“ ပျံလွန်တော်မူသွားပြီဖြစ်တဲ့ PPEဝတ်စုံဝတ်ကာ ပြည်သူတွေကိုကူညီရင်း ပရဟိတတွေလုပ်နေတဲ့ဦးဇင်း ”

“ ပျံလွန်တော်မူသွားပြီဖြစ်တဲ့ PPEဝတ်စုံဝတ်ကာ ပြည်သူတွေကိုကူညီရင်း ပရဟိတတွေလုပ်နေတဲ့ဦးဇင်း ”

လက်ရှိမှာတော့ မြန်မာ့ပြည်တွင်းရေး အခြေအနေနဲ့ ကိုဗစ် တတိယလှိုင်းတို့ကြောင့် ပြည်သူ လူထုလည်း မနည်းရုန်းကန် နေရတာ ဖြစ်ပါတယ်။ ဒီလိုအချိန်မှာ ပြည်သူတွေက အခက်အခဲတွေကို ရင်ဆိုင် နေရပေမယ့် ဒုက္ခရောက်နေတဲ့ သူတွေကိုလည်း တတ်နိုင်သလောက်ကူညီပေးနေကြတာ ဖြစ်ပါတယ်။

ကိုဗစ် တတိယလှိုင်းကို ကျော်လွှားဖို့အတွက် ပရဟိတ အဖွဲ့အစည်းတွေ အပြင်၊ စေတနာရှင် လူကြီး၊လူငယ် ဘုရားသားတော် တွေကပါ အဘက်ဘက်ကနေ ကူညီဖေးမ ပေးနေကြတာ ဖြစ်ပါတယ်။ အခုဆိုရင်လည်းဘုရားသားတော် အဖြစ်သာသနာ့ဝန်ကို ထမ်းရွက်နေတဲ့ ဦးပဉ္ဇင်း တစ်ပါးက PPE ဝတ်စုံကို သင်္ကန်းပေါ်မှာထပ်ဝတ်ပြီး ပရဟိတ အလုပ်တွေလုပ် ဆောင်နေတာ ဖြစ်ပါတယ်။

ဘုန်းဘုန်းကတော့ လူသားတွေ အပေါ်မှာ သနားဂရုဏာ ထားပြီး အခက် အခဲတွေကို ကူညီ ဖြေရှင်းပေးနေတာ ဖြစ်ပါတယ်။ ဒါ့ကြောင့် ဘုန်းဘုန်းရဲ့ စိတ်ဓာတ်ကို ပြည်သူတွေက လေးစားကြပြီး ကြည်ညို နေကြတာ ဖြစ်ပါတယ်။

ယခုဆိုရင်လည်းဦးဇင်း ဦးသုဇနလို့ ဘွဲ့တော်အမည်ရတဲ့ ဦးဇင်းတစ်ပါးဟာ ပြည်သူတွေ အခက်အခဲကို PPE ဝတ်စုံသက်န်းအပေါ်ကထပ်ဝတ်ကာ လိုက်လံကူညီ ကယ်တင်းရင်းနဲ့ပဲ ကိုဗစ်ရောဂါပိုး ကူးစက်ကာ ပျံလွန်တော်မူသွားခဲ့ရတာပဲ ဖြစ်ပါတယ်။ အဆိုပါသတင်းဟာ ပြည်သူတွေကိုဝမ်းနည်းစေခဲ့ပြီး ပြည်သူတွေရဲ့ရင်ကိုထိမှန်စေခဲ့ပါတယ်။

သာသနာ့ဝန်ကိုလည်းထမ်းရွက်ရင်း လူသားတွေကိုလည်း စာနာသနားပေးတတ်တဲ့ ဘုန်းဘုန်းရဲ့ ပုံရိပ်လေးတွေကို ကြည်ညိုခြင်း နှမျောတသ ဖြစ်ခြင်းတို့ဖြင့် ပြန်လည် မျှဝေပေးလိုက် ရပါတယ်။

Zawgyi







Leave a Reply

Your email address will not be published. Required fields are marked *