Mask နဲ့ မရ တော့ပါတဲ့ အားလုံးပဲ အထူးသတိထားကြပါ

Mask နဲ့ မရ တော့ပါတဲ့ 😭😭😭

ပဲခူးတိုင်း ဒေသကြီး သာယာဝတီခရိုင် လက်ပံတန်းမြို့မှာ (26.6.2021)

ယနေ့မှ စပီးတစ်မြို့လုံး lock down ပါတဲ့ လူနာ ၄၀၀ ပြည့်သွားလို့ပါတဲ့

အားလုံး သတိထားကြရတော့မယ် ကလေးမြို့မှာလည်း တစ်ရက် လူ၂၀နီးပါးသေနေပြီတဲ့

သတိပိုတယ်မရှိ စိတ်ဓာတ်တော့မကျပါနဲ့နော်အားလုံးတူတူရောဂါဆိုးကြီးကိုဖြတ်သန်းကြမယ်

ကူးစက်မြန် သေဆုံးမြန် ကိုဗစ်ပိုးတွေ ဖြစ်တဲ့ UK Alpha, India Delta နဲ့ Kappa တွေ မြန်မာပြည်တွင် ကူးစက်ပြန့်နှံ့ နေပြီ!

“လက်ဆေး/Mask တပ်ရုံမျှဖြင့် မလုံလောက်တော့သော New COVID-19 ကာကွယ်ရေး…”မူလ D Strain(Aspartic Acid)မှ

G Strain(Glycine) သို့ပြောင်းလဲခဲ့ပြီဖြစ်သောမျိုးဗီဇပြောင်း COVID-19 ၏ အန္တရာယ်မှကာကွယ်ရန်အတွက်

လက်ဆေးခြင်း/Mask တပ်ထားခြင်း မျှလောက်ဖြင့်ပြီးပြည့်စုံမှုမရှိနိုင်တော့ သည်ကိုသတိပြုကြရမည်ဖြစ်သည်…

COVID-19 ၏ မူလကူးစက်နိုင်စွမ်းကတစ်ဦးထံမှ ၃ ဦးကျော်အထိသာ ရှိခဲ့သော်လည်း၊

မျိုးဗီဇပြောင်းလာသော COVID ကမူ တစ်ဦးထံမှ ၂၀ ဦးထံသို့အထိ စွမ်းအားရှိနေပြီဖြစ်သည်…

စနစ်တကျထိန်းချုပ်ခြင်းမပြုနိုင်ပါက ရောဂါပိုးရှိသူတစ်ဦးမှ ၂၀ ဦးဆီသို့၊

ထို ၂၀ ဦးမှနောက်ထပ် ၂၀ ဦးစီထံသို့ ထပ်ဆင့်ဆပွားကာ ကူးစက်ပြန့်ပွားသွားနိုင်သည်…

လက်ရှိအနေအထားတွင်

🔼 စက္ကန့် ၂၀ ကြာလက်ဆေးခြင်းနှင့် Mask တပ်ခြင်းများအပြင်… မိမိနေအိမ်အတွင်း၌သာ နေထိုင်ခြင်း၊

နေအိမ်ပြင်ပသို့အချိန်ကြာမြင့်စွာ သွားလာခြင်းမှအတတ်နိုင်ဆုံးရှောင်ရှားခြင်း၊

နေအိမ်ပြင်ပသို့သွားရောက်ပါက မျက်နှာအကာအကွယ်အဖြစ်

Face Shield ခေါ် Anti-Splash Mask ကိုပါ တပ်ဆင်အသုံးပြုခြင်း၊

အိမ်နီးချင်းများနှင့် ကူးလူးဆက်သွယ်မှုကိုရှောင်ရှားခြင်း၊ ဧည့်သည်ကိုလက်ခံခြင်းနှင့်

မိမိကိုယ်တိုင်တစ်ပါးသူထံသို့ သွားရောက်လည်ပတ်မှုမှ ရှောင်ရှားခြင်း၊

အပြင်မှပြန်ရောက်ရောက်ခြင်း အဝတ်အစားများအားလုံးကို ဆပ်ပြာဖြင့်လျှော်ဖွတ်/ရေချိုးပြီးမှသာ

မိသားစုနှင့်ထိတွေ့ခြင်း၊ ရုံး/စက်ရုံများ၌ အလုပ်ဆင်းရသူများအနေဖြင့် ရုံး/စက်ရုံသို့ရောက်ရောက်ခြင်း

တံတောင်ဆစ်မှစ၍ ဆပ်ပြာဖြင့်လက်ဆေးခြင်း၊ ဒူးခေါင်းမှစ၍ ဆပ်ပြာဖြင့်ခြေဆေးခြင်း၊

ညနေအိမ်ပြန်ရောက်လျှင် အထက်တွင်ဖော်ပြခဲ့သည့်အတိုင်း လုပ်ဆောင်ပြီးမှသာ

မိသားစုနှင့်ထိတွေ့ခြင်း၊ ထီးနှင့်ဖိနပ်များကို နေအိမ်/တိုက်ခန်းအတွင်းသို့

သွင်းခြင်းကိုရှောင်ရှားခြင်း၊ ဟင်းသီးဟင်းရွက်များကို ဆားရည်ဖြင့်စိမ်ထားပြီးမှသာ…

အသားငါးများကို ဆားဖြင့်နှံ့အောင်နယ်ပြီးမှသာ… ချက်ပြုတ်ခြင်း၊

ဟင်းလျာများကိုစီမံသည့်အခါ အစိမ်းသုပ်စားခြင်းကို အထူးရှောင်ရှားပြီး၊

ကျက်အောင်ချက်ပြုတ်ပြီးမှသာ စားသောက်ခြင်း၊ မလွှဲမရှောင်သာသော အခြေအနေကြောင့်

စားသောက်ဆိုင်များ၌ စားသောက်ရသည့်အခါ တစ်ဦးချင်းစီအတွက် ဟင်းပွဲငယ်တစ်ပွဲချင်းစီခွဲ၍

လည်းကောင်း၊ရေပုလင်းတစ်ပုလင်းချင်းစီခွဲ၍ လည်းကောင်း၊ရေခွက်တစ်ခွက်ချင်းစီခွဲ၍

လည်းကောင်းစားသုံးခြင်း၊မည်သည့်အကြောင်းနှင့်မျှတစ်ဦးနှင့်တစ်ဦးထိတွေ့မပြု ခြင်း၊

စသည်တို့ကိုလိုက်နာကျင့်သုံးကြရန်လိုအပ်ပါသည်…

ရောဂါပိုးရှိနေသူက နှာချေ /ချောင်းဆိုးလျှင် ဗိုင်းရပ်ပိုးက ၅ ပေကျော် အကွာအဝေးအထိ

ရောက်ရှိနိုင်သဖြင့် တစ်ဦးနှင့်တစ်ဦး ၃ ပေအကွာအဝေးကလုံလောက်မှုမရှိသည်ကို

သတိပြုကြလျက်၊တစ်ဦးနှင့်တစ်ဦးအနည်းဆုံးနှစ်မီတာ(၆ ပေခွဲ)ခြာ၍နေကြရမည်သာဖြစ်ပါသည်…

မိဘပြည်သူများအားလုံးကပ်ရောဂါဆိုးကြီး၏အန္တရာယ်မှလွတ်မြောက်ရှင်သန်နိုင်ကြပါစေ…

Zawgyi

Mask နဲ့ မရ တော့ပါတဲ့ 😭😭😭













လက်ရှိအနေအထားတွင်
























Leave a Reply

Your email address will not be published. Required fields are marked *