အစီအစဉ်တင်ဆက်သူကောင်းထက်ဇော်ရဲ့အလွန်စိတ်ပူစရာအခြေအနေ
အစီအစဉ်တင်ဆက်သူကောင်းထက်ဇော်ရဲ့အလွန်စိတ်ပူစရာအခြေအနေ
ပရိတ်သတ်ကြီးရေ….အစီစဉ်တင်ဆက်သူတွေများစွာရှိတဲ့အနက်မှ အသံပါဝါအားကောင်းကောင်းနဲ့ပရိတ်သတ်တွေရဲ့ချစ်ခင်အားပေးမှုကိုအပြည့်အဝရရှိထားတဲ့
သူကတော့ အစီစဉ်တင်ဆက်သူ ကောင်းထက်ဇော်ပဲဖြစ်ပါတယ်နော်။ကောင်းထက်ဇော်ဟာဆိုရင် မိသားစုပြိုင်ပွဲ၊ The Money Drop Myanmar(ငွေတွေဝင်)အစီအစဉ်ရဲ့ပင်တိုင် အစီစဉ်တင်ဆက်သူတစ်ယောက်လည်းဖြစ်ပါတယ်။
မြန်မာပြည်မှာကိုဗစ် ရောဂါနဲ့ပတ်သက်ပြီးပြည်သူတွေမှာစိုးရိမ်ကြောက်လန့်နေကြရပြီးတစ်နေ့တစ်ခြား ကူးစက်ဖြစ်ပွားမှုတွေကြောင့် သေဆုံးသူတွေလည်း များပြားနေတာ ဖြစ်ပါတယ်..။
လူတန်းစားမရွေး ရောဂါကူးစက်ခံစားနေကြရတဲ့ အခုလိုအချိန်မှာ ကောင်းထက်ဇော်က ကိုဗစ် 19 ရောဂါကပ်ဆိုးကြီးကူးဆက်မှုကိုခံနေရပြီး အောက်စီဂျင်အရေးပေါ်လိုအပ်နေတဲ့အတွက် ကောင်းထက်ဇော်ရဲ့အစ်မက အခုလိုပဲ အကူအညီတောင်းလာခဲ့တာပဲဖြစ်ပါတယ်နော်။အဲ့ဒါကတော့”ကျွန်မမောင်လေး ကောင်းထက်ဇော်အတွက်အရေးတကြီး Oxygen လိုနေပါတယ်။
လှူတာပဲဖြစ်ဖြစ် ၊ရောင်းတာပဲဖြစ်ဖြစ်အသိမိတ်ဆွေလေးများရှိ ရင် ပြောပေးကြပါလက်လှမ်းမီသလောက်လေးကူညီပေးကြပါ Share ပြီးကူညီပေးကြပါရန်နှင့် ရရှိခဲ့ရင်လည်း 09762711950 လေးကိုဆက်သွယ်ပေးကြပါ “ လို အမဖြစ်သူက ပြောကြားလာခဲ့ပါတယ်။
ကိုကောင်းကြီးတစ်ယောက် ကိုဗစ်ရာဂါကပ်ဆိုးကြီးကို အမြန်ဆုံးအံတုကျော်လွှားနိုင်ပါစေလို့ဆုတောင်းရင်း ခုနှစ်ရက်သားသမီးအားလုံးလည်း ဒီရောဂါကပ်ဆိုးကြီးမှအမြန်ဆူံလွတ်မြောက်ပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်။ဖတ်ရှုပေးတဲ့ Cele  ပရိတ်သတ်ကြီးကိုအထူးပဲကျေးဇူးတင်ရှိတယ်။
Zawgyi
Leave a Reply
Your email address will not be published. Required fields are marked *