“ ကိုဗစ်နဲ့ပတ်သက်ပြီး ဂရုစိုက်နေထိုင်ကြဖို့ ပြည်သူတွေအပေါ် ဒေါ်အောင်ဆန်းစုကြည် မှာကြား ”

“ ကိုဗစ်နဲ့ပတ်သက်ပြီး ဂရုစိုက်နေထိုင်ကြဖို့ ပြည်သူတွေအပေါ် ဒေါ်အောင်ဆန်းစုကြည် မှာကြား ”

နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၊ သမ္မတ ဦးဝင်းမြင့်နဲ့ နေပြည်တော်မြို့တော်ဝန် ဒေါက်တာမျိုးအောင် တို့အပေါ် စွဲဆိုထားတဲ့ အမှုတွေထဲက နိုင်ငံတော် အကြည်ညိုပျက်စေမှု ပုဒ်မ ၅၀၅ (ခ)နဲ့ ပတ်သက်တဲ့ သက်သေပြင်ဆင်ချက်ကို တိုင်းအဆင့်ထိ တက်ဖို့ရှိတာကြောင့်၊

အဲဒီအမှုရဲ့ တရားလိုကို ဒီနေ့ မစစ်ဆေးသေးဘဲ ရုံးချိန်းရွှေ့ဆိုင်းပေးဖို့ တင်ပြခဲ့ပေမယ့် ထပ်မံပယ်ချခံရတယ်လို့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ရှေ့နေ ဒေါ်မင်းမင်းစိုးက RFA ကို ပြောပါတယ်။“ဒီအမှုကို ဆက်လက်ပြီး စစ်ဆေးမယ်ဆိုပါကလည်း စွပ်စွဲခံရသူတွေမှာ အခွင့်အရေးတွေ နစ်နာဆုံးရှုံးရ မှာဖြစ်တယ်။

အများပြည်သူတွေကနေ တရားရုံးများအပေါ် လေးစားယုံကြည် အားကိုနိုင်ရန်အတွက်နဲ့ အမှုသည်ရဲ့ အခွင့်အရေးတွေ နစ်နာဆုံးရှုံးမှု မရှိစေဖို့တွက်၊ နောက် အထက်တရားရုံးတော်ကနေပြီးတော့မှ စွပ်စွဲခံရသူရဲ့ ပြင်ဆင်မှုကို လက်ခံခဲ့ပါကလည်း တရားလိုကို ဒီနေ့ စစ်မယ်ဆိုတဲ့ စစ်ဆေးမှုဟာ အဟော သိကံဖြစ်သွားမှာ။

ဒါကြောင့်မိုလို့ အခုလို အခြေအနေမှာ ရုံးတော်ကနေပြီးတော့မှ သင့်လျော်သလို ဆုံးဖြတ်ပေးဖို့ဆိုပြီးတော့မှ ကျွန်မတို့ဘက်က ထပ်ပြီးတော့ ပြန်ရှင်းလျှောက်လဲချက် ပြန်ပေးပါတယ်ရှင့်၊ ပေးတဲ့အခါကျတော့ ရုံးတော်ကနေပြီးတော့မှ စွပ်စွဲခံရသူ ရှေ့နေလျှောက်ထားတဲ့ ရုံးချိန်းရွှေ့ဆိုင်းပေးဖို့ လျှောက်ထားချက်ကို ပယ်တဲ့အမိန့်ကိုချတယ်။ ချမှတ်ပြီးတော့မှ တရားလို ဦးစိုးစိုးရွှေကို ဆက်လက်ပြီး တော့ စစ်ဆေးဖို့ဆိုပြီးတော့ အမိန့်ချပါတယ်ရှင့်”

တရားလိုကို ဆက်လက်စစ်ဆေးတဲ့အချိန်မှာလည်း တရားလိုဘက်က ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင် ရဲ့ ဇွန်လ ၂၃ ရက် ရက်စွဲနဲ့ နေပြည်တော်ကောင်စီဘက်ကို ပြန်ကြားလာတဲ့ စာတစ်စောင်ကို သက်သေခံ အဖြစ် တင်သွင်းခဲ့ပြီး၊ အဲဒီစာဟာ အမှုအတွက် တရားရုံးကို ဦးတိုက်လျှောက်ထားစဉ်ကတည်းက သက်သေခံ စာရင်းမှာ မပါဘဲ ကြားဖြတ်တင်သွင်းတာဖြစ်လို့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ရှေ့နေအဖွဲ့က ဥပဒေအရ ကန့်ကွက်ခဲ့ပေမယ့် တရားရုံးကပယ်ချခဲ့ပြီး အဲဒီသက်သေခံကို ဆက်လက်တင်သွင်းခွင့်ပြုခဲ့ပါတယ်။

ဒါကြောင့် ၅၀၅ (ခ) အမှုနဲ့ပတ်သက်လို့ ဇွန်လ ၂၉ ရက် ရုံးချိန်းမှာ နေပြည်တော် အထူးတရားရုံးကို စစ်ကောင်စီဘက်က တင်သွင်းလာတဲ့ စာရွက်စာတမ်းတွေနဲ့ပတ်သက်လို့ ကန့်ကွက်တာကို ပယ်ချခံရတာ တစ်ကြိမ်၊ အဲဒီသက်သေတွေကိုပဲ မနေ့က ဒက္ခိဏခရိုင် တရားရုံးက တစ်ကြိမ် ပယ်ချခံရပြီး၊ ဒီနေ့မှာလည်း ၂ ကြိမ် ပယ်ချခံရတာကြောင့် ဒေါ်အောင်ဆန်းစုကြည်ရဲ့ ရှေ့နေအဖွဲ့ရဲ့ တင်ပြချက်တွေ လေးကြိမ်တိုင်တိုင် ပယ်ချခံနေရတာဖြစ်ပါတယ်။

ဒီနေ့ တရားလိုဘက်က တင်သွင်းခဲ့တဲ့ သက်သေတွေစာရွက်ထဲမှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီရဲ့ ဗဟိုအလုပ်မှုဆောင်အဖွဲ့ရဲ့ အမည်စာရင်းတွေ ပါဝင်တယ်လို့ ဒေါ်မင်းမင်းစိုးက ပြောပါတယ်။

အထူးတရားရုံးက ဒီနေ့မှာ ပုဒ်မ ၅၀၅ (ခ) အတွက် တရားလို တစ်ယောက်၊ တရားလိုပြသက်သေ တစ် ယောက်၊ သဘာဝဘေးအန္တာရာယ် စီမံခန့်ခွဲမှုဥပဒေ ပုဒ်မ ၂၅ အတွက် တရားလိုပြသက်သေ လေးယောက် စုစုပေါင်း ခြောက်ယောက်ကို စစ်ဆေးခဲ့ပါတယ်။

တရားရုံးချိန်းမစတင်ခင် ဒေါ်အောင်ဆန်းစုကြည်နဲ့ သူတို့ရဲ့ ရှေ့နေအဖွဲ့တို့ နာရီဝက်လောက် လူချင်းတွေ့ ဆုံခွင့်ရခဲ့ရပါတယ်။ ဒေါ်အောင်ဆန်းစုကြည် ကျန်းကျန်းမာမာရှိနေပြီး အက်တာနက် စာမျက်နှာတွေပါ်မှာ သတင်းအမှားတွေ ပြန့်နေသလို ကိုဗစ်ရောဂါရောဂါပိုး ကူးစက်ခံရတဲ့ဆိုတာ မဟုတ်ဘူးလို့ ဒေါ်မင်းမင်းစိုးက ပြောပါတယ်။

“အမေက ကျန်းကျန်းမာမာပါပဲ၊ ကိုဗစ်ကာကွယ်ဆေးလည်း ထိုးထားတယ်၊ ဒါပေမဲ့ အမေ့ကို မေးကြည့် တာ ၂ ကြိမ်ထိုးပြီးပြီဆိုတော့ ကာကွယ်ဆေးထိုးပြီးပါပြီတဲ့ ၂ ကြိမ်လုံး အမေအပြင်ကိုမှ ခြံထဲကလူ တွေလည်း အကုန်လုံးထိုးပြီးပါပြီတဲ့ အဲလိုပြောပါတယ်ရှင့်။ ကိုဗစ်ကို သူစိတ်ပူတယ်ဆိုတဲ့ အကြောင်း ကတော့ ပြောတယ်။

ပိုပြီးတော့မှ အရင်ကာလနဲ့မတူဘဲ ပြင်းထန်တဲ့အတွက်ကြောင့်မိုလို့ ဂရုစိုက် နေထိုင်ကြဖို့၊ ပြည်သူတွေအချင်းချင်း တစ်ယောက်နဲ့ တစ်ယောက်နဲ့ပေါ့နော် ကျန်းမာရေးအတွက် ဂရုပြုရမယ့် ကန့်သတ်ချက်တွေ တားမြစ်ချက်တွေကို ဂရုတစိုက်နဲ့ လူတွေအချင်းချင်းလည်း ကူညီကြဖို့ ပြောပါတယ်”

ဒေါ်အောင်ဆန်းစုကြည်ကို အာဏာသိမ်းပြီးကတည်းက ပြင်ပလူတွေနဲ့ ထိတွေ့ဆက်ဆံခွင့် ပေးမထားဘဲ အာဏာသိမ်းပြီး ၂ ပတ်အကြာ ဖေဖော်ဝါရီလ ၁၆ ရက်နေ့ရောက်မှ အွန်လိုင်းစနစ်နဲ့ စတင်ရုံးထုတ်ခဲ့တာဖြစ်ပါတယ်။မေလ ၂၄ ရက်နေ့မှာတော့ နေပြည်တော်ကောင်စီဝန်းထဲက အဆောက်အဦတစ်ခုကို အထူးတရားအဖြစ် ပြောင်းလဲ၊ လူကိုယ်တိုင်ရုံးထုတ်ခဲ့ပြီး အပတ်စဉ် တနင်္လာနဲ့ အင်္ဂါနေ့တိုင်း ရုံးထုတ်စစ်ဆေးနေတာ ဖြစ်ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ကို နှစ်ရှည်ထောင်ဒဏ်တွေ ချမှတ်နိုင်တဲ့ မြန်မာနိုင်ငံ လျှို့ဝှက်အက်ဥပဒေ ပုဒ်မ ၃-၁ (ဂ)၊ အဂတိလိုက်စားမှု တိုက်ဖျက်ရေးဥပဒေပုဒ်မ (၅၅) အပါအဝင် စုစုပေါင်းအမှု (၇) ခုနဲ့ စစ်ကောင်စီက စွဲချက်တင်ထားပါတယ်။

သူ့ကို စွဲထားတဲ့အမှုတွေမှာ ပို့ကုန်/သွင်းကုန် ဥပဒေ ပုဒ်မ (၈)အတွက် အမြင့်ဆုံးထောင်ဒဏ် ၃ နှစ်၊ ဆက် သွယ်ရေးပုဒ်မ (၆၇)အတွက် အမြင့်ဆုံးထောင်ဒဏ် တစ်နှစ်၊ ပုဒ်မ ၅၀၅ (ခ) အတွက် အမြင့်ဆုံးထောင်ဒဏ် ၂ နှစ်၊ မြန်မာနိုင်ငံအစိုးရ လျှို့ဝှက်အက်ဥပဒေ ပုဒ်မ ၃-၁ (က) အတွက် အမြင့်ဆုံးထောင်ဒဏ် ၁၄ နှစ်၊ သဘာ၀ ဘေးအန္တရာယ် စီမံခန့်ခွဲမှု ဥပဒေ ပုဒ်မ (၂၅) အတွက် အမြင့် ဆုံးထောင်ဒဏ်က ၃ နှစ်၊ အဂတိလိုက်စားမှု ပုဒ်မ (၅၅)အတွက် အမြင့်ဆုံးထောင်ဒဏ် ၁၅ နှစ် ချမှတ်နိုင်တဲ့အတွက် အမှုအားလုံးကိုသာ စစ်ကောင်စီက အမြင့်ဆုံးပြစ်ဒဏ်ပေးခဲ့ရင် စုစုပေါင်းထောင်ဒဏ် ၄၀ ကျော်လောက် ကျခံရမှာဖြစ်ပါတယ်။

Zawgyi

“ ကိုဗစ္နဲ႔ပတ္သက္ၿပီး ဂ႐ုစိုက္ေနထိုင္ၾကဖို႔ ျပည္သူေတြအေပၚ ေဒၚေအာင္ဆန္းစုၾကည္ မွာၾကား ”

ႏိုင္ငံေတာ္ အတိုင္ပင္ခံပုဂၢိဳလ္ ေဒၚေအာင္ဆန္းစုၾကည္၊ သမၼတ ဦးဝင္းျမင့္နဲ႔ ေနျပည္ေတာ္ၿမိဳ႕ေတာ္ဝန္ ေဒါက္တာမ်ိဳးေအာင္ တို႔အေပၚ စြဲဆိုထားတဲ့ အမႈေတြထဲက ႏိုင္ငံေတာ္ အၾကည္ညိဳပ်က္ေစမႈ ပုဒ္မ ၅၀၅ (ခ)နဲ႔ ပတ္သက္တဲ့ သက္ေသျပင္ဆင္ခ်က္ကို တိုင္းအဆင့္ထိ တက္ဖို႔ရွိတာေၾကာင့္၊

အဲဒီအမႈရဲ႕ တရားလိုကို ဒီေန႔ မစစ္ေဆးေသးဘဲ ႐ုံးခ်ိန္းေ႐ႊ႕ဆိုင္းေပးဖို႔ တင္ျပခဲ့ေပမယ့္ ထပ္မံပယ္ခ်ခံရတယ္လို႔ ေဒၚေအာင္ဆန္းစုၾကည္ရဲ႕ ေရွ႕ေန ေဒၚမင္းမင္းစိုးက RFA ကို ေျပာပါတယ္။“ဒီအမႈကို ဆက္လက္ၿပီး စစ္ေဆးမယ္ဆိုပါကလည္း စြပ္စြဲခံရသူေတြမွာ အခြင့္အေရးေတြ နစ္နာဆုံးရႈံးရ မွာျဖစ္တယ္။

အမ်ားျပည္သူေတြကေန တရား႐ုံးမ်ားအေပၚ ေလးစားယုံၾကည္ အားကိုႏိုင္ရန္အတြက္နဲ႔ အမႈသည္ရဲ႕ အခြင့္အေရးေတြ နစ္နာဆုံးရႈံးမႈ မရွိေစဖို႔တြက္၊ ေနာက္ အထက္တရား႐ုံးေတာ္ကေနၿပီးေတာ့မွ စြပ္စြဲခံရသူရဲ႕ ျပင္ဆင္မႈကို လက္ခံခဲ့ပါကလည္း တရားလိုကို ဒီေန႔ စစ္မယ္ဆိုတဲ့ စစ္ေဆးမႈဟာ အေဟာ သိကံျဖစ္သြားမွာ။

ဒါေၾကာင့္မိုလို႔ အခုလို အေျခအေနမွာ ႐ုံးေတာ္ကေနၿပီးေတာ့မွ သင့္ေလ်ာ္သလို ဆုံးျဖတ္ေပးဖို႔ဆိုၿပီးေတာ့မွ ကြၽန္မတို႔ဘက္က ထပ္ၿပီးေတာ့ ျပန္ရွင္းေလွ်ာက္လဲခ်က္ ျပန္ေပးပါတယ္ရွင့္၊ ေပးတဲ့အခါက်ေတာ့ ႐ုံးေတာ္ကေနၿပီးေတာ့မွ စြပ္စြဲခံရသူ ေရွ႕ေနေလွ်ာက္ထားတဲ့ ႐ုံးခ်ိန္းေ႐ႊ႕ဆိုင္းေပးဖို႔ ေလွ်ာက္ထားခ်က္ကို ပယ္တဲ့အမိန႔္ကိုခ်တယ္။ ခ်မွတ္ၿပီးေတာ့မွ တရားလို ဦးစိုးစိုးေ႐ႊကို ဆက္လက္ၿပီး ေတာ့ စစ္ေဆးဖို႔ဆိုၿပီးေတာ့ အမိန႔္ခ်ပါတယ္ရွင့္”

တရားလိုကို ဆက္လက္စစ္ေဆးတဲ့အခ်ိန္မွာလည္း တရားလိုဘက္က ျပည္ေထာင္စု ေ႐ြးေကာက္ပြဲေကာ္မရွင္ ရဲ႕ ဇြန္လ ၂၃ ရက္ ရက္စြဲနဲ႔ ေနျပည္ေတာ္ေကာင္စီဘက္ကို ျပန္ၾကားလာတဲ့ စာတစ္ေစာင္ကို သက္ေသခံ အျဖစ္ တင္သြင္းခဲ့ၿပီး၊ အဲဒီစာဟာ အမႈအတြက္ တရား႐ုံးကို ဦးတိုက္ေလွ်ာက္ထားစဥ္ကတည္းက သက္ေသခံ စာရင္းမွာ မပါဘဲ ၾကားျဖတ္တင္သြင္းတာျဖစ္လို႔ ေဒၚေအာင္ဆန္းစုၾကည္ရဲ႕ ေရွ႕ေနအဖြဲ႕က ဥပေဒအရ ကန႔္ကြက္ခဲ့ေပမယ့္ တရား႐ုံးကပယ္ခ်ခဲ့ၿပီး အဲဒီသက္ေသခံကို ဆက္လက္တင္သြင္းခြင့္ျပဳခဲ့ပါတယ္။

ဒါေၾကာင့္ ၅၀၅ (ခ) အမႈနဲ႔ပတ္သက္လို႔ ဇြန္လ ၂၉ ရက္ ႐ုံးခ်ိန္းမွာ ေနျပည္ေတာ္ အထူးတရား႐ုံးကို စစ္ေကာင္စီဘက္က တင္သြင္းလာတဲ့ စာ႐ြက္စာတမ္းေတြနဲ႔ပတ္သက္လို႔ ကန႔္ကြက္တာကို ပယ္ခ်ခံရတာ တစ္ႀကိမ္၊ အဲဒီသက္ေသေတြကိုပဲ မေန႔က ဒကၡိဏခ႐ိုင္ တရား႐ုံးက တစ္ႀကိမ္ ပယ္ခ်ခံရၿပီး၊ ဒီေန႔မွာလည္း ၂ ႀကိမ္ ပယ္ခ်ခံရတာေၾကာင့္ ေဒၚေအာင္ဆန္းစုၾကည္ရဲ႕ ေရွ႕ေနအဖြဲ႕ရဲ႕ တင္ျပခ်က္ေတြ ေလးႀကိမ္တိုင္တိုင္ ပယ္ခ်ခံေနရတာျဖစ္ပါတယ္။

ဒီေန႔ တရားလိုဘက္က တင္သြင္းခဲ့တဲ့ သက္ေသေတြစာ႐ြက္ထဲမွာ အမ်ိဳးသားဒီမိုကေရစီအဖြဲ႕ခ်ဳပ္ NLD ပါတီရဲ႕ ဗဟိုအလုပ္မႈေဆာင္အဖြဲ႕ရဲ႕ အမည္စာရင္းေတြ ပါဝင္တယ္လို႔ ေဒၚမင္းမင္းစိုးက ေျပာပါတယ္။

အထူးတရား႐ုံးက ဒီေန႔မွာ ပုဒ္မ ၅၀၅ (ခ) အတြက္ တရားလို တစ္ေယာက္၊ တရားလိုျပသက္ေသ တစ္ ေယာက္၊ သဘာဝေဘးအႏၲာရာယ္ စီမံခန႔္ခြဲမႈဥပေဒ ပုဒ္မ ၂၅ အတြက္ တရားလိုျပသက္ေသ ေလးေယာက္ စုစုေပါင္း ေျခာက္ေယာက္ကို စစ္ေဆးခဲ့ပါတယ္။

တရား႐ုံးခ်ိန္းမစတင္ခင္ ေဒၚေအာင္ဆန္းစုၾကည္နဲ႔ သူတို႔ရဲ႕ ေရွ႕ေနအဖြဲ႕တို႔ နာရီဝက္ေလာက္ လူခ်င္းေတြ႕ ဆုံခြင့္ရခဲ့ရပါတယ္။ ေဒၚေအာင္ဆန္းစုၾကည္ က်န္းက်န္းမာမာရွိေနၿပီး အက္တာနက္ စာမ်က္ႏွာေတြပၚမွာ သတင္းအမွားေတြ ျပန႔္ေနသလို ကိုဗစ္ေရာဂါေရာဂါပိုး ကူးစက္ခံရတဲ့ဆိုတာ မဟုတ္ဘူးလို႔ ေဒၚမင္းမင္းစိုးက ေျပာပါတယ္။

“အေမက က်န္းက်န္းမာမာပါပဲ၊ ကိုဗစ္ကာကြယ္ေဆးလည္း ထိုးထားတယ္၊ ဒါေပမဲ့ အေမ့ကို ေမးၾကည့္ တာ ၂ ႀကိမ္ထိုးၿပီးၿပီဆိုေတာ့ ကာကြယ္ေဆးထိုးၿပီးပါၿပီတဲ့ ၂ ႀကိမ္လုံး အေမအျပင္ကိုမွ ၿခံထဲကလူ ေတြလည္း အကုန္လုံးထိုးၿပီးပါၿပီတဲ့ အဲလိုေျပာပါတယ္ရွင့္။ ကိုဗစ္ကို သူစိတ္ပူတယ္ဆိုတဲ့ အေၾကာင္း ကေတာ့ ေျပာတယ္။

ပိုၿပီးေတာ့မွ အရင္ကာလနဲ႔မတူဘဲ ျပင္းထန္တဲ့အတြက္ေၾကာင့္မိုလို႔ ဂ႐ုစိုက္ ေနထိုင္ၾကဖို႔၊ ျပည္သူေတြအခ်င္းခ်င္း တစ္ေယာက္နဲ႔ တစ္ေယာက္နဲ႔ေပါ့ေနာ္ က်န္းမာေရးအတြက္ ဂ႐ုျပဳရမယ့္ ကန႔္သတ္ခ်က္ေတြ တားျမစ္ခ်က္ေတြကို ဂ႐ုတစိုက္နဲ႔ လူေတြအခ်င္းခ်င္းလည္း ကူညီၾကဖို႔ ေျပာပါတယ္”

ေဒၚေအာင္ဆန္းစုၾကည္ကို အာဏာသိမ္းၿပီးကတည္းက ျပင္ပလူေတြနဲ႔ ထိေတြ႕ဆက္ဆံခြင့္ ေပးမထားဘဲ အာဏာသိမ္းၿပီး ၂ ပတ္အၾကာ ေဖေဖာ္ဝါရီလ ၁၆ ရက္ေန႔ေရာက္မွ အြန္လိုင္းစနစ္နဲ႔ စတင္႐ုံးထုတ္ခဲ့တာျဖစ္ပါတယ္။ေမလ ၂၄ ရက္ေန႔မွာေတာ့ ေနျပည္ေတာ္ေကာင္စီဝန္းထဲက အေဆာက္အဦတစ္ခုကို အထူးတရားအျဖစ္ ေျပာင္းလဲ၊ လူကိုယ္တိုင္႐ုံးထုတ္ခဲ့ၿပီး အပတ္စဥ္ တနလၤာနဲ႔ အဂၤါေန႔တိုင္း ႐ုံးထုတ္စစ္ေဆးေနတာ ျဖစ္ပါတယ္။

ေဒၚေအာင္ဆန္းစုၾကည္ကို ႏွစ္ရွည္ေထာင္ဒဏ္ေတြ ခ်မွတ္ႏိုင္တဲ့ ျမန္မာႏိုင္ငံ လွ်ိဳ႕ဝွက္အက္ဥပေဒ ပုဒ္မ ၃-၁ (ဂ)၊ အဂတိလိုက္စားမႈ တိုက္ဖ်က္ေရးဥပေဒပုဒ္မ (၅၅) အပါအဝင္ စုစုေပါင္းအမႈ (၇) ခုနဲ႔ စစ္ေကာင္စီက စြဲခ်က္တင္ထားပါတယ္။

သူ႔ကို စြဲထားတဲ့အမႈေတြမွာ ပို႔ကုန္/သြင္းကုန္ ဥပေဒ ပုဒ္မ (၈)အတြက္ အျမင့္ဆုံးေထာင္ဒဏ္ ၃ ႏွစ္၊ ဆက္ သြယ္ေရးပုဒ္မ (၆၇)အတြက္ အျမင့္ဆုံးေထာင္ဒဏ္ တစ္ႏွစ္၊ ပုဒ္မ ၅၀၅ (ခ) အတြက္ အျမင့္ဆုံးေထာင္ဒဏ္ ၂ ႏွစ္၊ ျမန္မာႏိုင္ငံအစိုးရ လွ်ိဳ႕ဝွက္အက္ဥပေဒ ပုဒ္မ ၃-၁ (က) အတြက္ အျမင့္ဆုံးေထာင္ဒဏ္ ၁၄ ႏွစ္၊ သဘာ၀ ေဘးအႏၲရာယ္ စီမံခန႔္ခြဲမႈ ဥပေဒ ပုဒ္မ (၂၅) အတြက္ အျမင့္ ဆုံးေထာင္ဒဏ္က ၃ ႏွစ္၊ အဂတိလိုက္စားမႈ ပုဒ္မ (၅၅)အတြက္ အျမင့္ဆုံးေထာင္ဒဏ္ ၁၅ ႏွစ္ ခ်မွတ္ႏိုင္တဲ့အတြက္ အမႈအားလုံးကိုသာ စစ္ေကာင္စီက အျမင့္ဆုံးျပစ္ဒဏ္ေပးခဲ့ရင္ စုစုေပါင္းေထာင္ဒဏ္ ၄၀ ေက်ာ္ေလာက္ က်ခံရမွာျဖစ္ပါတယ္။

Leave a Reply

Your email address will not be published. Required fields are marked *