တစ်အိမ်လုံး ကိုဗစ်ဖြစ်နေတဲ့အိမ်ကို အောက်ဆီဂျင်အိုးနဲ့အတူ စားစရာတွေဌက်သိုက်တွေ သွားပို့ပေးတဲ့ ဆရာတော်

တစ်အိမ်လုံး ကိုဗစ်ဖြစ်နေတဲ့အိမ်ကို အောက်ဆီဂျင်အိုးနဲ့အတူ စားစရာတွေဌက်သိုက်တွေ သွားပို့ပေးတဲ့ ဆရာတော်

ဆရာတော်က ကိုဗစ်ဖြစ်နေတဲ့ အိမ်တွေကို အောက်ဆီဂျင် အိုးနဲ့အတူ စားစရာတွေ ၊ ဌက်သိုက်တွေ လိုက်ပို့ပေးနေတာပဲ ဖြစ်ပါတယ်။ ဒီအကြောင်းနဲ့ ပတ်သက်လို့ ဆရာတော်က လူမူကွန်ယက်မှာ ရေးသားထားတာက …

” ယနေ့ မနက်ပိုင်းက နာရေးတွေ ကြွပေးနေရတော့ P+ လူနာများအတွက် ကြက်ပေါင်း မလုပ်ပေးနိုင်ဘူး စားစရာလေးတွေနဲ့ ငှက်သိုက်လေးတွေ ဝယ်ပြီး Oxygen အိုးနဲ့ လိုက်ပို့ပေးရတယ်။

သာကေတက တစ်အိမ်လုံး ကိုဗစ်ဖြစ်နေတဲ့အိမ်ကို လိုအပ်တာလေးတွေလှူပေးဖို့ ဖုန်းဆက်တာ ပြည့်စုံနေပြီပြောလို့ ပျော်ရွှင် ရပါတယ် ။လိုအပ်တာ ကူညီပေးနေသော မဖြူနှင်းဖွေး နှင့် အလှူရှင်များ အားလုံးကို ကျေးဇူးတင်ပါတယ် ။ အားလုံး ကျမ်းမာ ကြပါစေ ” လို့ ရေးသား ထားပါတယ်။

Zawgyi





Leave a Reply

Your email address will not be published. Required fields are marked *