ထောင်ကလွတ်လာလာချင်း ဖွားဖွားစု ပြန်လွတ်လာပြီလားလို့ မေးလိုက်တဲ့ မိုးကုတ်က ၅ နှစ်အရွယ် သမီးငယ်လေး

ထောင်ကလွတ်လာလာချင်း ဖွားဖွားစု ပြန်လွတ်လာပြီလားလို့ မေးလိုက်တဲ့ မိုးကုတ်က ၅ နှစ်အရွယ် သမီးငယ်လေး

မန္တလေးတိုင်းဒေသကြီး၊ မိုးကုတ်မြိုကတက်ကြွလှုပ်ရှားသူကိုစိုးဌေးရဲ့သမီး အသက် ၅ နှစ်အရွယ် မစုထက်ဝိုင်းဟာ ဇွန်လ ၃၀ ရက်က ပြန်လည်လွတ်မြောက်လာခဲ့ပါတယ်။

စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဟာ ၅၀၅ (က)နဲ့ ဖမ်းဝရမ်းထုတ်ထားတဲ့ ကိုစိုးဌေးကို လာရောက်ရှာဖွေဖမ်းဆီးရာမှာ မတွေ့လို့ ကိုစိုးဌေးရဲ့ ဇနီးနဲ့ သမီးနှစ်ယောက်ကို ဇွန်လ ၁၃ ရက်က ဖမ်းဆီးခဲ့တာ ဖြစ်ပါတယ်။

လက်ရှိမှာ ကိုစိုးဌေးရဲ့ ဇနီးနဲ့ သမီးအကြီးတို့ဟာ ထောင်ထဲမှာဘဲ ဆက်ရှိနေပြီး သမီးငယ်လေး ပြန်လွတ်လာမှုနဲ့ပတ်သက်လို့ ကိုစိုးဌေးက.

“သမီးငယ် စုထက်ဝိုင်း မနေ့က ဖမ်းဆီးခံထားရာကပြန်လွတ်လာပါတယ်။

သမီးကြီးနဲ့ သူ့အမေကိုတော့ ဖမ်းဆီးထားဆဲပါစုထက်ဝိုင်းလွတ်မြောက်ရေးအတွက် ကြိုးစားပေးကြတဲ့ နိုင်ငံတကာ အဖွဲ့အစည်းများ ပြည်တွင်းတော်လှန်ရေးအင်အားစုများကို အထူးကျေးဇူးတင်ပါတယ်ဗျာ

သမီးလေး လွတ်လာကြောင်း အဆက်အသွယ်ရရချင်း ဘေးကင်းရာကို ပြန်လည်ခေါ်ယူနိုင်ဖို့ကြိုးစားပေးကြတဲ့ GZလူငယ်များ လမ်းခရီးတလျှောက်စောင့်ရှောက်ပေးကြသူများအားလုံးကို လည်း ကျေးဇူးတင်ပါတယ်။

နှစ်ပတ်ကျော်ကြာဖမ်းဆီးချုပ်နှောင်ခံထားရစဉ် “ထမင်းဝအောင် မစားရဘူး” “ရေချိုးရင် အိမ်သာရေနဲ့ ချိုးရတာ” လို့ ပြန်ပြောပြပါတယ်..

“ဖွားဖွားစု(ဒေါ်အောင်ဆန်းစုကြည်)လွတ်ပြီလား “လို့လည်း မေးပါတယ်။

“မလွတ်သေးဘူး သမီးရေ” ဆိုတော့ ခပ်ငေးငေးလေးဖြစ်သွားပုံက ရင်ထဲထိရှရပါတယ်ဗျာ။

သူ့အမေနဲ့အမ ထောင်ထဲမှာ ဘယ်လိုနေထိုင်နေရလဲ စသဖြင့် အထဲကအကြောင်းတွေကို မေးတာကို

မျက်နှာလေး အရောင်ပြောင်းသွားပြီး ဘာမှ ပြန်မပြောဘူး ”

စိတ်ဒဏ်ရာမရှိ ဘဝကိုရဲဝံ့စွာလျှောက်လှမ်းနိုင်ပါစေသမီးငယ်လေးရေ 💗

ဇဝါ

Zawgyi

ေထာင္ကလြတ္လာလာခ်င္း ဖြားဖြားစု ျပန္လြတ္လာၿပီလားလို႔ ေမးလိုက္တဲ့ မိုးကုတ္က ၅ ႏွစ္အ႐ြယ္ သမီးငယ္ေလး

မႏၲေလးတိုင္းေဒသႀကီး၊ မိုးကုတ္ၿမိဳကတက္ႂကြလႈပ္ရွားသူကိုစိုးေဌးရဲ႕သမီး အသက္ ၅ ႏွစ္အ႐ြယ္ မစုထက္ဝိုင္းဟာ ဇြန္လ ၃၀ ရက္က ျပန္လည္လြတ္ေျမာက္လာခဲ့ပါတယ္။

စစ္ေကာင္စီတပ္ဖြဲ႕ဝင္ေတြဟာ ၅၀၅ (က)နဲ႔ ဖမ္းဝရမ္းထုတ္ထားတဲ့ ကိုစိုးေဌးကို လာေရာက္ရွာေဖြဖမ္းဆီးရာမွာ မေတြ႕လို႔ ကိုစိုးေဌးရဲ႕ ဇနီးနဲ႔ သမီးႏွစ္ေယာက္ကို ဇြန္လ ၁၃ ရက္က ဖမ္းဆီးခဲ့တာ ျဖစ္ပါတယ္။

လက္ရွိမွာ ကိုစိုးေဌးရဲ႕ ဇနီးနဲ႔ သမီးအႀကီးတို႔ဟာ ေထာင္ထဲမွာဘဲ ဆက္ရွိေနၿပီး သမီးငယ္ေလး ျပန္လြတ္လာမႈနဲ႔ပတ္သက္လို႔ ကိုစိုးေဌးက.

“သမီးငယ္ စုထက္ဝိုင္း မေန႔က ဖမ္းဆီးခံထားရာကျပန္လြတ္လာပါတယ္။

သမီးႀကီးနဲ႔ သူ႔အေမကိုေတာ့ ဖမ္းဆီးထားဆဲပါစုထက္ဝိုင္းလြတ္ေျမာက္ေရးအတြက္ ႀကိဳးစားေပးၾကတဲ့ ႏိုင္ငံတကာ အဖြဲ႕အစည္းမ်ား ျပည္တြင္းေတာ္လွန္ေရးအင္အားစုမ်ားကို အထူးေက်းဇူးတင္ပါတယ္ဗ်ာ

သမီးေလး လြတ္လာေၾကာင္း အဆက္အသြယ္ရရခ်င္း ေဘးကင္းရာကို ျပန္လည္ေခၚယူႏိုင္ဖို႔ႀကိဳးစားေပးၾကတဲ့ GZလူငယ္မ်ား လမ္းခရီးတေလွ်ာက္ေစာင့္ေရွာက္ေပးၾကသူမ်ားအားလုံးကို လည္း ေက်းဇူးတင္ပါတယ္။

ႏွစ္ပတ္ေက်ာ္ၾကာဖမ္းဆီးခ်ဳပ္ေႏွာင္ခံထားရစဥ္ “ထမင္းဝေအာင္ မစားရဘူး” “ေရခ်ိဳးရင္ အိမ္သာေရနဲ႔ ခ်ိဳးရတာ” လို႔ ျပန္ေျပာျပပါတယ္..

“ဖြားဖြားစု(ေဒၚေအာင္ဆန္းစုၾကည္)လြတ္ၿပီလား “လို႔လည္း ေမးပါတယ္။

“မလြတ္ေသးဘူး သမီးေရ” ဆိုေတာ့ ခပ္ေငးေငးေလးျဖစ္သြားပုံက ရင္ထဲထိရွရပါတယ္ဗ်ာ။

သူ႔အေမနဲ႔အမ ေထာင္ထဲမွာ ဘယ္လိုေနထိုင္ေနရလဲ စသျဖင့္ အထဲကအေၾကာင္းေတြကို ေမးတာကို

မ်က္ႏွာေလး အေရာင္ေျပာင္းသြားၿပီး ဘာမွ ျပန္မေျပာဘူး ”

စိတ္ဒဏ္ရာမရွိ ဘဝကိုရဲဝံ့စြာေလွ်ာက္လွမ္းႏိုင္ပါေစသမီးငယ္ေလးေရ 💗

ဇဝါ

Leave a Reply

Your email address will not be published. Required fields are marked *