လာရင္ ကြၽန္‌ေတာ္တို႔ရဲ႕တုံ႔ျပန႔္မႈေတြ ထပ္တိုးရမွာေပါ့။ ဒီလိုျဖစ္ရင္ ႏိုင္ငံတကာက ၾကားဝင္ဖို႔အတြက္ သူတို႔ (ဆႏၵျပသူေတြ) က ေမွ်ာ္လင့္တာေပါ့။ ဒါေပမဲ့ ဘာပဲျဖစ္ျဖစ္ အဲဒီအေျခအေနကို မေရာက္ႏိုင္ပါဘူး။”

ဗုံးခြဲတိုက္ခိုက္မႈေတြနဲ႔ ေခ်ာင္းေျမာင္းတိုက္ခိုက္မႈေတြဟာ လူထုကို အေၾကာက္တရားေတြ ျဖစ္ေပၚေစဖို႔နဲ႔ အစိုးရက ဥပေဒစိုးမိုးေရးမလုပ္ႏိုင္ရင္ ႏိုင္ငံတကာ အသိုင္းအဝိုင္းၾကား ပုံရိပ္က်ဆင္းေစဖို႔ ျဖစ္တယ္လို႔လည္း သူက ေျပာပါတယ္။

ဒီအေျခအေနမွာ အေနာက္ႏိုင္ငံေတြအေနနဲ႔ သူတို႔ ရရွိထားတဲ့ တစ္ဖက္သတ္ အခ်က္အလက္ေတြအေပၚ အေျခခံၿပီး သူတို႔ရဲ႕ ဆႏၵေတြကို အေကာင္အထည္ေဖာ္ဖို႔ ႀကိဳးစားေနတယ္လို႔လည္း ဗိုလ္ခ်ဳပ္မႉးႀကီးက ေဝဖန္ပါတယ္။

စစ္တပ္အေနနဲ႔ ႏိုင္ငံတကာမွာ အထီးမက်န္ေစဖို႔အတြက္ ႐ုရွား၊ တ႐ုတ္ အပါအဝင္ အိမ္နီးခ်င္းႏိုင္ငံေတြနဲ႔ လက္တြဲပူးေပါင္းၿပီး ေဆာင္႐ြက္ေနတယ္လို႔လည္း ေျပာပါတယ္။

Leave a Reply

Your email address will not be published. Required fields are marked *