စစ်ဆေးဆရာဝန်ဗိုလ်ကြီး မင်းမောင်မောင် ဝန်ခံထွက်ဆိုလာတဲ့ မကြယ်စင်ရုပ်အလောင်းကိစ္စ 

စစ်ဆေးဆရာဝန်ဗိုလ်ကြီး မင်းမောင်မောင် ဝန်ခံထွက်ဆိုလာတဲ့ မကြယ်စင်ရုပ်အလောင်းကိစ္စ

မကြယ်စင်အလောင်းကိုခွဲခိုင်းတဲ့ ဆရာဝန်ထွက်ပြေးပြီးနောက် စစ်ဆရာဝန်များကို ရင်ခွဲမခိုင်းတော့ဘဲကြုံရာစစ်သားကိုခွဲခိုင်းနေ ၊ စစ်ဆရာဝန် တံဆိပ်တုံးကိုလည်း အတုလုပ်နေဟုဆို

မန္တလေးက ဆန္ဒပြမှုဖြစ်စဉ်မှာ ကျဆုံးသွားတဲ့ မကြယ်စင်ရုပ်အလောင်းကို ခွဲခိုင်းရာကနေ ထွက်ပြေးတဲ့ ဆရာဝန်တွေကြောင့် စစ်ဆရာဝန်တွေကို ရင်ခွဲမခိုင်းတော့ဘူးလို့သိရသလို စစ်ဆရာဝန်တွေရဲ့တံဆိပ်တုံးတွေကိုလည်း အတုလုပ် နေတယ်လို့CDM ပြုလုပ်ထားတဲ့ ဆေးတပ်ခွဲစိတ်ပါရဂူ ဗိုလ်ကြီး မင်းမောင်မောင်က RFAမီဒီယာနဲ့တွေ့ဆုံမေးမြန်းခန်းမှာ ပြောပါတယ်။” အလောင်းခွဲတယ်ဆိုရင် မူခင်းဆရာဝန်ကခွဲပေးရတယ် မူခင်းဆရာဝန်ထဲမှာ ကျွန်တော့်သူငယ်ချင်းတွေအများကြီးရှိတယ် မန္တလေးက ကြယ်စင်လေး ကိစ္စတုန်းကဆိုရင် အလောင်းဖော်တယ် ဖော်ပြီးတဲ့ခါကြရင် ပြန်ပြီးတော့

သူတို့ကခွဲတယ် အဲဒီအလောင်းကို ခွဲခိုင်းတဲ့ဆရာဝန်တွေက ထွက်ပြေးသွားတယ် အဲဒီကောင်တွေက ဘယ်ရောက်သွားပြီးလဲမသိဘူး နောက်ဆုံးကျတော့ ဆရာဝန်တွေကို မခိုင်းတော့ဘူး ရင်ခွဲတဲ့ ဆရာကြီးတွေရှိတယ် အရာခံဗိုလ် တပ်ကြပ်ကြီးတွေ” လို့ ခွဲစိတ်ပါရဂူ ဗိုလ်ကြီး မင်းမောင်မောင်ကဆိုပါတယ်။စစ်ဆရာဝန်တွေက ရင်မခွဲရတော့ သူတို့ရဲ့တံဆိပ်တုံးလက်မှတ် အတုတွေကို စစ်ကောင်စီက လုပ်ဆောင်ခဲ့ရတယ်လို့ သိရပါတယ်။

” စရဖကကောင်တွေက နိုပ်စက်လွန်သေသွားတဲ့ အချိန်မှာ ဒီစကစက အလောင်းကို ဆရာကြီးတွေကို ခွဲခိုင်းတယ် လူခွဲတဲ့နေရာမှာတော့ ဝတ်ကျေတန်းကျေခွဲကြတာ ခွဲပြီးပြီးဆိုရင် အထဲကဟာတွေ ပြန်ပြီးတော့ ဗိုက်ထဲပြန်တန်းထည့် ပြန်ပိတ်ချုပ်တာလေ တစ်ချို့တွေကျတော့လည်း ထည့်တဲ့ဟာထည့် မထည့်တဲ့ဟာမထည့်ပေါ့

အဲဒါမျိုးလုပ်ကြတာ ပြီးပြီဆိုရင် အဲဒီဆရာဝန်တွေက လက်မှတ်မထိုးပေးတော့ဘူးဗျာ လက်မှတ်မထိုးပေးတော့ သူတို့ကဘာလုပ်လဲဆိုတော့ တစ်ချို့ဆရာဝန်တွေရဲ့ တံဆိပ်တုန်းတွေကို အတုလုပ်ပြီးတော့ သူတို့ထွက်ချင်တဲ့ ပုံစံကို သူတို့ဘာသာသူတို့ရေးပြီးတော့ လုပ်ကြတယ် နိုင်ငံခြားကိုတင်ရောင်းတာတော့မဟုတ်ဘူး ” လို့ ခွဲစိတ်ပါရဂူ ဗိုလ်ကြီး မင်းမောင်မောင်က ဆိုပါတယ်။

အကြမ်းဖက်စစ်ကောင်စီတပ်ဟာ ဆန္ဒပြသူတွေနဲ့ည ဘက်နေအိမ်တွေကို ဝင်ရောက်ဖမ်းဆီးခံရသူတွေထဲက တစ်ချို့ကို စစ်ကြောရေးမှာ လူသားမဆန်စွာ ညှင်းပန်းနိုပ်စက်ခဲ့ပြီး သေဆုံးသွားသူတွေရဲ့ရုပ်အလောင်းကို ရင်ခွဲပြီး မိသားစုထံ ပြန်လည်ပို့ဆောင်ပေးခဲ့တာရှိသလို အခုနောက်ပိုင်းမှာတော့ ကိုဗစ်အကြောင်းပြပြီး တန်း သဂြိုဟ်မှုတွေပြုလုပ်နေတာပဲဖြစ်ပါတယ်။

Zawgyi

စစ္ေဆးဆရာဝန္ဗိုလ္ႀကီး မင္းေမာင္ေမာင္ ဝန္ခံထြက္ဆိုလာတဲ့ မၾကယ္စင္႐ုပ္အေလာင္းကိစၥ ❗

မၾကယ္စင္အေလာင္းကိုခြဲခိုင္းတဲ့ ဆရာဝန္ထြက္ေျပးၿပီးေနာက္ စစ္ဆရာဝန္မ်ားကို ရင္ခြဲမခိုင္းေတာ့ဘဲႀကဳံရာစစ္သားကိုခြဲခိုင္းေန ၊ စစ္ဆရာဝန္ တံဆိပ္တုံးကိုလည္း အတုလုပ္ေနဟုဆို

မႏၲေလးက ဆႏၵျပမႈျဖစ္စဥ္မွာ က်ဆုံးသြားတဲ့ မၾကယ္စင္႐ုပ္အေလာင္းကို ခြဲခိုင္းရာကေန ထြက္ေျပးတဲ့ ဆရာဝန္ေတြေၾကာင့္ စစ္ဆရာဝန္ေတြကို ရင္ခြဲမခိုင္းေတာ့ဘူးလို႔သိရသလို စစ္ဆရာဝန္ေတြရဲ႕တံဆိပ္တုံးေတြကိုလည္း အတုလုပ္ ေနတယ္လို႔CDM ျပဳလုပ္ထားတဲ့ ေဆးတပ္ခြဲစိတ္ပါရဂူ ဗိုလ္ႀကီး မင္းေမာင္ေမာင္က RFAမီဒီယာနဲ႔ေတြ႕ဆုံေမးျမန္းခန္းမွာ ေျပာပါတယ္ ” အေလာင္းခြဲတယ္ဆိုရင္ မူခင္းဆရာဝန္ကခြဲေပးရတယ္ မူခင္းဆရာဝန္ထဲမွာ ကြၽန္ေတာ့္သူငယ္ခ်င္းေတြအမ်ားႀကီးရွိတယ္ မႏၲေလးက ၾကယ္စင္ေလး ကိစၥတုန္းကဆိုရင္ အေလာင္းေဖာ္တယ္ ေဖာ္ၿပီးတဲ့ခါၾကရင္ ျပန္ၿပီးေတာ့

သူတို႔ကခြဲတယ္ အဲဒီအေလာင္းကို ခြဲခိုင္းတဲ့ဆရာဝန္ေတြက ထြက္ေျပးသြားတယ္ အဲဒီေကာင္ေတြက ဘယ္ေရာက္သြားၿပီးလဲမသိဘူး ေနာက္ဆုံးက်ေတာ့ ဆရာဝန္ေတြကို မခိုင္းေတာ့ဘူး ရင္ခြဲတဲ့ ဆရာႀကီးေတြရွိတယ္ အရာခံဗိုလ္ တပ္ၾကပ္ႀကီးေတြ” လို႔ ခြဲစိတ္ပါရဂူ ဗိုလ္ႀကီး မင္းေမာင္ေမာင္ကဆိုပါတယ္။စစ္ဆရာဝန္ေတြက ရင္မခြဲရေတာ့ သူတို႔ရဲ႕တံဆိပ္တုံးလက္မွတ္ အတုေတြကို စစ္ေကာင္စီက လုပ္ေဆာင္ခဲ့ရတယ္လို႔ သိရပါတယ္။

” စရဖကေကာင္ေတြက ႏိုပ္စက္လြန္ေသသြားတဲ့ အခ်ိန္မွာ ဒီစကစက အေလာင္းကို ဆရာႀကီးေတြကို ခြဲခိုင္းတယ္ လူခြဲတဲ့ေနရာမွာေတာ့ ဝတ္ေက်တန္းေက်ခြဲၾကတာ ခြဲၿပီးၿပီးဆိုရင္ အထဲကဟာေတြ ျပန္ၿပီးေတာ့ ဗိုက္ထဲျပန္တန္းထည့္ ျပန္ပိတ္ခ်ဳပ္တာေလ တစ္ခ်ိဳ႕ေတြက်ေတာ့လည္း ထည့္တဲ့ဟာထည့္ မထည့္တဲ့ဟာမထည့္ေပါ့

အဲဒါမ်ိဳးလုပ္ၾကတာ ၿပီးၿပီဆိုရင္ အဲဒီဆရာဝန္ေတြက လက္မွတ္မထိုးေပးေတာ့ဘူးဗ်ာ လက္မွတ္မထိုးေပးေတာ့ သူတို႔ကဘာလုပ္လဲဆိုေတာ့ တစ္ခ်ိဳ႕ဆရာဝန္ေတြရဲ႕ တံဆိပ္တုန္းေတြကို အတုလုပ္ၿပီးေတာ့ သူတို႔ထြက္ခ်င္တဲ့ ပုံစံကို သူတို႔ဘာသာသူတို႔ေရးၿပီးေတာ့ လုပ္ၾကတယ္ ႏိုင္ငံျခားကိုတင္ေရာင္းတာေတာ့မဟုတ္ဘူး ” လို႔ ခြဲစိတ္ပါရဂူ ဗိုလ္ႀကီး မင္းေမာင္ေမာင္က ဆိုပါတယ္။

အၾကမ္းဖက္စစ္ေကာင္စီတပ္ဟာ ဆႏၵျပသူေတြနဲ႔ည ဘက္ေနအိမ္ေတြကို ဝင္ေရာက္ဖမ္းဆီးခံရသူေတြထဲက တစ္ခ်ိဳ႕ကို စစ္ေၾကာေရးမွာ လူသားမဆန္စြာ ညႇင္းပန္းႏိုပ္စက္ခဲ့ၿပီး ေသဆုံးသြားသူေတြရဲ႕႐ုပ္အေလာင္းကို ရင္ခြဲၿပီး မိသားစုထံ ျပန္လည္ပို႔ေဆာင္ေပးခဲ့တာရွိသလို အခုေနာက္ပိုင္းမွာေတာ့ ကိုဗစ္အေၾကာင္းျပၿပီး တန္း သၿဂိဳဟ္မႈေတြျပဳလုပ္ေနတာပဲျဖစ္ပါတယ္။

Leave a Reply

Your email address will not be published. Required fields are marked *