သူ့ရဲ့ဝေယျာဝေစ္စတွေကို ကူညီပေးခဲ့တဲ့သူတွေ လွတ်သွားတာကြောင့် ထောင်ထဲမှာဒုက္ခရောက်နေတဲ့ ကိုလျှံဖြိုးအောင်

သူ့ရဲ့ဝေယျာဝေစ္စတွေကို ကူညီပေးခဲ့တဲ့သူတွေ လွတ်သွားတာကြောင့် ထောင်ထဲမှာဒုက္ခရောက်နေတဲ့ ကိုလျှံဖြိုးအောင်

ကိုလျှံဖြိုးအောင် ဟာ မတ်လ(၂၇)ရက်က ပြုလုပ်တဲ့ အာဏာရှင် ဆန့်ကျင်ရေး ဆန္ဒပြပွဲမှာ ပါဝင်ရင်း ပစ်ခတ်ဖြိုခွင်း ခဲ့မှုကြောင့် ဒဏ်ရာအပြင်းအထန် ရရှိခဲ့သူ တစ်ယောက်ဖြစ်ပါတယ်။အသက်(၂၂)နှစ်အရွယ် ရှိပြီဖြစ်တဲ့ ကိုလျှံဖြိုးအောင် ဟာ မျက်လုံးတစ်ဖက် ဆုံးရှုံး၊ ညာဘက်လက်ပြတ်၊

ဘယ်ဘက်လက်ကျိုးခဲ့တဲ့အပြင် လမ်းကောင်းကောင်းမလျှောက်နိုင်ဘဲဆေးကုသမှုတွေ အမြန်လိုအပ်နေ သူဖြစ်ပါတယ်။ဇွန်လ(၃၀)ရက်နေ့မှာ ထောင်ကြ ပန်လွတ်လာသူတွေထဲ ကိုလျှံဖြိုးအောင်တစ်ယောက်မပါဝင်တာကြောင့် ပြည်သူတွေက စိတ်မကောင်းဖြစ်နေခဲ့ပါတယ်။

ကိုလျှံဖြိုးအောင်ဟာ အကျဉ်းထောင်ထဲမှာ အခန်းဖော်(၂)ယောက်နဲ့ အတူနေထိုင်နေတာဖြစ်ပါတယ်။ယခုမှာတော့ အပေါ့အပါးသွားတာ၊ အဝတ်လျှော်တာ ကအစ ကူညီပေးခဲ့တဲ့အခန်းဖော်(၂)ယောက်က ပြန်လွတ်လာ တာကြောင့် ကိုလျှံဖြိုးအောင် တစ်ယောက် အကျဉ်းထောင် ထဲမှာ

တစ်ယောက်တည်းနေထိုင်နေရပြီး ဒုက္ခ ပိုရောက်သွားခဲ့ရပါတယ်။မနေ့ကလည်းပြန်လွတ်မယ် ထင်ပြီး အထုတ်ကလေးတွေပြင်ကာ ထိုင်စောင့်ခဲ့ပေမယ့် ပြန်မလွတ်လာတဲ့ အကြောင်း ကိုလျှံဖြိုးအောင်နဲ့အတူ နေထိုင်ခဲ့တဲ့ အခန်းဖော်တွေရဲ့ ပြောပြချက်အရသိရပါတယ်။

ကိုလျှံဖြိုးအောင်ရဲ့ မိဘတွေကလည်း သားဖြစ်သူပြန်လွတ်လာမယ်အထင်နဲ့ ည(၉)နာရီအထိ ထိုင်စောင့်ခဲ့ပေမယ့် ပြန်မလွတ်လာတာကြောင့် စိတ်မကောင်းဖြစ်နေခဲ့ပါတယ်။

ကိုလျှံဖြိုးအောင်ရဲ့အစ်ကိုက ” (၁.၇.၂၀၂၁)ယနေ့မောင်လျှံဖြိုးအောင်ရုံးချိန်းတွင်ကျန်းမာရေးအာမခံလျောက်ထားမှု့၊လက်ခံသင့်/လက်မခံသင့်ဆုံးဖြတ်ချက်အား(၈.၇.၂၀၂၁)နေ့ထပ်မံချိန်းဆို (၃၀.၆.၂၀၂၁)မနေ့ကလွတ်မြောက်လာတဲ့ပြည်သူတွေထဲကမောင်လျှံဖြိုးအောင်နှင့်

အတူနေအခန်းဖော်(၃)ဦးထဲမှ(၂)ဦးလွတ်မြောက်လာပါသလွတ်မြောက်လာတဲ့ညီလေးနှစ်ဦးရဲ့ပြောကြားချက်အရ ၎င်းတို့နှစ်ဦးနှင့်အတူကိုလျှံဖြိုးအောင်တို့(၃)ယောက်တစ်ခန်းထည်းနေရကြောင်း၊ကိုလျှံဖြိုးအောင်ရဲ့အပေါ့အပါးကမှအစ

အဝတ်အစားတွေလည်းလျှော်ဖွတ်ပေးကြောင်း၊ထောင်တွင်းဆေးခန်းသွားပြလျှင်လည်းထောင်ဝန်ထမ်းတွေနှင့်အတူတွဲပို့ပေးကြောင်းအစအစအရာအရာကူညီပေးကြောင်း။

ကိုလျှံဖြိုးအောင်ကစိတ်ဓါတ်အရမ်းမာသူဖြစ်ကြောင်းပြောကြားပါသည်။“ယခုမနက်တွင်ကိုလျှံဖြိုးအောင်သတင်းကြားရလို့အရမ်းစိတ်မကောင်းဖြစ်သွားသည်အဘယ်ကြောင့်ဆိုသော်ကိုလျှံဖြိုးအောင်မနေ့ကလွတ်မြောက်မည်ဟုယူဆထားသည်။မနေ့ကလွတ်မြောက်သူများအား၎င်းတို့နေထိုင်ရာ

အခန်းအသီးသီးသို့နာမည်နှင့်တကွလာခေါ်သည်၊ညီလေးနှစ်ဦးနာမည်လာခေါ်ချိန်တွင်သူတို့(၃)ဦးစလုံးအထုပ်ကလေးတွေပြင်ထားကြသည်၊ကိုလျှံဖြိုးအောင်အထုပ်လည်း ပြင်ပေးခဲ့သည်။ကိုလျှံဖြိုးအောင်ကမင်းတို့အရင်သွားလိုက်ငါကဒုက္ခိတဆိုတော့နောက်မှ

သူတို့အစီအစဉ်နဲ့လာခေါ်မယ်နဲ့တူတယ်အပြင်မှာအဖေတို့အမေတို့တွေရင်ပြောလိုက်ငါလည်းလွတ်တယ်ခဏစောင့်နေလို့ပြောလိုက်တယ်ဟု”လွတ်မြောက်လာတဲ့ညီလေးနှစ်ဦးကပြောသည်။

မနေ့ကကျွန်တော်တို့မိသားစုညီလေးလွတ်မြောက်မယ်အထင်နဲ့ည(၉:၀၀)နာရီအထိစောင့်မျှော်နေမိပါတယ်။အတူနေအခန်းဖော်(၃)ဦးထည်းကမှကျန်(၂)ဦးကလွတ်မြောက်လာပြီးသူတစ်ပါးရဲ့အကူညီနှင့်ရပ်တည်နေရသောညီလေးကအခုထိမလွတ်မြောက်သေးပါအရမ်းစိတ်ဓါတ်မာပါတဲ့

ဆိုတဲ့ညီလေးမနေ့ကအဖြစ်အပျက်ကြောင့်ဘယ်လောက်ခံစားရမလည်းဆိုတာနှလုံးသားရှိသူတိုင်းခံစားရပါတယ်(၃)ယောက်တည်းနေရတဲ့အခန်းမှာ(၂)ယောက်ကျန်ခဲ့ရင်တောင်အဖော်ရပါသေးတယ်အခုဟာကစိတ်ဓါတ်ကိုပါရိုက်ချိုးသလိုပါပဲ

အခုပြောပြနေတဲ့ဆိုလိုရင်းက(၁၀)ယောက်ရှိတဲ့အခန်း(၇)ယောက်လွတ်ရင်ဘာမှမဖြစ်ပါဘူး။အခုဟာကသူတစ်ပါးရဲ့အကူအညီနဲ့ ရပ်တည်နေရ တဲ့သူကိုမှ တစ်ယောက်တည်း ထားခဲ့ရက်တယ်ဆိုတော့ စဉ်းစားသာကြည့်ကြပါတော့ ခင်ဗျာ ” ဆိုပြီး ရေးသားထားခဲ့ပါတယ် ။

Zawgyi
















Leave a Reply

Your email address will not be published. Required fields are marked *