ဒေါ်အောင်ဆန်းစုကြည် ရှေ့နေတွေဘက်ကတင်သွင်း တဲ့ ရာဇဝတ်ပြင်ဆင်မှု ကို ခရိုင် တရားရုံးကလက်မခံပဲ ပယ်ဖျက်

ဒေါ်အောင်ဆန်းစုကြည် ရှေ့နေတွေဘက်ကတင်သွင်း တဲ့ ရာဇဝတ်ပြင်ဆင်မှု ကို ခရိုင် တရားရုံးကလက်မခံပဲ ပယ်ဖျက်

ဒေါ်အောင်ဆန်းကြည်၊ဦးဝင်းမြင့် နဲ့ဒေါက်တာမျိုးအောင် တို့ကို စွဲဆိုထားတဲ့ပုဒ်မ ၅၀၅ ခ အမှုအတွက် တရားလိုသက်သေအဖြစ်တင်သွင်းခဲ့တဲ့ ထုတ်ပြန်ချက်နှစ်စောင်ကို ဒေါ်အောင်ဆန်းစုကြည်ရဲ့ ရှေ့နေတွေဘက်က ရာဇဝတ်ကျင့်ထုံးဥပဒေအရ ဒီကနေ့ဇူလိုင် ၅ရက်မှာ ဒက္ခိဏခရိုင် တရားရုံး မှာ ရာဇဝတ်ပြင်ဆင်မှုတင်သွင်းခဲ့ပါတယ်။ အဲဒီလို ပြင်ဆင်မှုတင်သွင်းတဲ့အပေါ် ဒက္ခိဏခရိုင် တရားရုံးကနေ အကျဉ်းနည်းနဲ့ ပလပ်လိုက်တယ် လို့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ရှေ့နေ ဒေါ်မင်းမင်းစိုးကပြောပါတယ်။

’’ကျွန်မတို့ကို တရားရုံးရောက်တော့လျှောက်လဲချက်ပေးရပါတယ်၊ ပေးပြီးတဲ့အချိန်မှာပဲ အကျဉ်းနည်းနဲ့ပလပ်တယ်ဆိုပြီး ကြေညာပါတယ်၊ ကျွန်မတို့ အခုအဲဒီပလပ်တဲ့အမိန့်ကို ထပ်ကူးပြီးတိုင်းတရားလွှတ်တော်အထိဆက်တက်မှာပါ ’’လို့ဒေါ်အောင်ဆန်းစုကြည် ရဲ့ ရှေ့နေ ဒေါ်မင်းမင်းစိုးကပြောပါတယ်။

အာဏာသိမ်းပြီးတဲ့နောက် ဖေဖော်ဝါရီ ၇ ရက်က Chair NLD ဖေ့ဘွတ်ခ်စာမျက်နှာ မှာ ထုတ်ပြန်ခဲ့တဲ့ ထုတ်ပြန်ချက် ၊ နောက် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဖေ့ဘွတ်ခ်စာမျက်နှာကနေ ဖေဖော်ဝါရီ ၁၃ ရက်ပါ ထုတ်ပြန်ချက်တွေနဲ့ပတ်သက်ပြီးနိုင်ငံတော်အတိုင်ပင်ခံ၊သမ္မတနဲ့နေပြည်တော်ကောင်စီဥက္ကဋ္ဌတို့မှာတာဝန်ရှိတယ်ဆိုပြီး နိုင်ငံတော်အကြည်ညိုပျက်စေမှု ပုဒ်မ ၅၀၅ ခ နဲ့ အမှုဖွင့်ခဲ့ပြီးနောက် အဲဒီထုတ်ပြန်ချက် တွေကို သက်သေ အဖြစ် တရားလိုဘက်ကတင်သွင်းထားတာပါ။

တခါ အပတ်စဉ်တနင်္လာနေ့တိုင်းရုံးချိန်းဖြစ်တဲ့ ဒေါ်အောင်ဆန်းစုကြည် အပါအဝင် သမ္မတဦးဝင်းမြင့် တို့ ကို စွဲဆိုထားတဲ့ သဘာဘေးအန္တရာယ်စီမံခန့်ခွဲဆိုင်မူဥပဒေ၊ ဆက်သွယ်ရေးဥပဒေ ၆၇ နဲ့ ပို့ကုန်သွင်းကုန် ဥပဒေပုဒ်မ ၈ အမှုတို့အတွက် ကတော့တရားလိုပြသက်သေ(၁၀)ဦးကိုစစ်ဆေးခဲ့ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ရဲ့ကျန်းမာရေးလည်းကောင်းမွန်နေပြီး တရားရေးကိစ္စတွေကို အာရုံစိုက်ဆောင်ရွက်တာမျိုးရှိတယ်လို့ရှေ့နေတွေကပြောပါတယ်။

Zawgyi

ေဒၚေအာင္ဆန္းစုၾကည္ ေရွ႕ေနေတြဘက္ကတင္သြင္း တဲ့ ရာဇဝတ္ျပင္ဆင္မႈ ကို ခ႐ိုင္ တရား႐ုံးကလက္မခံပဲ ပယ္ဖ်က္

ေဒၚေအာင္ဆန္းၾကည္၊ဦးဝင္းျမင့္ နဲ႔ေဒါက္တာမ်ိဳးေအာင္ တို႔ကို စြဲဆိုထားတဲ့ပုဒ္မ ၅၀၅ ခ အမႈအတြက္ တရားလိုသက္ေသအျဖစ္တင္သြင္းခဲ့တဲ့ ထုတ္ျပန္ခ်က္ႏွစ္ေစာင္ကို ေဒၚေအာင္ဆန္းစုၾကည္ရဲ႕ ေရွ႕ေနေတြဘက္က ရာဇဝတ္က်င့္ထုံးဥပေဒအရ ဒီကေန႔ဇူလိုင္ ၅ရက္မွာ ဒကၡိဏခ႐ိုင္ တရား႐ုံး မွာ ရာဇဝတ္ျပင္ဆင္မႈတင္သြင္းခဲ့ပါတယ္။ အဲဒီလို ျပင္ဆင္မႈတင္သြင္းတဲ့အေပၚ ဒကၡိဏခ႐ိုင္ တရား႐ုံးကေန အက်ဥ္းနည္းနဲ႔ ပလပ္လိုက္တယ္ လို႔ ေဒၚေအာင္ဆန္းစုၾကည္ရဲ႕ေရွ႕ေန ေဒၚမင္းမင္းစိုးကေျပာပါတယ္။

’’ကြၽန္မတို႔ကို တရား႐ုံးေရာက္ေတာ့ေလွ်ာက္လဲခ်က္ေပးရပါတယ္၊ ေပးၿပီးတဲ့အခ်ိန္မွာပဲ အက်ဥ္းနည္းနဲ႔ပလပ္တယ္ဆိုၿပီး ေၾကညာပါတယ္၊ ကြၽန္မတို႔ အခုအဲဒီပလပ္တဲ့အမိန႔္ကို ထပ္ကူးၿပီးတိုင္းတရားလႊတ္ေတာ္အထိဆက္တက္မွာပါ ’’လို႔ေဒၚေအာင္ဆန္းစုၾကည္ ရဲ႕ ေရွ႕ေန ေဒၚမင္းမင္းစိုးကေျပာပါတယ္။

အာဏာသိမ္းၿပီးတဲ့ေနာက္ ေဖေဖာ္ဝါရီ ၇ ရက္က Chair NLD ေဖ့ဘြတ္ခ္စာမ်က္ႏွာ မွာ ထုတ္ျပန္ခဲ့တဲ့ ထုတ္ျပန္ခ်က္ ၊ ေနာက္ အမ်ိဳးသားဒီမိုကေရစီအဖြဲ႕ခ်ဳပ္ ေဖ့ဘြတ္ခ္စာမ်က္ႏွာကေန ေဖေဖာ္ဝါရီ ၁၃ ရက္ပါ ထုတ္ျပန္ခ်က္ေတြနဲ႔ပတ္သက္ၿပီးႏိုင္ငံေတာ္အတိုင္ပင္ခံ၊သမၼတနဲ႔ေနျပည္ေတာ္ေကာင္စီဥကၠ႒တို႔မွာတာဝန္ရွိတယ္ဆိုၿပီး ႏိုင္ငံေတာ္အၾကည္ညိဳပ်က္ေစမႈ ပုဒ္မ ၅၀၅ ခ နဲ႔ အမႈဖြင့္ခဲ့ၿပီးေနာက္ အဲဒီထုတ္ျပန္ခ်က္ ေတြကို သက္ေသ အျဖစ္ တရားလိုဘက္ကတင္သြင္းထားတာပါ။

တခါ အပတ္စဥ္တနလၤာေန႔တိုင္း႐ုံးခ်ိန္းျဖစ္တဲ့ ေဒၚေအာင္ဆန္းစုၾကည္ အပါအဝင္ သမၼတဦးဝင္းျမင့္ တို႔ ကို စြဲဆိုထားတဲ့ သဘာေဘးအႏၲရာယ္စီမံခန႔္ခြဲဆိုင္မူဥပေဒ၊ ဆက္သြယ္ေရးဥပေဒ ၆၇ နဲ႔ ပို႔ကုန္သြင္းကုန္ ဥပေဒပုဒ္မ ၈ အမႈတို႔အတြက္ ကေတာ့တရားလိုျပသက္ေသ(၁၀)ဦးကိုစစ္ေဆးခဲ့ပါတယ္။ ေဒၚေအာင္ဆန္းစုၾကည္ရဲ႕က်န္းမာေရးလည္းေကာင္းမြန္ေနၿပီး တရားေရးကိစၥေတြကို အာ႐ုံစိုက္ေဆာင္႐ြက္တာမ်ိဳးရွိတယ္လို႔ေရွ႕ေနေတြကေျပာပါတယ္။

Leave a Reply

Your email address will not be published. Required fields are marked *