ကျမတို့အသံတွေကို နားထောင်ပေးကြပါ
တပ်မတော်ရဲ့ ဖိနှိပ်တိုက်ခိုက်မှုရယ်၊ ကိုဗစ်ကူးစက်ရောဂါ ပေါက်ကွဲပျံ့နှံ့လာမှုရယ်ကြားမှာ မလှုပ်သာအောင် ညပ်နေရတဲ့ မြန်မာလူထုအဖို့ အသက်တွေ၊ ဘဝတွေ၊ သက်မွေးဝမ်းကျောင်းတွေအပြင် လူသားဆန်မှုအပေါ် ယုံကြည်မှုကိုပါ ဆုံးရှုံးခံရဖို့ အန္တရာယ်ကျရောက်နေပါပြီ။
အာဏာသိမ်းပြီးကတည်းက လူထုဟာ မမှိတ်မသုန် ထက်သန်စိတ်တွေနဲ့ လူထုအာခံမှု၊ မနာခံမှုတွေကို တနိုင်ငံလုံး အတိုင်းအတာနဲ့ လုပ်ဆောင်ခဲ့ကြတာ ဒီနေ့အထိပါပဲ။ လူထုက တပ်ကို ‘ငါတို့ဆန္ဒမပါဘဲ အုပ်ချုပ်ခွင့် လုံးဝမရစေရ’လို့ ကြွေးကြော်ကြတယ်။ ကိုဗစ်တတိယလှိုင်း ဖြစ်လာချိန်မှာတော့ လူထုဟာ အောက်စီဂျင်ရဖို့ ခက်ခဲလာသလို ဆေးဆိုင်တွေတောင် ပိတ်ခိုင်းထားတာမျိုးကနေ ပထမနဲ့ ဒုတိယလှိုင်းတုန်းက တက်ကြွစွာ ကူညီခဲ့သူ ပရဟိတသမားတွေကို ဖမ်းဆီးပြဿနာရှာတာမျိုးပါ ဖြစ်လာလေတော့ ကူကယ်ရာမဲ့သလို ခံစားလာရတယ်။ ခုတော့ လူထုဟာ ‘ငါတို့မှာ ငါတို့ပဲ ရှိတယ်။ အားမလျော့နဲ့’ လို့သာ အချင်းချင်းကို အားပေးရှင်သန်နေကြရတယ်။
တကယ်တော့ ဒီစကားဟာ မြန်မာလူထုရဲ့ စိတ်ဓာတ်ရေးရာပိုင်းမှာ ဘယ်လောက်ထိ တစစနဲ့ ပြောင်းလဲလာနေတယ်ဆိုတာကို အရေးတကြီး ရှင်းပြနိုင်တဲ့စကားပါပဲ။ ၅၄ သန်းသော လူထုဟာ ‘အင်စတီကျူးရှင်းကြီးတွေဆီက အကူအညီ’ ဆိုတာအပေါ်မှာ အယုံအကြည်မဲ့လာနေကြပါပြီ။ အရင်ဆုံးတော့ ကုလသမဂ္ဂရဲ့ အဆုံးအဖြတ်ကို မျှော်ခဲ့ကြတယ်၊ နောက် အာဆီယံက ကူလေမလား မျှော်ခဲ့ကြပြန်ရော။ အို… နိုင်ငံတကာအသိုင်းအဝိုင်းက တနည်းနည်းနဲ့တော့ ကူကြမှာပါလို့ တွက်ခဲ့ကြပြန်တယ်။
ကမ္ဘာ့အင်စတီကျူးရှင်းတွေဆီက မနားတမ်း လျစ်လျူရှုမှုတွေကို ကြုံတွေ့ပြီးတဲ့အခါမှာတော့ မြန်မာလူထုဟာ “ငါတို့မှာ ငါတို့ပဲရှိတယ်” လို့ စိတ်ပိုင်းဖြတ်လိုက်ကြတယ်။ ကိုယ့်အချင်းချင်းကို အားပေးတဲ့နေရာမှာ သိပ်အဖိုးတန်တဲ့ ဒီစကားဟာ တခြားတဖက်က ကြည့်ရင်တော့ မြန်မာလူထုဟာ အင်စတီကျူးရှင်းတွေဆီက အကူအညီဆိုတာအပေါ် ဘယ်လောက်အထိ အယုံအကြည်မဲ့လာကြောင်း ပြသနေတဲ့ စကားပါပဲ။
တကယ်တော့ မြန်မာ့တပ်မတော်ဆိုတာ နိုင်ငံအဆင့် ကိုယ်စားပြုအင်စတီကျူးရှင်းအဖြစ် ဘယ်တုန်းကမှ မဖြစ်တည်ခဲ့ပါဘူး။ သူက အမြဲတမ်းလိုလို အဂတိကြီးတဲ့ အကြမ်းဖက်ဂိုဏ်း တခုလိုသာ ရပ်တည်ခဲ့တာပါ။ ဒါကြောင့် ဒီအင်စတီကျူးရှင်းအပေါ်မှာ မြန်မာလူထုဟာ အယုံအကြည်မဲ့ခဲ့ပါတယ်။ ခုတော့ အဲဒီအယုံအကြည်မဲ့မှုဟာ ဟိုးအောက်ဆုံးအထိတောင် ရောက်သွားခဲ့ပါပြီ။ တပ်မတော်ဆိုတာ နစ်နေတဲ့ လှေတစ်စင်း ဖြစ်နေပါပြီ။ အဲဒီအင်စတီကျူးရှင်းကြီးတစ်ခုလုံးကို ကယ်တင်ဖို့ဆိုတာ မဖြစ်နိုင်တော့ပါဘူး။ ကျမတို့ ကယ်တင်နိုင်မှာက အဲဒီအင်စတီကျူးရှင်းထဲက လူတစ်ယောက်ချင်းစီလောက်ထိပါပဲ။
ဒါကြောင့်လည်း တပ်မတော်က အရာရှိ၊ အကြပ်တပ်သားတချို့ဟာ လူထုရဲ့ အာခံမှု-မနာခံမှုကို ပူးပေါင်းပါဝင်လာကြပါတယ်။ တနည်းအားဖြင့်တော့ နစ်နေတဲ့လှေထဲကနေ ကုန်းပေါ်ကို ခုန်တက်လိုက်ကြတာမျိုးပေါ့။ နိုင်ငံအဆင့် အင်စတီကျူးရှင်းတွေအပေါ် အယုံအကြည်မဲ့မှုဟာ သိပ်ဆိုးဝါးတဲ့ သက်ရောက်မှုတွေကို ဖြစ်စေပါတယ်။ အဲဒီ အင်စတီကျူးရှင်း ကိုယ်တိုင်အပေါ်မှာရော၊ သူကနေ ဆောင်ရွက်ပေးနိုင်တဲ့ နိုင်ငံရဲ့အုပ်ချုပ်ရေးအပေါ်မှာရော၊ သူ့ထဲက ဝန်ထမ်းတစ်ယောက်ချင်းစီအပေါ်မှာပါပေါ့။ အယုံအကြည် တခါလေး မဲ့ရုံဟာ နှစ်ပေါင်းများစွာနဲ့တောင်မှ ပြန်လည်တည်ထောင်ယူရ၊ ပြုပြင်ယူရလောက်အောင် သက်ရောက်ပါတယ်။ ဒီလိုဖြစ်တာဟာ ဘယ်သူ့အတွက်မှလည်း ဘာအကျိုးအမြတ်မှ မဖြစ်စေပါဘူး။
ဒီလိုပါပဲ။ မြန်မာလူထုဟာ ကုလသမဂ္ဂလို အာဆီယံလို အင်စတီကျူးရှင်းကြီးတွေအပေါ်မှာ အယုံအကြည်မဲ့လာတာကို တွေ့မြင်နေရပါတယ်။ “ငါတို့မှာ ငါတို့ပဲ ရှိတယ်”ဆိုတဲ့ စကားသံဟာ သိပ်ကိုစိုးရိမ်စရာကောင်းတဲ့ အသံပါပဲ။ လူတွေအများကြီးက အင်စတီကျူးရှင်း တစ်ခုခုအပေါ်မှာ အယုံအကြည်မဲ့လာပြီဆိုရင် နောက်ဆက်တွဲဆိုးကျိုးတွေပဲ ဖြစ်လာတော့မှာလေ။ အချိန်အကြာကြီးယူပြီးမှ ပြန်လည်နာလန်ထနိုင်သလို တကယ်ရော နာလန်ထလာပါဦးမလား ဆိုတာလည်း မေးစရာပါပဲ။
ဘာလို့များ နိုင်ငံတကာအသိုင်းအဝိုင်းဟာ ကျမတို့ မြန်မာလူထုကို ကယ်တင်ဖို့ ထိထိရောက်ရောက် မဆောင်ရွက်နိုင်သေးတာပါလိမ့်။ မြန်မာလူထုရဲ့ ရင်ထဲ အသည်းထဲမှာ ဒီမေးခွန်းဟာ ပဲ့တင်ထပ်နေပါပြီ။ ကျမတို့ ရင်ဆိုင်နေရတဲ့ တခြားရက်စက်မှုတွေထက်တောင် ဒီအမေး၊ ဒီအတွေးက နာကျင်စေပါတယ်။ တကယ့်နက်ရှိုင်းထိခိုက်တဲ့ ဒဏ်ရာဆိုတာ ကျည်သင့်တဲ့ဒဏ်ရာ မဟုတ်ပါဘူး၊ ‘အယုံအကြည်မဲ့ရတဲ့’ ဒဏ်ရာသာ ဖြစ်ပါတယ်။ ဒါကြောင့် အခုအချိန်မှာ ကျမ စိုးရိမ်နေမိတာကတော့ မြန်မာလူထုဟာ ကမ္ဘာ့အသိုင်းအဝိုင်းဆိုတဲ့ အင်စတီကျူးရှင်းကြီးကနေ သူတို့ကိုယ်သူတို့ ခွဲထုတ်လိုက်ဖို့ ဆန္ဒရှိနေမှာကိုပါ။
တကယ်တော့ ကုလသမဂ္ဂတို့ အာဆီယံတို့ဆိုတာ မြန်မာ့တပ်မတော်လို နစ်နေတဲ့လှေတစ်စင်း မဟုတ်ပါဘူး။ ဒါပေမဲ့ ကျမတို့ ခံစားနေရတာကို လျစ်လျူရှုခြင်းဖြစ်ဖြစ်၊ ပျားရည်သုတ် စကားလုံးတွေလောက်နဲ့ နှစ်သိမ့်ပေးတာဖြစ်ဖြစ်ကိုသာ ဆက်တိုက်ရရှိလာပြီဆိုတဲ့အခါ ကျမတို့ဟာ အယုံအကြည်မဲ့ခြင်းကိုသာ တတ်နိုင်ပါတော့တယ်။
၅၄ သန်းသော လူထုဟာ ရက်စက်ကြမ်းကြုတ်တဲ့ တပ်မတော်ရဲ့ ဖိနှိပ်မှုအောက်မှာနဲ့ ပေါက်ကွဲပြန့်ပွားနေတဲ့ ကိုဗစ်အောက်မှာ အသက်ရှူမဝတော့ပါဘူး။ ပိုဆိုးတာကတော့ အားလုံးရဲ့ စွန့်ပယ်ခြင်းကို ခံစားနေရတဲ့စိတ်ပါပဲ။ ကမ္ဘာ့အင်စတီကျူးရှင်းဖြစ်တဲ့ ကုလသမဂ္ဂကြီးက စွန့်ပယ်တယ်၊ အာဆီယံလိုဒေသတွင်း အင်စတီကျူးရှင်းက စွန့်ပယ်တယ်၊ အိမ်နီးနားချင်းတွေက စွန့်ပယ်တယ်၊ ကြွယ်ဝတဲ့ ဒီမိုကရက်တစ်နိုင်ငံတွေကလည်း စွန့်ပယ်တယ်၊ နောက် ဒီမိုကရက် မဟုတ်တဲ့ နိုင်ငံတွေက အသုံးချတာ၊ အလွဲသုံးစားလုပ်တာတွေကို ခံရတယ်။ အဲဒီလို ခံစားနေကြရတာပါ။ကျမတို့ဟာ မျှော်လင့်ချက်တွေ မဲ့ရတယ်။ အယုံအကြည်တွေ မဲ့လာတယ်။ တနိုင်ငံလုံး အတိုင်းအတာနဲ့ပေါ့။ ဒီ့ထက် ကြောက်စရာကောင်းတဲ့ အနေအထား ရှိသေးရဲ့လား။
ကျေးဇူးပြုပြီး တကယ့်ကို ကျေးဇူးပြုပြီး နားထောင်ပေးကြပါ၊ ကြားပေးကြပါ နိုင်ငံတကာ အသိုင်းအဝိုင်းရေ။ နိုင်ငံအသီးသီးဟာ ခုကပ်ရောဂါကာလမှာ ကိုယ့်အခက်အခဲနဲ့ကိုယ် ရှိနေကြတာကို ကျမတို့တွေ နားလည်သဘောပေါက်ပါတယ်။ ကျမတို့နိုင်ငံထဲက အင်စတီကျူးရှင်းတစ်ခု ဖြစ်တဲ့ တပ်မတော်ကိုယ်တိုင်က အကြမ်းဖက်အဖွဲ့ဖြစ်နေတဲ့အတွက် ရှင်တို့ရဲ့ မျက်လုံးထဲမှာ ကျမတို့
လူ့အဖွဲ့အစည်းဟာ ဆိုးရွားတယ်လို့ မြင်နေနိုင်ပါတယ်။ ဒါပေမဲ့ မြန်မာလူထုဟာတော့ဖြင့် ရှင်တို့ရဲ့ ထိရောက်တဲ့ အရေးယူဆောင်ရွက်မှုတွေ ဝင်ရောက်ကူညီမှုတွေကို ထိုက်တန်တဲ့သူတွေပါ။ ကျမတို့ အသံတွေကို ကြားပေးကြပါ။ လူထုရဲ့အသံတွေကို နားထောင်ပေးကြပါ။ ကျမတို့ဟာ ရှင်တို့ရဲ့ အကူအညီကို အသည်းအသန်ကို လိုအပ်နေကြတာပါ။
ကျမတို့အနေနဲ့ ဘယ်အင်စတီကျူးရှင်းအပေါ်မှာမှ အယုံအကြည် မမဲ့ဖြစ်အောင် ကူညီပေးကြပါ။ ဟုတ်ပါတယ်၊ ကျမတို့ အများကြီး ဖြတ်သန်းခဲ့ကြပြီးပါပြီ။ ဒါပေမဲ့ ကျမတို့ကို ယုံကြည်ပေးပါ။ ကျမတို့ဟာ ဒီမိုကရေစီအပေါ်မှာ ဘယ်တုန်းကမှ မျှော်လင့်ချက် မမဲ့ခဲ့ကြပါဘူး။ နိုင်ငံတကာအသိုင်းအဝိုင်းကြားမှာ ငြိမ်းချမ်းတဲ့၊ ပုံမှန်ပဲ ဖွံ့ဖြိုးတိုးတက်လာနေတဲ့ နိုင်ငံအနေနဲ့ရော၊ မိတ်ကောင်းဆွေကောင်း
အိမ်နီးချင်းနိုင်ငံကောင်းအနေနဲ့ရော၊ ဂုဏ်သိက္ခာရှိတဲ့ ကမ္ဘာ့အဖွဲ့ဝင်နိုင်ငံအနေနဲ့ပါ ဖြစ်နိုင်စေရမှာပါ။ ကမ္ဘာ့/ဒေသတွင်း အင်စတီကျူးရှင်း ဆိုတဲ့ လှေကြီးပေါ်ကနေ ကျမတို့ကို မလွှင့်ပစ်လိုက်ကြပါနဲ့။ ကမ္ဘာမြေပေါ်မှာ လူသားဆန်တဲ့ အင်စတီကျူးရှင်းတွေ ရှိပါသေးတယ်လို့ ယုံကြည်ခွင့်ကို ပေးကြပါ။ ရှင်တို့ လုပ်ပေးနိုင်သမျှ နည်းလမ်းစုံနဲ့ မြန်မာ့လူထုကို ကယ်တင်ပေးကြပါတော့။
မသီတာ(စမ်းချောင်း)
Zawgyi
က်မတို႔အသံေတြကို နားေထာင္ေပးၾကပါ
တပ္မေတာ္ရဲ႕ ဖိႏွိပ္တိုက္ခိုက္မႈရယ္၊ ကိုဗစ္ကူးစက္ေရာဂါ ေပါက္ကြဲပ်ံ႕ႏွံ႔လာမႈရယ္ၾကားမွာ မလႈပ္သာေအာင္ ညပ္ေနရတဲ့ ျမန္မာလူထုအဖို႔ အသက္ေတြ၊ ဘဝေတြ၊ သက္ေမြးဝမ္းေက်ာင္းေတြအျပင္ လူသားဆန္မႈအေပၚ ယုံၾကည္မႈကိုပါ ဆုံးရႈံးခံရဖို႔ အႏၲရာယ္က်ေရာက္ေနပါၿပီ။
အာဏာသိမ္းၿပီးကတည္းက လူထုဟာ မမွိတ္မသုန္ ထက္သန္စိတ္ေတြနဲ႔ လူထုအာခံမႈ၊ မနာခံမႈေတြကို တႏိုင္ငံလုံး အတိုင္းအတာနဲ႔ လုပ္ေဆာင္ခဲ့ၾကတာ ဒီေန႔အထိပါပဲ။ လူထုက တပ္ကို ‘ငါတို႔ဆႏၵမပါဘဲ အုပ္ခ်ဳပ္ခြင့္ လုံးဝမရေစရ’လို႔ ေႂကြးေၾကာ္ၾကတယ္။ ကိုဗစ္တတိယလႈိင္း ျဖစ္လာခ်ိန္မွာေတာ့ လူထုဟာ ေအာက္စီဂ်င္ရဖို႔ ခက္ခဲလာသလို ေဆးဆိုင္ေတြေတာင္ ပိတ္ခိုင္းထားတာမ်ိဳးကေန ပထမနဲ႔ ဒုတိယလႈိင္းတုန္းက တက္ႂကြစြာ ကူညီခဲ့သူ ပရဟိတသမားေတြကို ဖမ္းဆီးျပႆနာရွာတာမ်ိဳးပါ ျဖစ္လာေလေတာ့ ကူကယ္ရာမဲ့သလို ခံစားလာရတယ္။ ခုေတာ့ လူထုဟာ ‘ငါတို႔မွာ ငါတို႔ပဲ ရွိတယ္။ အားမေလ်ာ့နဲ႔’ လို႔သာ အခ်င္းခ်င္းကို အားေပးရွင္သန္ေနၾကရတယ္။
တကယ္ေတာ့ ဒီစကားဟာ ျမန္မာလူထုရဲ႕ စိတ္ဓာတ္ေရးရာပိုင္းမွာ ဘယ္ေလာက္ထိ တစစနဲ႔ ေျပာင္းလဲလာေနတယ္ဆိုတာကို အေရးတႀကီး ရွင္းျပႏိုင္တဲ့စကားပါပဲ။ ၅၄ သန္းေသာ လူထုဟာ ‘အင္စတီက်ဴးရွင္းႀကီးေတြဆီက အကူအညီ’ ဆိုတာအေပၚမွာ အယုံအၾကည္မဲ့လာေနၾကပါၿပီ။ အရင္ဆုံးေတာ့ ကုလသမဂၢရဲ႕ အဆုံးအျဖတ္ကို ေမွ်ာ္ခဲ့ၾကတယ္၊ ေနာက္ အာဆီယံက ကူေလမလား ေမွ်ာ္ခဲ့ၾကျပန္ေရာ။ အို… ႏိုင္ငံတကာအသိုင္းအဝိုင္းက တနည္းနည္းနဲ႔ေတာ့ ကူၾကမွာပါလို႔ တြက္ခဲ့ၾကျပန္တယ္။
ကမာၻ႔အင္စတီက်ဴးရွင္းေတြဆီက မနားတမ္း လ်စ္လ်ဴရႈမႈေတြကို ႀကဳံေတြ႕ၿပီးတဲ့အခါမွာေတာ့ ျမန္မာလူထုဟာ “ငါတို႔မွာ ငါတို႔ပဲရွိတယ္” လို႔ စိတ္ပိုင္းျဖတ္လိုက္ၾကတယ္။ ကိုယ့္အခ်င္းခ်င္းကို အားေပးတဲ့ေနရာမွာ သိပ္အဖိုးတန္တဲ့ ဒီစကားဟာ တျခားတဖက္က ၾကည့္ရင္ေတာ့ ျမန္မာလူထုဟာ အင္စတီက်ဴးရွင္းေတြဆီက အကူအညီဆိုတာအေပၚ ဘယ္ေလာက္အထိ အယုံအၾကည္မဲ့လာေၾကာင္း ျပသေနတဲ့ စကားပါပဲ။
တကယ္ေတာ့ ျမန္မာ့တပ္မေတာ္ဆိုတာ ႏိုင္ငံအဆင့္ ကိုယ္စားျပဳအင္စတီက်ဴးရွင္းအျဖစ္ ဘယ္တုန္းကမွ မျဖစ္တည္ခဲ့ပါဘူး။ သူက အၿမဲတမ္းလိုလို အဂတိႀကီးတဲ့ အၾကမ္းဖက္ဂိုဏ္း တခုလိုသာ ရပ္တည္ခဲ့တာပါ။ ဒါေၾကာင့္ ဒီအင္စတီက်ဴးရွင္းအေပၚမွာ ျမန္မာလူထုဟာ အယုံအၾကည္မဲ့ခဲ့ပါတယ္။ ခုေတာ့ အဲဒီအယုံအၾကည္မဲ့မႈဟာ ဟိုးေအာက္ဆုံးအထိေတာင္ ေရာက္သြားခဲ့ပါၿပီ။ တပ္မေတာ္ဆိုတာ နစ္ေနတဲ့ ေလွတစ္စင္း ျဖစ္ေနပါၿပီ။ အဲဒီအင္စတီက်ဴးရွင္းႀကီးတစ္ခုလုံးကို ကယ္တင္ဖို႔ဆိုတာ မျဖစ္ႏိုင္ေတာ့ပါဘူး။ က်မတို႔ ကယ္တင္ႏိုင္မွာက အဲဒီအင္စတီက်ဴးရွင္းထဲက လူတစ္ေယာက္ခ်င္းစီေလာက္ထိပါပဲ။
ဒါေၾကာင့္လည္း တပ္မေတာ္က အရာရွိ၊ အၾကပ္တပ္သားတခ်ိဳ႕ဟာ လူထုရဲ႕ အာခံမႈ-မနာခံမႈကို ပူးေပါင္းပါဝင္လာၾကပါတယ္။ တနည္းအားျဖင့္ေတာ့ နစ္ေနတဲ့ေလွထဲကေန ကုန္းေပၚကို ခုန္တက္လိုက္ၾကတာမ်ိဳးေပါ့။ ႏိုင္ငံအဆင့္ အင္စတီက်ဴးရွင္းေတြအေပၚ အယုံအၾကည္မဲ့မႈဟာ သိပ္ဆိုးဝါးတဲ့ သက္ေရာက္မႈေတြကို ျဖစ္ေစပါတယ္။ အဲဒီ အင္စတီက်ဴးရွင္း ကိုယ္တိုင္အေပၚမွာေရာ၊ သူကေန ေဆာင္႐ြက္ေပးႏိုင္တဲ့ ႏိုင္ငံရဲ႕အုပ္ခ်ဳပ္ေရးအေပၚမွာေရာ၊ သူ႔ထဲက ဝန္ထမ္းတစ္ေယာက္ခ်င္းစီအေပၚမွာပါေပါ့။ အယုံအၾကည္ တခါေလး မဲ့႐ုံဟာ ႏွစ္ေပါင္းမ်ားစြာနဲ႔ေတာင္မွ ျပန္လည္တည္ေထာင္ယူရ၊ ျပဳျပင္ယူရေလာက္ေအာင္ သက္ေရာက္ပါတယ္။ ဒီလိုျဖစ္တာဟာ ဘယ္သူ႔အတြက္မွလည္း ဘာအက်ိဳးအျမတ္မွ မျဖစ္ေစပါဘူး။
ဒီလိုပါပဲ။ ျမန္မာလူထုဟာ ကုလသမဂၢလို အာဆီယံလို အင္စတီက်ဴးရွင္းႀကီးေတြအေပၚမွာ အယုံအၾကည္မဲ့လာတာကို ေတြ႕ျမင္ေနရပါတယ္။ “ငါတို႔မွာ ငါတို႔ပဲ ရွိတယ္”ဆိုတဲ့ စကားသံဟာ သိပ္ကိုစိုးရိမ္စရာေကာင္းတဲ့ အသံပါပဲ။ လူေတြအမ်ားႀကီးက အင္စတီက်ဴးရွင္း တစ္ခုခုအေပၚမွာ အယုံအၾကည္မဲ့လာၿပီဆိုရင္ ေနာက္ဆက္တြဲဆိုးက်ိဳးေတြပဲ ျဖစ္လာေတာ့မွာေလ။ အခ်ိန္အၾကာႀကီးယူၿပီးမွ ျပန္လည္နာလန္ထႏိုင္သလို တကယ္ေရာ နာလန္ထလာပါဦးမလား ဆိုတာလည္း ေမးစရာပါပဲ။
ဘာလို႔မ်ား ႏိုင္ငံတကာအသိုင္းအဝိုင္းဟာ က်မတို႔ ျမန္မာလူထုကို ကယ္တင္ဖို႔ ထိထိေရာက္ေရာက္ မေဆာင္႐ြက္ႏိုင္ေသးတာပါလိမ့္။ ျမန္မာလူထုရဲ႕ ရင္ထဲ အသည္းထဲမွာ ဒီေမးခြန္းဟာ ပဲ့တင္ထပ္ေနပါၿပီ။ က်မတို႔ ရင္ဆိုင္ေနရတဲ့ တျခားရက္စက္မႈေတြထက္ေတာင္ ဒီအေမး၊ ဒီအေတြးက နာက်င္ေစပါတယ္။ တကယ့္နက္ရႈိင္းထိခိုက္တဲ့ ဒဏ္ရာဆိုတာ က်ည္သင့္တဲ့ဒဏ္ရာ မဟုတ္ပါဘူး၊ ‘အယုံအၾကည္မဲ့ရတဲ့’ ဒဏ္ရာသာ ျဖစ္ပါတယ္။ ဒါေၾကာင့္ အခုအခ်ိန္မွာ က်မ စိုးရိမ္ေနမိတာကေတာ့ ျမန္မာလူထုဟာ ကမာၻ႔အသိုင္းအဝိုင္းဆိုတဲ့ အင္စတီက်ဴးရွင္းႀကီးကေန သူတို႔ကိုယ္သူတို႔ ခြဲထုတ္လိုက္ဖို႔ ဆႏၵရွိေနမွာကိုပါ။
တကယ္ေတာ့ ကုလသမဂၢတို႔ အာဆီယံတို႔ဆိုတာ ျမန္မာ့တပ္မေတာ္လို နစ္ေနတဲ့ေလွတစ္စင္း မဟုတ္ပါဘူး။ ဒါေပမဲ့ က်မတို႔ ခံစားေနရတာကို လ်စ္လ်ဴရႈျခင္းျဖစ္ျဖစ္၊ ပ်ားရည္သုတ္ စကားလုံးေတြေလာက္နဲ႔ ႏွစ္သိမ့္ေပးတာျဖစ္ျဖစ္ကိုသာ ဆက္တိုက္ရရွိလာၿပီဆိုတဲ့အခါ က်မတို႔ဟာ အယုံအၾကည္မဲ့ျခင္းကိုသာ တတ္ႏိုင္ပါေတာ့တယ္။
၅၄ သန္းေသာ လူထုဟာ ရက္စက္ၾကမ္းၾကဳတ္တဲ့ တပ္မေတာ္ရဲ႕ ဖိႏွိပ္မႈေအာက္မွာနဲ႔ ေပါက္ကြဲျပန႔္ပြားေနတဲ့ ကိုဗစ္ေအာက္မွာ အသက္ရႉမဝေတာ့ပါဘူး။ ပိုဆိုးတာကေတာ့ အားလုံးရဲ႕ စြန႔္ပယ္ျခင္းကို ခံစားေနရတဲ့စိတ္ပါပဲ။ ကမာၻ႔အင္စတီက်ဴးရွင္းျဖစ္တဲ့ ကုလသမဂၢႀကီးက စြန႔္ပယ္တယ္၊ အာဆီယံလိုေဒသတြင္း အင္စတီက်ဴးရွင္းက စြန႔္ပယ္တယ္၊ အိမ္နီးနားခ်င္းေတြက စြန႔္ပယ္တယ္၊ ႂကြယ္ဝတဲ့ ဒီမိုကရက္တစ္ႏိုင္ငံေတြကလည္း စြန႔္ပယ္တယ္၊ ေနာက္ ဒီမိုကရက္ မဟုတ္တဲ့ ႏိုင္ငံေတြက အသုံးခ်တာ၊ အလြဲသုံးစားလုပ္တာေတြကို ခံရတယ္။ အဲဒီလို ခံစားေနၾကရတာပါ။က်မတို႔ဟာ ေမွ်ာ္လင့္ခ်က္ေတြ မဲ့ရတယ္။ အယုံအၾကည္ေတြ မဲ့လာတယ္။ တႏိုင္ငံလုံး အတိုင္းအတာနဲ႔ေပါ့။ ဒီ့ထက္ ေၾကာက္စရာေကာင္းတဲ့ အေနအထား ရွိေသးရဲ႕လား။
ေက်းဇူးျပဳၿပီး တကယ့္ကို ေက်းဇူးျပဳၿပီး နားေထာင္ေပးၾကပါ၊ ၾကားေပးၾကပါ ႏိုင္ငံတကာ အသိုင္းအဝိုင္းေရ။ ႏိုင္ငံအသီးသီးဟာ ခုကပ္ေရာဂါကာလမွာ ကိုယ့္အခက္အခဲနဲ႔ကိုယ္ ရွိေနၾကတာကို က်မတို႔ေတြ နားလည္သေဘာေပါက္ပါတယ္။ က်မတို႔ႏိုင္ငံထဲက အင္စတီက်ဴးရွင္းတစ္ခု ျဖစ္တဲ့ တပ္မေတာ္ကိုယ္တိုင္က အၾကမ္းဖက္အဖြဲ႕ျဖစ္ေနတဲ့အတြက္ ရွင္တို႔ရဲ႕ မ်က္လုံးထဲမွာ က်မတို႔
လူ႔အဖြဲ႕အစည္းဟာ ဆိုး႐ြားတယ္လို႔ ျမင္ေနႏိုင္ပါတယ္။ ဒါေပမဲ့ ျမန္မာလူထုဟာေတာ့ျဖင့္ ရွင္တို႔ရဲ႕ ထိေရာက္တဲ့ အေရးယူေဆာင္႐ြက္မႈေတြ ဝင္ေရာက္ကူညီမႈေတြကို ထိုက္တန္တဲ့သူေတြပါ။ က်မတို႔ အသံေတြကို ၾကားေပးၾကပါ။ လူထုရဲ႕အသံေတြကို နားေထာင္ေပးၾကပါ။ က်မတို႔ဟာ ရွင္တို႔ရဲ႕ အကူအညီကို အသည္းအသန္ကို လိုအပ္ေနၾကတာပါ။
က်မတို႔အေနနဲ႔ ဘယ္အင္စတီက်ဴးရွင္းအေပၚမွာမွ အယုံအၾကည္ မမဲ့ျဖစ္ေအာင္ ကူညီေပးၾကပါ။ ဟုတ္ပါတယ္၊ က်မတို႔ အမ်ားႀကီး ျဖတ္သန္းခဲ့ၾကၿပီးပါၿပီ။ ဒါေပမဲ့ က်မတို႔ကို ယုံၾကည္ေပးပါ။ က်မတို႔ဟာ ဒီမိုကေရစီအေပၚမွာ ဘယ္တုန္းကမွ ေမွ်ာ္လင့္ခ်က္ မမဲ့ခဲ့ၾကပါဘူး။ ႏိုင္ငံတကာအသိုင္းအဝိုင္းၾကားမွာ ၿငိမ္းခ်မ္းတဲ့၊ ပုံမွန္ပဲ ဖြံ႕ၿဖိဳးတိုးတက္လာေနတဲ့ ႏိုင္ငံအေနနဲ႔ေရာ၊ မိတ္ေကာင္းေဆြေကာင္း
အိမ္နီးခ်င္းႏိုင္ငံေကာင္းအေနနဲ႔ေရာ၊ ဂုဏ္သိကၡာရွိတဲ့ ကမာၻ႔အဖြဲ႕ဝင္ႏိုင္ငံအေနနဲ႔ပါ ျဖစ္ႏိုင္ေစရမွာပါ။ ကမာၻ႔/ေဒသတြင္း အင္စတီက်ဴးရွင္း ဆိုတဲ့ ေလွႀကီးေပၚကေန က်မတို႔ကို မလႊင့္ပစ္လိုက္ၾကပါနဲ႔။ ကမာၻေျမေပၚမွာ လူသားဆန္တဲ့ အင္စတီက်ဴးရွင္းေတြ ရွိပါေသးတယ္လို႔ ယုံၾကည္ခြင့္ကို ေပးၾကပါ။ ရွင္တို႔ လုပ္ေပးႏိုင္သမွ် နည္းလမ္းစုံနဲ႔ ျမန္မာ့လူထုကို ကယ္တင္ေပးၾကပါေတာ့။
မသီတာ(စမ္းေခ်ာင္း)