ကိုချစ်မင်းသူရဲ့ ဇနီးဖြစ်သူထံ သွားရောက်တွေ့ဆုံကာ ကိုယ်ဝန်နဲ့ပတ်သတ်တဲ့ စောင့်ရှောက်မှုတွေ ဆောင်ရွက်ပေးခဲ့တဲ့ နီနီခင်ဇော်

ကိုချစ်မင်းသူရဲ့ ဇနီးဖြစ်သူထံ သွားရောက်တွေ့ဆုံကာ ကိုယ်ဝန်နဲ့ပတ်သတ်တဲ့ စောင့်ရှောက်မှုတွေ ဆောင်ရွက်ပေးခဲ့တဲ့ နီနီခင်ဇော်

အဆိုတော် နီနီခင်ဇော်ကတော့ ဝါသနာပါရာ ဂီတလှုပ်ရှားမှုတွေ လုပ်ဆောင်ရင်း ပရိသတ်တွေရဲ့ တစ်ခဲနက် အားပေးမှုတွေကို သိမ်းပိုက်ရရှိထားသူ တစ်ဦးပဲ ဖြစ်ပါတယ်။

လက်ရှိ မြန်မာနိုင်ငံတွင် ဖြစ်ပေါ်နေတဲ့ လူထုလှုပ်ရှားမှုများမှာလည်း ကျရာအခန်းကဏ္ဍကနေ ပါဝင်ကူညီ အားဖြည့်ပေးနေတာလည်း ဖြစ်ပါတယ်။

သူမ တတ်မြောက်ထားတဲ့ ဆေးပညာရပ်တွေနဲ့လည်း ဆေးရုံတက်ဖို့ အခက်အခဲဖြစ်နေတဲ့ ပြည်သူများအတွက် ပရဟိတဆေးခန်းတွင် ဆေးကုသပေးနေသူပါ။

ရဲရင့်ပြတ်သားပြီး အရေးကြုံတဲ့အခါတိုင်း ပြည်သူတွေဘက်ကနေ တစ်သွေးတည်း တစ်သားတည်း ရပ်တည်ပေးနေတာကြောင့်လည်း ပရိသတ်တွေက လေးစားအားကျနေကြတာလည်း ဖြစ်ပါတယ်။

မနေ့ကလည်း နီနီရဲ့လူမှုကွန်ယက်စာမျက်နှာတွင် လူထုလှုပ်ရှားမှုမှာ ပါဝင်ရင်း ကွယ်လွန်သွားပြီဖြစ်တဲ့ သူရဲကောင်း ကိုချစ်မင်းသူရဲ့ နေအိမ်သို့ သွားရောက်ခဲ့တဲ့ အကြောင်းအား ရေးသားဝေမျှထားတာပဲ ဖြစ်ပါတယ်

Zawgyi







Leave a Reply

Your email address will not be published. Required fields are marked *