ရေမွန်ကို ဂုဏ်ပြုတဲ့အနေနဲ့ သူရဲ့ပုံတူကို လည်သာအိတ်ပေါ်မှာ ခက်ခက်ခဲခဲနဲ့ထုဆစ်လိုက်တဲ့ ပရိသတ်တစ်ဦး

ရေမွန်ကို ဂုဏ်ပြုတဲ့အနေနဲ့ သူရဲ့ပုံတူကို လည်သာအိတ်ပေါ်မှာ ခက်ခက်ခဲခဲနဲ့ထုဆစ်လိုက်တဲ့ ပရိသတ်တစ်ဦး

စိတ်ထားကောင်းပြီး လူတိုင်းက ချစ်ခင်အောင်ပေါင်းသင်းပြောဆိုတတ်တဲ့ အဆိုတော်ရေမွန်တစ်ယောက် သူချစ်တဲ့ဂီတနဲ့ ပရိသတ်တွေကို ထာဝရခွဲခွာနှုတ်ဆက်သွားခဲ့ပါတယ်။ လူငယ်ပရိသတ်တွေရဲ့ အားပေးမှုများစွာကိုရရှိခဲ့တဲ့ အဆိုတော်ရေမွန်ဟာ မင်းအတွက်မင်း၊ မင်းနဲ့နီးဖို့၊ တွေ့ရတာဝမ်းသာတယ်၊ဆုလာဘ်၊ စိတ်ဖြောင့်ဖြောင့်နဲ့သာချန်ခဲ့ စတဲ့ နာမည်ကြီးသီချင်းတွေကို သီဆိုခဲ့တာဖြစ်ပါတယ်။ ငယ်ရွယ်ပြီး

အရည်အချင်းရှိတဲ့ အဆိုတော်တစ်ယောက်အခုလိုဆုံးပါးသွားလို့ စိတ်မကောင်းဖြစ်နေကြပြီး ပရိသတ်တွေက ရေမွန်အတွက် အမှတ်တရတွေကို ဖန်တီးနေကြပါတယ်။ပရိသတ်တွေကတော့ ရေမွန်ကို အမြဲသတိရစေဖို့အတွက် Raymond Tree ကမ်ပိန်းလေးမှာ ပါဝင်ကြသလို ရေမွန်ရဲ့ပုံတွေကိုလည်း ခန္ဓာကိုယ်ပေါ်မှာ တက်တူရေးထိုးနေကြပါတယ်။ ယခုမှာတော့ ပရိသတ်တစ်ဦးဟာ ကွယ်လွန်သွားရှာပြီဖြစ်တဲ့ရေမွန်ကို ဂုဏ်ပြုတဲ့အနေနဲ့ သူရဲ့ပုံတူကို လည်သာအိတ်ပေါ်မှာ ခက်ခက်ခဲခဲနဲ့ထုဆစ်လိုက်ပါတယ်။

အဆိုပါလည်သာအိတ်ကို စီးပွားရေးအရရောင်းချဖို့ပြုလုပ်တာမဟုတ်ဘဲ သူတတ်မြောက်တဲ့ပညာနဲ့ဂုဏ်ပြုခြင်းသာဖြစ်တဲ့အကြောင်း အဆိုပါပရိသတ်က ရှင်းပြထားခဲ့ပါတယ်။ပရိသတ်တစ်ဦးကတော့ ” ကိုရေမွန်အတွက် ရောင်းဖို့မဟုတ်ပါညီအကိုတို့ စီးပွားရေးအရပြုလုပ်ခြင်းမဟုတ်ပါဘူး မိမိတတ်သောပညာဖြင့်ဂုဏ်ပြုခြင်းသာဖြစ်ပါသည် July 4 ရက် 2021 ခုနှစ် နေ့တွင် ထုတ်လုပ်ပြီးခဲ့သည်

Learher hand made myanmar yangoncow leather ပန်းပပု walletကိုရေမွန်ချစ်တဲ့သူအားလုံး share လို့ရပါတယ် “ဆိုပြီး လူမှုကွန်ယက်စာမျက်နှာထက်မှာ ရေးသားထားခဲ့ပါတယ်။ ပရိသတ်တစ်ဦးကိုယ်တိုင်ပြုလုပ်ထားပြီး အဆိုတော်ရေမွန်ရဲ့ပုံတူပါရှိတဲ့ လည်သာအိတ်လေးကို ပရိသတ်တွေအတွက် ပြန်လည်ဖော်ပြပေးလိုက်ရပါတယ်။

Zawgyi

ေရမြန္ကို ဂုဏ္ျပဳတဲ့အေနနဲ႔ သူရဲ႕ပုံတူကို လည္သာအိတ္ေပၚမွာ ခက္ခက္ခဲခဲနဲ႔ထုဆစ္လိုက္တဲ့ ပရိသတ္တစ္ဦး

စိတ္ထားေကာင္းၿပီး လူတိုင္းက ခ်စ္ခင္ေအာင္ေပါင္းသင္းေျပာဆိုတတ္တဲ့ အဆိုေတာ္ေရမြန္တစ္ေယာက္ သူခ်စ္တဲ့ဂီတနဲ႔ ပရိသတ္ေတြကို ထာဝရခြဲခြာႏႈတ္ဆက္သြားခဲ့ပါတယ္။ လူငယ္ပရိသတ္ေတြရဲ႕ အားေပးမႈမ်ားစြာကိုရရွိခဲ့တဲ့ အဆိုေတာ္ေရမြန္ဟာ မင္းအတြက္မင္း၊ မင္းနဲ႔နီးဖို႔၊ ေတြ႕ရတာဝမ္းသာတယ္၊ဆုလာဘ္၊ စိတ္ေျဖာင့္ေျဖာင့္နဲ႔သာခ်န္ခဲ့ စတဲ့ နာမည္ႀကီးသီခ်င္းေတြကို သီဆိုခဲ့တာျဖစ္ပါတယ္။ ငယ္႐ြယ္ၿပီး

အရည္အခ်င္းရွိတဲ့ အဆိုေတာ္တစ္ေယာက္အခုလိုဆုံးပါးသြားလို႔ စိတ္မေကာင္းျဖစ္ေနၾကၿပီး ပရိသတ္ေတြက ေရမြန္အတြက္ အမွတ္တရေတြကို ဖန္တီးေနၾကပါတယ္။ပရိသတ္ေတြကေတာ့ ေရမြန္ကို အၿမဲသတိရေစဖို႔အတြက္ Raymond Tree ကမ္ပိန္းေလးမွာ ပါဝင္ၾကသလို ေရမြန္ရဲ႕ပုံေတြကိုလည္း ခႏၶာကိုယ္ေပၚမွာ တက္တူေရးထိုးေနၾကပါတယ္။ ယခုမွာေတာ့ ပရိသတ္တစ္ဦးဟာ ကြယ္လြန္သြားရွာၿပီျဖစ္တဲ့ေရမြန္ကို ဂုဏ္ျပဳတဲ့အေနနဲ႔ သူရဲ႕ပုံတူကို လည္သာအိတ္ေပၚမွာ ခက္ခက္ခဲခဲနဲ႔ထုဆစ္လိုက္ပါတယ္။

အဆိုပါလည္သာအိတ္ကို စီးပြားေရးအရေရာင္းခ်ဖို႔ျပဳလုပ္တာမဟုတ္ဘဲ သူတတ္ေျမာက္တဲ့ပညာနဲ႔ဂုဏ္ျပဳျခင္းသာျဖစ္တဲ့အေၾကာင္း အဆိုပါပရိသတ္က ရွင္းျပထားခဲ့ပါတယ္။ပရိသတ္တစ္ဦးကေတာ့ ” ကိုေရမြန္အတြက္ ေရာင္းဖို႔မဟုတ္ပါညီအကိုတို႔ စီးပြားေရးအရျပဳလုပ္ျခင္းမဟုတ္ပါဘူး မိမိတတ္ေသာပညာျဖင့္ဂုဏ္ျပဳျခင္းသာျဖစ္ပါသည္ July 4 ရက္ 2021 ခုႏွစ္ ေန႔တြင္ ထုတ္လုပ္ၿပီးခဲ့သည္

Learher hand made myanmar yangoncow leather ပန္းပပု walletကိုေရမြန္ခ်စ္တဲ့သူအားလုံး share လို႔ရပါတယ္ “ဆိုၿပီး လူမႈကြန္ယက္စာမ်က္ႏွာထက္မွာ ေရးသားထားခဲ့ပါတယ္။ ပရိသတ္တစ္ဦးကိုယ္တိုင္ျပဳလုပ္ထားၿပီး အဆိုေတာ္ေရမြန္ရဲ႕ပုံတူပါရွိတဲ့ လည္သာအိတ္ေလးကို ပရိသတ္ေတြအတြက္ ျပန္လည္ေဖာ္ျပေပးလိုက္ရပါတယ္။

Leave a Reply

Your email address will not be published. Required fields are marked *