စစ်ပြေးရှောင်ကိုယ်ဝန်ဆောင် မိခင်တစ်ဦးကိုမွေးဖွားပေးခဲ့ပြီး အသက်၂ ချောင်းကယ်ခဲ့တဲ့ ဆရာမလေး

တစ်ရွာလုံးစစ်ပြေးရှောင်နေချိန် လိုက်မပြေးဘဲ ကိုယ်ဝန်ဆောင် မိခင်တစ်ဦးကိုမွေးဖွားပေးခဲ့ပြီး အသက်၂ ချောင်းကယ်ခဲ့တဲ့ ဆရာမလေး

ခုလက်ရှိ အချိန်အထိ မတည်ငြိမ်နိုင်သေးတဲ့ မြန်မာပြည်ရဲ့ နိုင်ငံရေး အခြေအနေတွေကြောင့် နေရာ ဒေသ အသီးသီးက ပြည်သူတွေခမျာ ဒုက္ခတွေ မျိုးစုံကို ရင်ဆိုင်ကြုံတွေ့နေရပါတယ် ။ တောင်တန်း ဒေသတွေမှာ တိုက်ခိုက်မှုတွေ ရှိနေသေးလို့ ဒေသခံတွေက မိမိတို့ အိုးအိမ်တွေကို စွန့်ပြီး လွတ်မြောက်ရာ တောတောင်တွေထဲ ခိုလှုံနေကြရတာပါ ။ ကလေးငယ်လေးတွေ ဆိုရင်လည်း ကျောင်းတက်ရမယ့် အရွယ်လေးတွေမှာ ထွက်ပြေး နေရတာ တကယ်ကို ရင်နာစရာမြင်ကွင်းတွေပါပဲ ။

ဒီလို စစ်ဘေးရှောင်ကြသူတွေထဲမှာ ဆိုရင် နေကောင်း ကျန်းမာသူတွေတောင် ခုလို အခြေအနေ အဖြစ်ဆိုးတွေကို မနည်း တောင့်ခံပြီး ကျော်ဖြတ်နေရတာ ဆိုတော့ သက်ကြီးရွယ်အိုတွေ ၊ နာမကျန်းသူတွေ ၊ ကိုယ်ဝန်ဆောင်တွေဆို ဘယ်လိုတောင် ခက်ခဲလိုက်မလည်းနော် ။ အခုလည်း ရွာတစ်ရွာမှာ အားလုံးက စစ်ပြေးနေကြချိန် ကိုယ်ဝန်ဆောင်တစ်ဦးက မီးဖွားချင်နေတာကြောင့် အခက်အခဲတွေကြားကနေပြီး သူရဲ့ အသက်ဘေးအန္တရာယ်ကိုတောင် မမြင်တော့ဘဲ ရအောင် မွေးဖွားပေးခဲ့တဲ့ ဆရာမလေးရဲ့ လေးစားစရာ ပို့စ်လေးတစ်ခု လူမှုကွန်ရက် စာမျက်နှာထက်မှာ ပျံ့နှံ့ခဲ့ပါတယ် ။

ရွာသားတွေက ဆရာမလေးကို ထွက်ပြေးဖို့ ခေါ်ပေမယ့်လည်း မွေးလူနာကို မပစ်ထားရက်တာကြောင့် ရအောင်မွေးပေးခဲ့ကြောင်းကို ” တစ်ရွာလုံးစစ်ပြေးရှောင်နေရတဲ့အချိန် ဆရာမနဲ့မွေးလူနာတစ်အိမ်တည်းပဲရွာထဲ ကျန်ခဲ့တယ်…ရွာသားတွေက ဆရာမပြေးရအောင်‌ခေါ်ပေမယ့် မွေးလူနာကို မပစ်ရက်ခဲ့ဘူး …မွေးလူနာကလည်း ဆရာမရယ် ကျွန်မအသက်ကို ကယ်ပါအူး ဆရာမရှိရင် သေရမှာလည်းမကြောက်ပါဘူးဆိုတော့ သေလည်းအတူတူပဲပေါ့ဆိုပြီး

ဘယ်မှ မပြေးခဲ့ဘူး ညနေ ၂နာရီ တိတိအချိန်မှာ သမီးလေးကို အောင်မြင်စွာမွေးဖွားနိုင်ခဲ့တယ်…အသက် အန္တရာယ်ကြားထဲက အသက် ၂ချောင်းကို ကယ်နိုင်ခဲ့ပြီ…ကိုယ်အသက်ရှင်နေသရွေ့ ကယ်နိုင်သရွေ့တော့ ကယ်ရပေဦးမည် ” ဆိုပြီး ဖြစ်ပျက်ခဲ့သမျှကို ရေးသားဖော်ပြထားရာ ဆရာမလေးရဲ့ စိတ်ဓာတ်ကို တကယ်လေးစားမိတာကြောင့် ပြန်လည်ဝေမျှပေးလိုက်ပါတယ် ။

Zawgyi

တစ္႐ြာလုံးစစ္ေျပးေရွာင္ေနခ်ိန္ လိုက္မေျပးဘဲ ကိုယ္ဝန္ေဆာင္ မိခင္တစ္ဦးကိုေမြးဖြားေပးခဲ့ၿပီး အသက္၂ ေခ်ာင္းကယ္ခဲ့တဲ့ ဆရာမေလး

ခုလက္ရွိ အခ်ိန္အထိ မတည္ၿငိမ္ႏိုင္ေသးတဲ့ ျမန္မာျပည္ရဲ႕ ႏိုင္ငံေရး အေျခအေနေတြေၾကာင့္ ေနရာ ေဒသ အသီးသီးက ျပည္သူေတြခမ်ာ ဒုကၡေတြ မ်ိဳးစုံကို ရင္ဆိုင္ႀကဳံေတြ႕ေနရပါတယ္ ။ ေတာင္တန္း ေဒသေတြမွာ တိုက္ခိုက္မႈေတြ ရွိေနေသးလို႔ ေဒသခံေတြက မိမိတို႔ အိုးအိမ္ေတြကို စြန႔္ၿပီး လြတ္ေျမာက္ရာ ေတာေတာင္ေတြထဲ ခိုလႈံေနၾကရတာပါ ။ ကေလးငယ္ေလးေတြ ဆိုရင္လည္း ေက်ာင္းတက္ရမယ့္ အ႐ြယ္ေလးေတြမွာ ထြက္ေျပး ေနရတာ တကယ္ကို ရင္နာစရာျမင္ကြင္းေတြပါပဲ ။

ဒီလို စစ္ေဘးေရွာင္ၾကသူေတြထဲမွာ ဆိုရင္ ေနေကာင္း က်န္းမာသူေတြေတာင္ ခုလို အေျခအေန အျဖစ္ဆိုးေတြကို မနည္း ေတာင့္ခံၿပီး ေက်ာ္ျဖတ္ေနရတာ ဆိုေတာ့ သက္ႀကီး႐ြယ္အိုေတြ ၊ နာမက်န္းသူေတြ ၊ ကိုယ္ဝန္ေဆာင္ေတြဆို ဘယ္လိုေတာင္ ခက္ခဲလိုက္မလည္းေနာ္ ။ အခုလည္း ႐ြာတစ္႐ြာမွာ အားလုံးက စစ္ေျပးေနၾကခ်ိန္ ကိုယ္ဝန္ေဆာင္တစ္ဦးက မီးဖြားခ်င္ေနတာေၾကာင့္ အခက္အခဲေတြၾကားကေနၿပီး သူရဲ႕ အသက္ေဘးအႏၲရာယ္ကိုေတာင္ မျမင္ေတာ့ဘဲ ရေအာင္ ေမြးဖြားေပးခဲ့တဲ့ ဆရာမေလးရဲ႕ ေလးစားစရာ ပို႔စ္ေလးတစ္ခု လူမႈကြန္ရက္ စာမ်က္ႏွာထက္မွာ ပ်ံ႕ႏွံ႔ခဲ့ပါတယ္ ။

႐ြာသားေတြက ဆရာမေလးကို ထြက္ေျပးဖို႔ ေခၚေပမယ့္လည္း ေမြးလူနာကို မပစ္ထားရက္တာေၾကာင့္ ရေအာင္ေမြးေပးခဲ့ေၾကာင္းကို ” တစ္႐ြာလုံးစစ္ေျပးေရွာင္ေနရတဲ့အခ်ိန္ ဆရာမနဲ႔ေမြးလူနာတစ္အိမ္တည္းပဲ႐ြာထဲ က်န္ခဲ့တယ္…႐ြာသားေတြက ဆရာမေျပးရေအာင္‌ေခၚေပမယ့္ ေမြးလူနာကို မပစ္ရက္ခဲ့ဘူး …ေမြးလူနာကလည္း ဆရာမရယ္ ကြၽန္မအသက္ကို ကယ္ပါအူး ဆရာမရွိရင္ ေသရမွာလည္းမေၾကာက္ပါဘူးဆိုေတာ့ ေသလည္းအတူတူပဲေပါ့ဆိုၿပီး

ဘယ္မွ မေျပးခဲ့ဘူး ညေန ၂နာရီ တိတိအခ်ိန္မွာ သမီးေလးကို ေအာင္ျမင္စြာေမြးဖြားႏိုင္ခဲ့တယ္…အသက္ အႏၲရာယ္ၾကားထဲက အသက္ ၂ေခ်ာင္းကို ကယ္ႏိုင္ခဲ့ၿပီ…ကိုယ္အသက္ရွင္ေနသေ႐ြ႕ ကယ္ႏိုင္သေ႐ြ႕ေတာ့ ကယ္ရေပဦးမည္ ” ဆိုၿပီး ျဖစ္ပ်က္ခဲ့သမွ်ကို ေရးသားေဖာ္ျပထားရာ ဆရာမေလးရဲ႕ စိတ္ဓာတ္ကို တကယ္ေလးစားမိတာေၾကာင့္ ျပန္လည္ေဝမွ်ေပးလိုက္ပါတယ္ ။

Leave a Reply

Your email address will not be published. Required fields are marked *