ဒေါက်တာထားထားလင်းရဲ့ (၇)နှစ်အရွယ်သားငယ်လေးကို အခုထိခေါ်ထားပြီး ပြန်မလွှတ်ပေးသေးတဲ့အခြေအနေ

ပြည်သူတွေရဲ့ကျေးဇူးရှင် ဒေါက်တာထားထားလင်းရဲ့ (၇)နှစ်အရွယ်သားငယ်လေးကို အခုထိခေါ်ထားပြီး ပြန်မလွှတ်ပေးသေးတဲ့အခြေအနေ

(၂၀၂၀)ခုနှစ်မှာ မြန်မာနိုင်ငံအတွက် ကိုဗစ်ကာကွယ်ဆေးရရန် ကြိုးပမ်းဆောင်ရွက်ပေးခဲ့တဲ့ဒေါက်တာထားထားလင်းကတော့ ဖေဖော်ဝါရီလ (၁၁)ရက်နေ့မှစပြီး CDM လုပ်လိုက်တာဖြစ်ပါတယ်။ပြည်သူတွေနဲ့တစ်သားတည်းရပ်တည်ပေးခဲ့တဲ့ ဒေါက်တာထားထားလင်းကို ပြည်သူလူထုကလည်း အရမ်းကျေးဇူးတင်နေကြတာပဲဖြစ်ပါတယ်။

ဇွန်လ (၁၀)ရက်နေ့မှာတော့ ဒဂုံမြို့နယ်၊ယောမင်းကြီးရပ်ကွက်၊နဝဒေးလမ်းအနီးတွင် ဒေါက်တာထားထားလင်း ဖမ်းဆီးခံလိုက်ရတယ်လို့သိရပါတယ်။ဒေါက်တာထားထားလင်းကို မဖမ်းဆီးနိုင်ခင်အချိန်ကတည်းက နစကအဖွဲ့မှ တိုးချဲ့ကာကွယ်ဆေးထိုးလုပ်ငန်းလက်ကျန်ငွေစာရင်းကို ရှင်းလင်းခြင်းမရှိဘဲ CDM ဝန်ထမ်းအဖြစ်ခံယူသွားကြောင်း စွပ်စွဲထားတယ်လို့သိရပါတယ်။]

ဒါ့ကြောင့် ဒေါက်တာထားထားလင်းကို နေပြည်တော်၊ဘုရားကုန်းမြို့မရဲစခန်းတွင် ၅၀၅(က)ပုဒ်မနဲ့ အမှုဖွင့်လှစ်ထားတာဖြစ်ပါတယ်။ဒါ့အပြင် ဒေါက်တာထားထားလင်းရဲ့ (၇)နှစ်အရွယ် သားငယ်လေးကိုလည်း လက်ရှိအချိန်ထိ မလွှတ်ပေးသေးဘဲ ခေါ်ထားတယ်လို့သိရပါတယ်။

သားငယ်လေးက အရမ်းထူးချွန်ပြီး အင်္ဂလိပ်စာအရမ်းတော်တဲ့ကလေးလေးဖြစ်ပါတယ်။အခုအချိန်မှာ သားလေးကို ဘယ်နေရာမှာထားထားလဲ ဆိုတာကိုတောင် မသိရတဲ့အခြေအနေဖြစ်ပါတယ်။(၇)နှစ်အရွယ်လေးနဲ့ ဒီအခြေအနေကို ဘယ်လိုများရင်ဆိုင်နေရမလဲဆိုပြီး ပြည်သူလူထုက စိုးရိမ်ပူပန်နေကြတာဖြစ်ပါတယ်။ဘာမှမသိနားမလည်သေးတဲ့ သားငယ်လေးကို ချက်ချင်းပြန်လွှတ်ပေးဖို့ ပြည်သူတွေကတောင်းဆိုနေတဲ့အကြောင်းလေးကိုပြန်လည်မျှဝေပေးလိုက်ပါတယ်။

Zawgyi

ျပည္သူေတြရဲ႕ေက်းဇူးရွင္ ေဒါက္တာထားထားလင္းရဲ႕ (၇)ႏွစ္အ႐ြယ္သားငယ္ေလးကို အခုထိေခၚထားၿပီး ျပန္မလႊတ္ေပးေသးတဲ့အေျခအေန

(၂၀၂၀)ခုႏွစ္မွာ ျမန္မာႏိုင္ငံအတြက္ ကိုဗစ္ကာကြယ္ေဆးရရန္ ႀကိဳးပမ္းေဆာင္႐ြက္ေပးခဲ့တဲ့ေဒါက္တာထားထားလင္းကေတာ့ ေဖေဖာ္ဝါရီလ (၁၁)ရက္ေန႔မွစၿပီး CDM လုပ္လိုက္တာျဖစ္ပါတယ္။ျပည္သူေတြနဲ႔တစ္သားတည္းရပ္တည္ေပးခဲ့တဲ့ ေဒါက္တာထားထားလင္းကို ျပည္သူလူထုကလည္း အရမ္းေက်းဇူးတင္ေနၾကတာပဲျဖစ္ပါတယ္။

ဇြန္လ (၁၀)ရက္ေန႔မွာေတာ့ ဒဂုံၿမိဳ႕နယ္၊ေယာမင္းႀကီးရပ္ကြက္၊နဝေဒးလမ္းအနီးတြင္ ေဒါက္တာထားထားလင္း ဖမ္းဆီးခံလိုက္ရတယ္လို႔သိရပါတယ္။ေဒါက္တာထားထားလင္းကို မဖမ္းဆီးႏိုင္ခင္အခ်ိန္ကတည္းက နစကအဖြဲ႕မွ တိုးခ်ဲ႕ကာကြယ္ေဆးထိုးလုပ္ငန္းလက္က်န္ေငြစာရင္းကို ရွင္းလင္းျခင္းမရွိဘဲ CDM ဝန္ထမ္းအျဖစ္ခံယူသြားေၾကာင္း စြပ္စြဲထားတယ္လို႔သိရပါတယ္။

ဒါ့ေၾကာင့္ ေဒါက္တာထားထားလင္းကို ေနျပည္ေတာ္၊ဘုရားကုန္းၿမိဳ႕မရဲစခန္းတြင္ ၅၀၅(က)ပုဒ္မနဲ႔ အမႈဖြင့္လွစ္ထားတာျဖစ္ပါတယ္။ဒါ့အျပင္ ေဒါက္တာထားထားလင္းရဲ႕ (၇)ႏွစ္အ႐ြယ္ သားငယ္ေလးကိုလည္း လက္ရွိအခ်ိန္ထိ မလႊတ္ေပးေသးဘဲ ေခၚထားတယ္လို႔သိရပါတယ္။

သားငယ္ေလးက အရမ္းထူးခြၽန္ၿပီး အဂၤလိပ္စာအရမ္းေတာ္တဲ့ကေလးေလးျဖစ္ပါတယ္။အခုအခ်ိန္မွာ သားေလးကို ဘယ္ေနရာမွာထားထားလဲ ဆိုတာကိုေတာင္ မသိရတဲ့အေျခအေနျဖစ္ပါတယ္။(၇)ႏွစ္အ႐ြယ္ေလးနဲ႔ ဒီအေျခအေနကို ဘယ္လိုမ်ားရင္ဆိုင္ေနရမလဲဆိုၿပီး ျပည္သူလူထုက စိုးရိမ္ပူပန္ေနၾကတာျဖစ္ပါတယ္။ဘာမွမသိနားမလည္ေသးတဲ့ သားငယ္ေလးကို ခ်က္ခ်င္းျပန္လႊတ္ေပးဖို႔ ျပည္သူေတြကေတာင္းဆိုေနတဲ့အေၾကာင္းေလးကိုျပန္လည္မွ်ေဝေပးလိုက္ပါတယ္။

Leave a Reply

Your email address will not be published. Required fields are marked *