အလွန်အကျိုးပေးသည့် ဘုရားရှိခိုးနည်း(ဂါထာတော်)
မင်္ဂလာပါ ပရိသတ်ကြီးရေ။ ဒီနေ့မှာတော့ လာဘ် တိတ်လို့ ဈေးရောင်းမကောင်းလို့ ငွေရေးကြေး ရေး အခက်အခဲဖြစ်လို့ စိတ်ညစ်နေသူများ အတွက် ရသေ့ကြီး ဦးခန္တီရွတ်ဆိုသော အလွန်အကျိုးပေးသည့် ဘုရား ရှိခိုးနည်းကို ဖော်ပြပေးလိုက်ပါတယ်။
လာဘ်တိတ်နေသူများ။ ဈေးရောင်း မကောင်းသူများ။ အကြွေး မရသူများ။ အကြွေး မဆပ်နိုင်သူများ။ ငွေကြေး အခက်အခဲဖြစ်နေသူများ။အကြီးအကဲနဲ့ အဆင်မပြေသူများ၊အလုပ်အကိုင် တို့လို တန်းလန်း ဖြစ်နေသူများ။
လာဘ်ရွှင်ငွေဝင်လိုသူများ အတွက် အလွန်တရာမှ လာဘ်ရွှင်စေသော ရသေ့ကြီး ဦးခန္တီရွတ်ဆိုသော ဂါထာကို တင်ဆက်ပေးလိုက်ရပါတယ်။ ဒေါက်တာအရှင်ကုမာရာဘိဝံသ(ဗန်းမော်ဆရာတော်) ချီးမြှင့်တော်မူသော ရသေ့ကြီး ဦးခန္တီ၏ ဂါထာတော်။
အရဟံ၊ ဗဟိ-အန္တ-ဇယံ၊ သုဂတံ၊ အမိတံ၊ ဝိရဇံ၊ လလိတံ၊ အတုလံ၊ စရဏံ၊ တိ-ဘဝူပ-သမံ၊ ယမကံ၊ သုခ ဒံ ၊ သရဏံ ၊ ပဏမာမိ ဇိနံ။
အနက်ကို ရွတ်ဆိုရန် မလိုပါ။ အဓိပ္ပါယ်သိရန် ရေးပေးတာပါ။ အထက်ပါ ဂါထာကိုသာ ရွတ်ဆိုပူဇော်ပါ။
၁။အရဟံ= ပူဇော်အထူးကို ခံယူတော်မူထိုက်သော မြတ်စွာဘုရားကို ပဏမာမိ=ရှိခိုးပါ၏။
၂။ဗဟိ-အန္တ-ဇယ= အတွင်း-အပ ရန်ကိုအောင် တော်မူသော မြတ်စွာဘုရားကို ပဏမာမိ=ရှိခိုးပါ၏။
၃။သုဂတံ= ကောင်းသောစကားကို ဟောပြောတတ်သော မြတ်စွာဘုရားကို ပဏမာမိ=ရှိခိုးပါ၏။
၄။အမိတံ= မနှိုင်းယှဉ်နိုင်သည့် တန်ခိုးပြာဋိဟာရှိသော မြတ်စွာဘုရားကို ပဏမာမိ=ရှိခိုးပါ၏။
၅။ဝိရဇံ= ကိလေသာမြူ ကင်းတော်မူသော မြတ် စွာဘုရားကို ပဏမာမိ=ရှိခိုးပါ၏။
၆။လလိတံ= တင့်တယ် သပ္ပါယ်တော်မူသော မြတ်စွာဘုရားကို ပဏမာမိ=ရှိခိုးပါ၏။
၇။အတုလံ= အတုမရှိသော မြတ်စွာဘုရားကို ပဏမာမိ=ရှိခိုးပါ၏။
၈။စရဏံ= အကျင့်စရဏနှင့် ပြည့်စုံတော်မူသော မြတ်စွာဘုရားကို ပဏမာမိ=ရှိခိုးပါ၏။
၉။တိ-ဘဝူပ-သမံ= ဘုံသုံးပါး၌ ကိလေသာငြိမ်းအေးသော မြတ်စွာဘုရားကို ပဏမာမိ=ရှိခိုးပါ၏။
၁ဝ။ယမကံ= ရေမီး အစုံအစုံ တန်ခိုးပြာဋိဟာနှင့် ပြည့်စုံသော မြတ်စွာဘုရားကို ပဏမာမိ=ရှိခိုးပါ၏။
၁၁။သုခဒံ= ချမ်းသာကို ပေးစွမ်းနိုင်သော မြတ်စွာ ဘုရားကို ပဏမာမိ=ရှိခိုးပါ၏။
၁၂။သရဏံ= ကိုးကွယ်အားထားရာဖြစ်သော မြတ်စွာဘုရားကို ပဏမာမိ=ရှိခိုးပါ၏။
၁၃။ဇိနံ= မာရ်ငါးပါးကိုအောင်မြင်သော မြတ်စွာ ဘုရားကို ပဏမာမိ=ရှိခိုးပါ၏။
ဤဂါထာကို မနက်( ၉ )ခေါက် နေ့( ၉ )ခေါက် ည( ၉ )ခေါက် အမြဲ ရွတ်ဆိုပူဇော်ကြပါ။ သိသိသာသာ အကျိုးပေးပါလိမ့်မည်။
ဖတ်ရှု့ အားပေးတဲ့ ပရိသတ်ကြီးလည်း ဤဘုရားရှိခိုးနည်း (ဂါထာတော်)အားရွတ်ဖတ်ခြင်းဖြင့် လာဘ် လာဘ ပွင့်လန်းပြီး အခက်အခဲဟူသမျှ ကျော် လွှားနိုင်ကြပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်။
အနှိုင်းမဲ့ရင်ခွင်
သာသနာ့ အားမာန် ဆရာတော်
Zawgyi
အနှိုင်းမဲ့ရင်ခွင်