ဂိုးသမား ပြည့်လျှံအောင် ဂျပန်မှာနေထိုင်ခွင့် နဲ့ အလုပ်လုပ်ခွင့်ရပြီ

ဂိုးသမား ပြည့်လျှံအောင် ဂျပန်မှာနေထိုင်ခွင့် နဲ့ အလုပ်လုပ်ခွင့်ရပြီ

ဂျပန်နိုင်ငံ မှာ မေလကုန်ပိုင်းက ကျင်းပတဲ့ ကမ္ဘာ့ဖလားခြေစစ်ပွဲ ပြိုင်ပွဲ မြန်မာ- ဂျပန် ပွဲ အတွင်း လက်သုံးချောင်းထောင်ပြီး စစ်အာဏာရှင်ကို ဆန့်ကျင်ဆန္ဒပြခဲ့တဲ့မြန်မာ့လက်ရွေးစင်ဂိုးသမား ပြည့်သျှံအောင်ကို ဒီကနေ့ ဇူလိုင် ၂ရက်မှာ ဂျပန်အစိုးရက ယာယီနေထိုင်ခွင့် နဲ့အလုပ်လုပ်ခွင့် ကတ်ကို ထုတ်ပေးလိုက်ပါတယ်။
ဂိုးသမား ပြည့်လျှံအောင်

အဲဒီကတ်ဟာ ခြောက်လသက်တမ်းရှိမှာဖြစ်ပြီးဒီကာလမှာ ကြိုက်နှစ်သက်ရာအလုပ်ကို ဝင်ရောက်အလုပ်လုပ်ခွင့်ရမှာပါ။

လက်ရှိမှာ တော့ ဂိုးသမားပြည့်သျှံအောင်ဟာ ဂျပန်နိုင်ငံမှာ နိုင်ငံရေး ခိုလှုံခွင့်လျှောက်ထားတဲ့လုပ်ငန်းကိုပါ တပြိုင်နက်ဆောင်ရွက်နေပြီး ခိုလှုံခွင့်ရရှိဖို့ ရာခိုင်နှုန်းများတယ်လို့ ပြောပါတယ်။
ဂိုးသမား ပြည့်လျှံအောင်

ပြည့်သျှံအောင်ဟာ လက်ရှိမှာ ဂျပန်ကလပ်တချို့နဲ့ စကားပြောဆိုထားပြီး ဘောလုံးနယ်ပယ်ထဲမှာပဲ လုပ်ကိုင်ဖို့ ရှိနေပါတယ်။

မြန်မာပြည်မှာဖြစ်နေတဲ့ အခြေအနေအရပ်ရပ်ကိုသိတဲ့ ဂျပန်နိုင်ငံက ကလပ်တွေကလည်း ပြည့်လျှံအောင်ကို အပြိုင်အဆိုင်ကမ်းလှမ်းကြပါတယ်…။

တိုကျိုမြို့အနားမှာ ကစားခဲ့တဲ့ ကမ္ဘာ့ဖလားခြေစစ်ပွဲမှာ မြန်မာကစားသမားတွေအနက် ကိုပြည့်သျှံအောင်တစ်ဦးတည်းက စစ်အာဏာသိမ်းမှုကို ဆန့်ကျင်တဲ့ လက်သုံးချောင်းထောင် သင်္ကေတ လုပ်ခဲ့ပြီး တရားမျှတမှု လိုအပ်တယ်ဆိုတဲ့ စာသား ပြခဲ့ပြီးနောက်ပိုင်း သူ့အသက်အန္တရာယ်စိုးရိမ်ရမှုကြောင့် အသင်းသားတွေနဲ့ ပြန်မလိုက်ဘဲ ဂျပန်နိုင်ငံမှာပဲ နေခဲ့ဖို့ ဆုံးဖြတ်ခဲ့တာ ဖြစ်ပါတယ်။

မြန်မာနိုင်ငံကို ပြန်ရင် စစ်ကောင်စီတပ်တွေရဲ့ ညှဉ်းပန်းနှိပ်စက်မှုတွေနဲ့ ကြုံရနိုင်တာကြောင့် သူ့ရဲ့ လျှောက်လွှာကို ချက်ချင်း ဆောင်ရွက်ပေးခဲ့တယ်လို့ ဂျပန် လူဝင်မှုကြီးကြပ်ရေး အာဏာပိုင်တွေက ပြောပါတယ်။

ဂျပန်အစိုးရရဲ့ တရားဝင် ခွင့်ပြုချက်ရခဲ့တာကြောင့် အသက် ၂၇ နှစ်အရွယ် ကိုပြည့်သျှံအောင်ဟာ ဂျပန်နိုင်ငံမှာ ၆ လတာ တရားဝင် နေထိုင်အလုပ်လုပ်ခွင့် ရမှာ ဖြစ်ပါတယ်။

အမှတ်မမှားဘူးဆိုရင် ပြည့်လျှံအောင်သာ ဂျေလိဂ်မှာကစားခွင့်ရရင် မြန်မာလူမျိုးထဲက ပထမဆုံးကစားခွင့်ရတဲ့သူအဖြစ် မှတ်တမ်းဝင်သွားမှာပါ…။

Zawgyi

ဂိုးသမား ျပည့္လွ်ံေအာင္ ဂ်ပန္မွာေနထိုင္ခြင့္ နဲ႔ အလုပ္လုပ္ခြင့္ရၿပီ

ဂ်ပန္ႏိုင္ငံ မွာ ေမလကုန္ပိုင္းက က်င္းပတဲ့ ကမာၻ႔ဖလားေျခစစ္ပြဲ ၿပိဳင္ပြဲ ျမန္မာ- ဂ်ပန္ ပြဲ အတြင္း လက္သုံးေခ်ာင္းေထာင္ၿပီး စစ္အာဏာရွင္ကို ဆန႔္က်င္ဆႏၵျပခဲ့တဲ့ျမန္မာ့လက္ေ႐ြးစင္ဂိုးသမား ျပည့္သွ်ံေအာင္ကို ဒီကေန႔ ဇူလိုင္ ၂ရက္မွာ ဂ်ပန္အစိုးရက ယာယီေနထိုင္ခြင့္ နဲ႔အလုပ္လုပ္ခြင့္ ကတ္ကို ထုတ္ေပးလိုက္ပါတယ္။
ဂိုးသမား ျပည့္လွ်ံေအာင္

အဲဒီကတ္ဟာ ေျခာက္လသက္တမ္းရွိမွာျဖစ္ၿပီးဒီကာလမွာ ႀကိဳက္ႏွစ္သက္ရာအလုပ္ကို ဝင္ေရာက္အလုပ္လုပ္ခြင့္ရမွာပါ။

လက္ရွိမွာ ေတာ့ ဂိုးသမားျပည့္သွ်ံေအာင္ဟာ ဂ်ပန္ႏိုင္ငံမွာ ႏိုင္ငံေရး ခိုလႈံခြင့္ေလွ်ာက္ထားတဲ့လုပ္ငန္းကိုပါ တၿပိဳင္နက္ေဆာင္႐ြက္ေနၿပီး ခိုလႈံခြင့္ရရွိဖို႔ ရာခိုင္ႏႈန္းမ်ားတယ္လို႔ ေျပာပါတယ္။
ဂိုးသမား ျပည့္လွ်ံေအာင္

ျပည့္သွ်ံေအာင္ဟာ လက္ရွိမွာ ဂ်ပန္ကလပ္တခ်ိဳ႕နဲ႔ စကားေျပာဆိုထားၿပီး ေဘာလုံးနယ္ပယ္ထဲမွာပဲ လုပ္ကိုင္ဖို႔ ရွိေနပါတယ္။

ျမန္မာျပည္မွာျဖစ္ေနတဲ့ အေျခအေနအရပ္ရပ္ကိုသိတဲ့ ဂ်ပန္ႏိုင္ငံက ကလပ္ေတြကလည္း ျပည့္လွ်ံေအာင္ကို အၿပိဳင္အဆိုင္ကမ္းလွမ္းၾကပါတယ္…။

တိုက်ိဳၿမိဳ႕အနားမွာ ကစားခဲ့တဲ့ ကမာၻ႔ဖလားေျခစစ္ပြဲမွာ ျမန္မာကစားသမားေတြအနက္ ကိုျပည့္သွ်ံေအာင္တစ္ဦးတည္းက စစ္အာဏာသိမ္းမႈကို ဆန႔္က်င္တဲ့ လက္သုံးေခ်ာင္းေထာင္ သေကၤတ လုပ္ခဲ့ၿပီး တရားမွ်တမႈ လိုအပ္တယ္ဆိုတဲ့ စာသား ျပခဲ့ၿပီးေနာက္ပိုင္း သူ႔အသက္အႏၲရာယ္စိုးရိမ္ရမႈေၾကာင့္ အသင္းသားေတြနဲ႔ ျပန္မလိုက္ဘဲ ဂ်ပန္ႏိုင္ငံမွာပဲ ေနခဲ့ဖို႔ ဆုံးျဖတ္ခဲ့တာ ျဖစ္ပါတယ္။

ျမန္မာႏိုင္ငံကို ျပန္ရင္ စစ္ေကာင္စီတပ္ေတြရဲ႕ ညႇဥ္းပန္းႏွိပ္စက္မႈေတြနဲ႔ ႀကဳံရႏိုင္တာေၾကာင့္ သူ႔ရဲ႕ ေလွ်ာက္လႊာကို ခ်က္ခ်င္း ေဆာင္႐ြက္ေပးခဲ့တယ္လို႔ ဂ်ပန္ လူဝင္မႈႀကီးၾကပ္ေရး အာဏာပိုင္ေတြက ေျပာပါတယ္။
ျပည့္လွ်ံေအာင္

ဂ်ပန္အစိုးရရဲ႕ တရားဝင္ ခြင့္ျပဳခ်က္ရခဲ့တာေၾကာင့္ အသက္ ၂၇ ႏွစ္အ႐ြယ္ ကိုျပည့္သွ်ံေအာင္ဟာ ဂ်ပန္ႏိုင္ငံမွာ ၆ လတာ တရားဝင္ ေနထိုင္အလုပ္လုပ္ခြင့္ ရမွာ ျဖစ္ပါတယ္။

အမွတ္မမွားဘူးဆိုရင္ ျပည့္လွ်ံေအာင္သာ ေဂ်လိဂ္မွာကစားခြင့္ရရင္ ျမန္မာလူမ်ိဳးထဲက ပထမဆုံးကစားခြင့္ရတဲ့သူအျဖစ္ မွတ္တမ္းဝင္သြားမွာပါ…။

Leave a Reply

Your email address will not be published. Required fields are marked *