ကလေးမြို့မှာ ကိုဗစ်ကြောင့် သေဆုံးသူတွေ များပြားနေတာကြောင့် မီးသင်္ဂြိုလ်ဖို့တောင် မနိုင်တော့တဲ့ အသက်မဲ့ ခန္ဓာကိုယ်များ

ကလေးမြို့မှာ ကိုဗစ်ကြောင့် သေဆုံးသူတွေ များပြားနေတာကြောင့် မီးသင်္ဂြိုလ်ဖို့တောင် မနိုင်တော့တဲ့ အသက်မဲ့ ခန္ဓာကိုယ်များ

ကိုဗစ်ရောဂါကတော့ တစ်ကမ္ဘာလုံးမှာ ဖြစ်ပွားလျက်ရှိပြီး နိုင်ငံသားတိုင်း ကူးစက်မှာ ကြောက်နေရတဲ့ ရောဂါဆိုးကြီး တစ်ခုပါ ။

ဒါ့ကြောင့်လည်း ကမ္ဘာ့ကျွမ်းကျင် ဆရာဝန်တွေ အတတ်ပညာရှင်တွေကလည်း ဒီရောဂါဆိုးကြီးကို ပျောက်ကင်းအောင် ထိန်းချုပ်နိုင်မယ့် နည်းလမ်းတွေကို အစွမ်းကုန် ကြိုးစားရှာဖွေနေကြတာလည်းဖြစ်ပါတယ် ။

ဒီလို အစစ အရာရာ တိုးတက်နေတဲ့ နိုင်ငံတွေမှာတောင် ဒီရောဂါကို ကာကွယ်ရုံကလွဲပြီး မထိန်းချုပ်နိုင်တာ မဖွံဖြိုးသေးတဲ့ သာမာန်နိုင်ငံလေးတွေဆို ပိုလို့တောင် အစစအရာရာ ဂရိုစိုက်နေကြရတာပါ ။

ခုဆိုရင် တတိယလှိုင်းအနေနဲ့ နိုင်ငံတကာမှာ ပြန်လည်ဖြစ်ပွားနေပြီး သေဆုံး သူတွေ များပြားသည်အထိ ရောဂါပိုးက ပိုမို ပြင်းထန်လျက်ရှိလာပါတယ် ။

မြန်မာနိုင်ငံမှာဆိုရင်လည်း ကိုဗစ်ကူးစက်မှုနှုန်းတွေ နေရာအနှံအပြားမှာ မြင့်တက်နေပြီး နယ်မြို့တွေမှာ ဆိုရင် အခြေအနေ တော်တော်ဆိုးနေတာကြောင့် Stay Home အမိန့်တွေ ချမှတ်ထားရသည်အထိပါပဲ ။ ဒီလိုနယ်မြို့တွေထဲမှာ ကိုဗစ် ဒဏ်ကို အဆိုးဆုံး ခံစားနေရတာတော့ ကလေးမြို့လေးပဲဖြစ်ပါတယ် ။

ကလေးမြို့မှာဆိုရင် မထိန်းချုပ်နိုင်လောက်အောင်ကို တစ်နေ့ထက် တစ်နေ့ ကိုဗစ်ရောဂါကြောင့် သေဆုံး သူတွေပိုပိုတိုးလာလျက်ရှိတယ်လို့ ဒေသခံတွေပြောကြားထားတာတွေ့ရပါတယ် ။

ကလေးမြို့မှာအစည်ကားဆုံးနေရာက သုသာန်ဖြစ်နေပြီး လူပြတ်ချိန်တောင်မရှိဘူးလို့ သိရပါတယ် ။ အခုလည်း ကိုဗစ်ကြောင့် သေဆုံးသွားတဲ့ လူနာတွေကို သင်္ဂြိုလ်ပေးနေရတဲ့ ဒေသခံတစ်ဦးကလည်း သူရဲ့ မျက်မြင်ကိုယ်တွေ့လေးကို ” ဒီနေ့ ကလေးမြို့မှာ သေဆုံးသူများတယ် စိတ်မကောင်းစရာပဲ

ကိုဗစ်အပါအဝင် ၉၆ ပါးသောရောဂါနဲ့ သေဆုံးသူတွေရော အတော်ကိုများတယ် မနက်၇ ခွဲကတည်းကနေ စပို့ရတာ ခုထိမနားရသေးဘူး ယခုပုံဟာ နေ့လည် ၁ နာရီမှာရိုက်ထားတာဖြစ်ပါတယ် ကျနော်တို့အသင်းက ပို့ဖို့နာရေး ၁ ခု ကျန်သေးသလို အခြားအသင်းတွေကလဲ ပို့ဖို့ကျန်နေသေးတယ်တဲ့ Edit ကျနော်တို့နောက်ဆုံး‌တစ်ယောက်ပို့ချိန် ညနေ ၃ နာရီမှာ

မီးသင်္ဂြိုဟ်စရာ အလောင်း ၂၀ ဝန်းကျင်ရှိနေပါသေးတယ် (ဒီပုံဟာ ဗုဒ္ဓဘာသာဝင် သင်္ချိုင်းကပုံဖြစ်ပါတယ် အခြားဘာသာဝင်တွေရဲ့ သင်္ချိုင်းတွေမှာလဲ သေဆုံးသူများပြားကြောင်း သိရပါတယ်) ” ဆိုပြီး ရေးသားဖော်ပြထားရာ စာလေးဖတ်ပြီး စိတ်မကောင်းဖြစ်မိတာ အမှန်ပါပဲ ။

ပရိသတ်ကြီးလည်း ကလေးမြို့ရဲ့ ဆိုးရွားလွန်းနေတဲ့ ကိုဗစ်အခြေအနေကို ပြန်လည် ဝေမျှပေးရင်း အားလုံး ဒီရောဂါ ကပ်ဆိုးကြီးကနေ ကင်းဝေးကြပါစေ ဆုတောင်းပေးလိုက်ပါတယ် ။

Zawgyi

ကေလးၿမိဳ႕မွာ ကိုဗစ္ေၾကာင့္ ေသဆုံးသူေတြ မ်ားျပားေနတာေၾကာင့္ မီးသၿဂႋဳလ္ဖို႔ေတာင္ မႏိုင္ေတာ့တဲ့ အသက္မဲ့ ခႏၶာကိုယ္မ်ား

ကိုဗစ္ေရာဂါကေတာ့ တစ္ကမာၻလုံးမွာ ျဖစ္ပြားလ်က္ရွိၿပီး ႏိုင္ငံသားတိုင္း ကူးစက္မွာ ေၾကာက္ေနရတဲ့ ေရာဂါဆိုးႀကီး တစ္ခုပါ ။

ဒါ့ေၾကာင့္လည္း ကမာၻ႔ကြၽမ္းက်င္ ဆရာဝန္ေတြ အတတ္ပညာရွင္ေတြကလည္း ဒီေရာဂါဆိုးႀကီးကို ေပ်ာက္ကင္းေအာင္ ထိန္းခ်ဳပ္ႏိုင္မယ့္ နည္းလမ္းေတြကို အစြမ္းကုန္ ႀကိဳးစားရွာေဖြေနၾကတာလည္းျဖစ္ပါတယ္ ။

ဒီလို အစစ အရာရာ တိုးတက္ေနတဲ့ ႏိုင္ငံေတြမွာေတာင္ ဒီေရာဂါကို ကာကြယ္႐ုံကလြဲၿပီး မထိန္းခ်ဳပ္ႏိုင္တာ မဖြံၿဖိဳးေသးတဲ့ သာမာန္ႏိုင္ငံေလးေတြဆို ပိုလို႔ေတာင္ အစစအရာရာ ဂ႐ိုစိုက္ေနၾကရတာပါ ။

ခုဆိုရင္ တတိယလႈိင္းအေနနဲ႔ ႏိုင္ငံတကာမွာ ျပန္လည္ျဖစ္ပြားေနၿပီး ေသဆုံး သူေတြ မ်ားျပားသည္အထိ ေရာဂါပိုးက ပိုမို ျပင္းထန္လ်က္ရွိလာပါတယ္ ။

ျမန္မာႏိုင္ငံမွာဆိုရင္လည္း ကိုဗစ္ကူးစက္မႈႏႈန္းေတြ ေနရာအႏွံအျပားမွာ ျမင့္တက္ေနၿပီး နယ္ၿမိဳ႕ေတြမွာ ဆိုရင္ အေျခအေန ေတာ္ေတာ္ဆိုးေနတာေၾကာင့္ Stay Home အမိန႔္ေတြ ခ်မွတ္ထားရသည္အထိပါပဲ ။ ဒီလိုနယ္ၿမိဳ႕ေတြထဲမွာ ကိုဗစ္ ဒဏ္ကို အဆိုးဆုံး ခံစားေနရတာေတာ့ ကေလးၿမိဳ႕ေလးပဲျဖစ္ပါတယ္ ။

ကေလးၿမိဳ႕မွာဆိုရင္ မထိန္းခ်ဳပ္ႏိုင္ေလာက္ေအာင္ကို တစ္ေန႔ထက္ တစ္ေန႔ ကိုဗစ္ေရာဂါေၾကာင့္ ေသဆုံး သူေတြပိုပိုတိုးလာလ်က္ရွိတယ္လို႔ ေဒသခံေတြေျပာၾကားထားတာေတြ႕ရပါတယ္ ။

ကေလးၿမိဳ႕မွာအစည္ကားဆုံးေနရာက သုသာန္ျဖစ္ေနၿပီး လူျပတ္ခ်ိန္ေတာင္မရွိဘူးလို႔ သိရပါတယ္ ။ အခုလည္း ကိုဗစ္ေၾကာင့္ ေသဆုံးသြားတဲ့ လူနာေတြကို သၿဂႋဳလ္ေပးေနရတဲ့ ေဒသခံတစ္ဦးကလည္း သူရဲ႕ မ်က္ျမင္ကိုယ္ေတြ႕ေလးကို ” ဒီေန႔ ကေလးၿမိဳ႕မွာ ေသဆုံးသူမ်ားတယ္ စိတ္မေကာင္းစရာပဲ

ကိုဗစ္အပါအဝင္ ၉၆ ပါးေသာေရာဂါနဲ႔ ေသဆုံးသူေတြေရာ အေတာ္ကိုမ်ားတယ္ မနက္၇ ခြဲကတည္းကေန စပို႔ရတာ ခုထိမနားရေသးဘူး ယခုပုံဟာ ေန႔လည္ ၁ နာရီမွာ႐ိုက္ထားတာျဖစ္ပါတယ္ က်ေနာ္တို႔အသင္းက ပို႔ဖို႔နာေရး ၁ ခု က်န္ေသးသလို အျခားအသင္းေတြကလဲ ပို႔ဖို႔က်န္ေနေသးတယ္တဲ့ Edit က်ေနာ္တို႔ေနာက္ဆုံး‌တစ္ေယာက္ပို႔ခ်ိန္ ညေန ၃ နာရီမွာ

မီးသၿဂႋဳဟ္စရာ အေလာင္း ၂၀ ဝန္းက်င္ရွိေနပါေသးတယ္ (ဒီပုံဟာ ဗုဒၶဘာသာဝင္ သခ်ႋဳင္းကပုံျဖစ္ပါတယ္ အျခားဘာသာဝင္ေတြရဲ႕ သခ်ႋဳင္းေတြမွာလဲ ေသဆုံးသူမ်ားျပားေၾကာင္း သိရပါတယ္) ” ဆိုၿပီး ေရးသားေဖာ္ျပထားရာ စာေလးဖတ္ၿပီး စိတ္မေကာင္းျဖစ္မိတာ အမွန္ပါပဲ ။

ပရိသတ္ႀကီးလည္း ကေလးၿမိဳ႕ရဲ႕ ဆိုး႐ြားလြန္းေနတဲ့ ကိုဗစ္အေျခအေနကို ျပန္လည္ ေဝမွ်ေပးရင္း အားလုံး ဒီေရာဂါ ကပ္ဆိုးႀကီးကေန ကင္းေဝးၾကပါေစ ဆုေတာင္းေပးလိုက္ပါတယ္ ။

Leave a Reply

Your email address will not be published. Required fields are marked *