ပြင်းထန်စွာခံစားရတဲ့ ကိုဗစ်ကပ်ဆိုးကြီးကို မပေါ့ဆဖို့ သတိပေးလိုက်တယ် ကိုမိုးထက်
ရေမွန်ဆုံးတဲ့နေ့မှာ ကျနော် စဖျားပါတယ်… ခုဆို ၁၁ရက်ရှိပါပီ… ညတိုင်းလဲ လုံးဝ အိပ်မရပါဘူး…
အမောအရမ်းဖောက်တဲ့အချိန်ဆို မြန်မြန်သေပါတော့လို့တောင် ဆုတောင်းမိပါတယ်…
တခါတလေဆို တိုက်ပေါ်က ခုန်ချချင်စိတ်ပေါက်ပါတယ်…. ခုထိလဲမသက်သာသေးပါဘူး…
မပေါ့ကြပါနဲ့… မလိုအပ်ဘဲ အပြင်မထွက်ကြပါနဲ့… mask တပ်ပါ…. လက်ဆေးပါ…
ဒီလောက်ဆိုးဝါးတဲ့ ရောဂါကြီးကို ဘယ်သူကိုမှ မခံစားစေချင်ပါဘူး….
ကျနော် တကယ့်စေတနာအမှန်နဲ့ ပြောတာပါ… နေပြန်ကောင်းခဲ့ရင် comic လေးတွေဆွဲပီး
မိတ်ဆွေတို့ကို ရယ်မောစေချင်ပါသေးတယ်…
ကမ္ဘာမြေကြီးကျန်းမာပါစေ…
Zawgyi