မြန်မာစစ်အာဏာသိမ်းကောင်စီကို နိုင်ငံတကာ အရေးယူ ဒဏ်ခတ်မှု တရုတ် သဘောမတူ
ရန်ကုန်၊ ဇူလိုင် ၅
မြန်မာစစ်အာဏာသိမ်းကောင်စီကို နိုင်ငံတကာက အရေးယူ ဒဏ်ခတ်မှုများ တရုတ်နိုင်ငံက သဘောမတူကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိက ဇူလိုင် ၃ရက်က တရုတ်နိုင်ငံချင်းဟွာတက္ကသိုလ်တွင် ပြုလုပ်ခဲ့သည့် (၉) ကြိမ်မြောက် ကမ္ဘာ့ငြိမ်းချမ်းရေးဖိုရမ်တွင် ပြောဆိုသည်။
တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိက မြန်မာနိုင်ငံအရေးနှင့်ပတ်သက်ပြီး အဓိကအကျဆုံးသည် အတွင်းပိုင်းဆွေးနွေးမှုကို တွန်းအားပေးဖော်ဆောင်ကာ နိုင်ငံရေးပြန်လည်သင့်မြတ်မှုကို ဖော်ဆောင်ရမည်ဖြစ်ကြောင်း၊
မြန်မာနိုင်ငံ ဒီမိုကရေစီအသွင်ကူးပြောင်းရေးဖြစ်စဉ်တွင် အခက်အခဲများကြုံတွေ့ရခြင်းသည် အခြေခံအားဖြင့်ဆိုရလျှင် ပြည်တွင်းရေး ကိစ္စဖြစ်ကာ ဖွဲ့စည်းပုံအခြေခံဥပဒေနှင့်
ဥပဒေမူဘောင်အတွင်း၌ ဆွေးနွေးမှုကတစ်ဆင့် နိုင်ငံရေးဖြေရှင်း၍ အကြမ်းဖက်ကိစ္စရပ်များ ထပ်မံဖြစ်ပွားမှုကို ရှောင်ကြဉ်ကာ နိုင်ငံနှင့်လူနေမှုအဖွဲ့အစည်း တည်ငြိမ်မှုကို ဆောလျင်စွာ ပြန်လည်ဖော်ဆောင်ရမည်ဖြစ်ကြောင်း ၊
၎င်းကနိုင်ငံတကာအသိုင်းအဝိုင်းကလည်း မြန်မာနိုင်ငံ၏ အချုပ်အခြာအာဏာနှင့် ပြည်သူများ၏ရွေးချယ်မှုကို လက်တွေ့ကျကျလေးစားကာ သဘောထားကွဲလွဲမှု
ရင်ကြားစေ့ရေးကို အထောက်အကူပြုသည့် ကိစ္စရပ်များ ပိုမိုလုပ်ဆောင်ပြီး တစ်ဖက်သတ် အရေးယူဒဏ်ခတ်မှုနှင့် မသင့်လျော်သည့်ကြားဝင်မှုကို ရှောင်ကြဉ်သင့်ကြောင်း ပြောဆိုသည်။
တရုတ်နိုင်ငံက မြန်မာနိုင်ငံ တည်ငြိမ်အေးချမ်းရန် လေးလေးနက်နက်မျှော်လင့်ပြီး အာဆီယံက အာဆီယံနည်းလမ်းဖြင့် မြန်မာနိုင်ငံအခြေအနေ “အဆင်ပြေချောမွေ့စွာ ကိုင်တွယ်ဖြေရှင်းနိုင်ရေး
(Soft Landing)” ကို ဆောလျင်စွာဖော်ဆောင်နိုင်ရန် တွန်းအားပေးမှုကို ခိုင်မြဲစွာ ထောက်ခံအားပေး၍ မြန်မာနိုင်ငံသို့ ကပ်ရောဂါတိုက်ဖျက်ရေးနှင့် စီးပွားရေးစသည့် အ
ကူအညီများကို အတူတကွပေးအပ်ကာ မိမိ၏ မြန်မာနိုင်ငံဘက်အသီးသီးနှင့် ချစ်ကြည်ရင်းနှီးသည့် ဆက်ဆံရေးကို ဆက်လက်အသုံးပြု၍ တက်တက်ကြွကြွ ချိတ်ဆက်ကြားဝင်ဆောင်ရွက်မှုကို ဖော်ဆောင်သွားမည်ဖြစ်ကြောင်း ပြောဆိုသည်။
Zawgyi
ျမန္မာစစ္အာဏာသိမ္းေကာင္စီကို ႏိုင္ငံတကာ အေရးယူ ဒဏ္ခတ္မႈ တ႐ုတ္ သေဘာမတူ
ရန္ကုန္၊ ဇူလိုင္ ၅
ျမန္မာစစ္အာဏာသိမ္းေကာင္စီကို ႏိုင္ငံတကာက အေရးယူ ဒဏ္ခတ္မႈမ်ား တ႐ုတ္ႏိုင္ငံက သေဘာမတူေၾကာင္း တ႐ုတ္ႏိုင္ငံျခားေရးဝန္ႀကီး
ဝမ္ယိက ဇူလိုင္ ၃ရက္က တ႐ုတ္ႏိုင္ငံခ်င္းဟြာတကၠသိုလ္တြင္ ျပဳလုပ္ခဲ့သည့္ (၉) ႀကိမ္ေျမာက္ ကမာၻ႔ၿငိမ္းခ်မ္းေရးဖိုရမ္တြင္ ေျပာဆိုသည္။
တ႐ုတ္ႏိုင္ငံျခားေရးဝန္ႀကီး ဝမ္ယိက ျမန္မာႏိုင္ငံအေရးႏွင့္ပတ္သက္ၿပီး အဓိကအက်ဆုံးသည္ အတြင္းပိုင္းေဆြးေႏြးမႈကို တြန္းအားေပးေဖာ္ေဆာင္ကာ ႏိုင္ငံေရးျပန္လည္သင့္ျမတ္မႈကို ေဖာ္ေဆာင္ရမည္ျဖစ္ေၾကာင္း၊
ျမန္မာႏိုင္ငံ ဒီမိုကေရစီအသြင္ကူးေျပာင္းေရးျဖစ္စဥ္တြင္ အခက္အခဲမ်ားႀကဳံေတြ႕ရျခင္းသည္ အေျခခံအားျဖင့္ဆိုရလွ်င္ ျပည္တြင္းေရး ကိစၥျဖစ္ကာ ဖြဲ႕စည္းပုံအေျခခံဥပေဒႏွင့္
ဥပေဒမူေဘာင္အတြင္း၌ ေဆြးေႏြးမႈကတစ္ဆင့္ ႏိုင္ငံေရးေျဖရွင္း၍ အၾကမ္းဖက္ကိစၥရပ္မ်ား ထပ္မံျဖစ္ပြားမႈကို ေရွာင္ၾကဥ္ကာ ႏိုင္ငံႏွင့္လူေနမႈအဖြဲ႕အစည္း တည္ၿငိမ္မႈကို ေဆာလ်င္စြာ ျပန္လည္ေဖာ္ေဆာင္ရမည္ျဖစ္ေၾကာင္း ၊
၎ကႏိုင္ငံတကာအသိုင္းအဝိုင္းကလည္း ျမန္မာႏိုင္ငံ၏ အခ်ဳပ္အျခာအာဏာႏွင့္ ျပည္သူမ်ား၏ေ႐ြးခ်ယ္မႈကို လက္ေတြ႕က်က်ေလးစားကာ သေဘာထားကြဲလြဲမႈ ရင္ၾကားေစ့ေရးကို
အေထာက္အကူျပဳသည့္ ကိစၥရပ္မ်ား ပိုမိုလုပ္ေဆာင္ၿပီး တစ္ဖက္သတ္ အေရးယူဒဏ္ခတ္မႈႏွင့္ မသင့္ေလ်ာ္သည့္ၾကားဝင္မႈကို ေရွာင္ၾကဥ္သင့္ေၾကာင္း ေျပာဆိုသည္။
တ႐ုတ္ႏိုင္ငံက ျမန္မာႏိုင္ငံ တည္ၿငိမ္ေအးခ်မ္းရန္ ေလးေလးနက္နက္ေမွ်ာ္လင့္ၿပီး အာဆီယံက အာဆီယံနည္းလမ္းျဖင့္ ျမန္မာႏိုင္ငံအေျခအေန “အဆင္ေျပေခ်ာေမြ႕စြာ
ကိုင္တြယ္ေျဖရွင္းႏိုင္ေရး (Soft Landing)” ကို ေဆာလ်င္စြာေဖာ္ေဆာင္ႏိုင္ရန္ တြန္းအားေပးမႈကို ခိုင္ၿမဲစြာ ေထာက္ခံအားေပး၍ ျမန္မာႏိုင္ငံသို႔ ကပ္ေရာဂါတိုက္ဖ်က္ေရးႏွင့္
စီးပြားေရးစသည့္ အကူအညီမ်ားကို အတူတကြေပးအပ္ကာ မိမိ၏ ျမန္မာႏိုင္ငံဘက္အသီးသီးႏွင့္ ခ်စ္ၾကည္ရင္းႏွီးသည့္ ဆက္ဆံေရးကို ဆက္လက္အသုံးျပဳ၍ တက္တက္ႂကြႂကြ
ခ်ိတ္ဆက္ၾကားဝင္ေဆာင္႐ြက္မႈကို ေဖာ္ေဆာင္သြားမည္ျဖစ္ေၾကာင္း ေျပာဆိုသည္။