“သား ပါရဂူကြီးဖြစ်ရင် ဆင်းရဲတဲ့သူတွေကို အလကားကုပေးမှာတဲ့” ဒီလောက် စိတ်ထားကောင်းတဲ့သူကိုမှ လုပ်ရက်တယ်ကွာ

“သား ပါရဂူကြီးဖြစ်ရင် ဆင်းရဲတဲ့သူတွေကို အလကားကုပေးမှာတဲ့” ဒီလောက် စိတ်ထားကောင်းတဲ့သူကိုမှ လုပ်ရက်တယ်ကွာ💔

“အာဇာနည်ဆိုတာ နာမည်ပဲရှိတာသားရယ်၊ အန်တီ့သားလေးက ခုမရှိတော့ဘူး၊ အန်တီရင်ကျိုးရချည်ရဲ့” 😔

“အန်တီ ငယ်ငယ်က ရှမ်းပြည်နယ်စပ်မှာနေတာ ၊ အမြဲတမ်း စစ်ဖြစ်လို့ ကျောင်းတောင် ကောင်းကောင်းမတက်ခဲ့ရဘူး၊ ပြေးရပုန်းရနဲ့ နေလာရတာသားရယ်၊ အဲ့တော့ အန်တီက အန်တီ့သားလေးကို ပညာတတ်စေချင်တယ်၊ အန်တီ မစားရနေပါစေ သားလေးကို အကောင်းဆုံးတွေပဲ ပေးခဲ့တာ၊ ပိုးမွေးသလို မွေးခဲ့တာ၊ ခုတော့ အန်တီ့သား ပညာတတ်လေး မရှိတော့ဘူး၊ အန်တီ့သား ဆရာဝန်ကြီးဖြစ်တာ မမြင်ရတော့ဘူး၊ အန်တီ့ရဲ့ အသည်းနှလုံးတစ်ခုလုံးကို ဖောက်ထုတ်လိုက်သလိုပါပဲသားရယ်”💔

“အန်တီ့ သားလေးက အရမ်းစိတ်ထားကောင်းတာ၊ လူကြီးတွေရော ဆရာဆရာမတွေရောက သိပ်ချစ်တာ၊ စာလည်း အရမ်းတော်တာ၊ အန်တီ့သားကြောင့်လေ တစ်ခါမှ မျက်နှာမငယ်ခဲ့ရဘူး သိလား၊ ခုတော့ အသက်ပေးလိုက်ရပြီသားရယ်၊ အန်တီ့သားလေးကို အသက်ပြန်ရှင်ခွင့်ပေးပါ၊ အန်တီရင်ဘက်ကို ကော့ပေးထားပါတယ်၊ အချက် ၁၀၀ ပစ်ရင်လည်း အန်တီခံပါ့မယ်သားရယ်” 😓

အန်တီက သူ့လက်ကလေးတွေ ကြည့်ပြီး ငိုရင်း “ဒီလက်ကလေးတွေနဲ့လေ အန်တီ့သားလေးကို ဟင်းချက်ကျွေးခဲ့တာ၊ သူကြိုက်တဲ့ဟင်းတွေ အကုန်ချက်ကျွေးခဲ့တာ၊ ခုအန်တီချက်ကျွေးချင်ရင်တောင် ကျွေးလို့မရတော့ဘူးသားရယ်” 😔

“အန်တီ့သားလေး ကိုရင် ၁လ ဝတ်တုန်းကဆိုလေ မျက်နှာလေးမြင်ချင်လွန်းလို့ ဘုန်းကြီးကျောင်းမှာ တစ်နေကုန် ပန်းကန်ဆေးပြီး စောင့်ခဲ့တာ သားရဲ့၊ အန်တီ့သားကလေ သိပ်တော်တယ် သိလား၊ ကိုရင်ဝတ်တော့ စာမေးပွဲစစ်တာ အယောက် ၄၀၀ကျော်မှာ အဆင့် ၄ ချိတ်တာသားရဲ့၊ အန်တီအရမ်းဂုဏ်ယူရတဲ့သားလေးပါ သားရယ်”😔

အန်တီက သူ့ခြေထောက်လေးတွေကို ကြည့်ရင်း ” ဒီခြေထောက်လေးတွေနဲ့ အန်တီ့သားလေးကို ကျောင်းပို့၊ ကျူရှင်ပို့လုပ်ခဲ့တာ၊ အန်တီ့သားလေးနဲ့အတူ လျှောက်သွားခဲ့တာ၊ ခု သားလေးမရှိတော့ ဒီခြေထောက်တွေနဲ့ ဘယ်လိုရပ်တည်ရမလဲသားရယ်” 😓

Dead bodyထုတ်ဖို့သွားရင်းနဲ့ လမ်းမှာ ညီလေး ခန့်ငြားဟိန်း ကျသွားတဲ့နေရာနားလည်းရောက်ရော ” သားရေ ဟိုမှာ ကြည့်ပါဦး၊ နှင်းဆီပန်းလေး ချထားတဲ့နေရာတွေ့လား၊ အဲ့မှာ အန်တီ့သားလေးကို ပစ်သတ်သွားတာ သားရဲ့၊ ပြီးတော့ တရွတ်တိုက်ဆွဲသွားတာ၊ အန်တီ ရင်ကွဲမတတ်ကို ခံစားရတယ် သားရယ်” 💔

“အန်တီတို့က တရုတ်စစ်စစ်ပါ သားရယ်၊ မြန်မာပြည်မှာ မွေးတဲ့ တရုတ်စစ်စစ်ပါ၊ အန်တီမှာချင်တာကလေ မြန်မာပြည်က တရုတ်တွေကို မမုန်းလိုက်ပါနဲ့၊ မြန်မာနိုင်ငံမှာမွေးပြီး မြန်မာစိတ်ဓါတ်ပဲရှိတာပါ၊ အန်တီတို့ စိတ်ဓါတ်က ပြည်မကြီးကတရုတ်တွေနဲ့ ယှဉ်ရင် အကွာကြီးပါ၊ အန်တီဆို သူတို့ရဲ့မတော်လောဘကြောင့် အန်တီ့သားလေးကို ဆုံးရှုံးလိုက်ရပြီ၊ တကယ် ကမ္ဘာမကြေဘူး”😔

“အန်တီ့သားလေးကို အမြဲအမှတ်ရနေပေးပါနော်၊ သားလေးအတွက် အမှတ်တရဖြစ်စေမယ့်နေရာလေးတွေလည်း လုပ်ပေးပါနော်၊ အန်တီ့သားလေးကိုလွမ်းတိုင်း အဲ့နေရာလေးတွေသွားပြီး ဂုဏ်ယူချင်လို့ပါသားရယ်၊ အန်တီ့သား ဆရာဝန်လောင်းလေးကို အန်တီ ဂုဏ်ယူချင်လို့ပါ သားရယ်” 😞

ကျွန်တော်တို့ ကူငွေလေးပေးဖို့ကို အန်တီက လက်မခံဘဲ ” အန်တီတို့ထက် တကယ်ပိုပြီးလိုအပ်နေတဲ့သူတွေ အများကြီး ရှိပါတယ်၊ သူတို့ကိုပဲ လှူပေးပါနော်၊ အန်တီ့သားလေးကို ရည်စူးပြီးတော့ လှူပေးပါနော်”😔

ဒီစကားတစ်ခွန်းချင်းဆီတိုင်းက ရင်ဘတ်ကို ဖောက်ထွက်မတတ် ခံစားရတယ်၊ သားလေးတစ်ယောက် ဆုံးရှုံးသွားတဲ့ မိခင်တစ်ယောက်ရဲ့ ပူဆွေးငိုကြွေးသံတွေကြား တကယ် ဝမ်းနည်းရတယ်၊ ဘာမှ မလုပ်ပေးနိုင်လို့လည်း အားနာရပါတယ်၊ ဒီမိုကရေစီတိုက်ပွဲအတွက် အသက်ပေးလိုက်ရတဲ့ အန်တီ့သားကို အမြဲမှတ်မိနေပါ့မယ်။

သေမင်းက လူကောင်း သိပ်ကြိုက်တယ်ဗျာ၊ တကယ် စိတ်ထားကောင်းတဲ့သူကိုမှ ခေါ်သွားရက်တယ်။(ကြွေလွင့်သွားခဲ့ရတဲ့ အာဇာနည်မောင်ခန့်ငြားဟိန်းကို အလေးပြုလျက်)

Zawgyi

“သား ပါရဂူႀကီးျဖစ္ရင္ ဆင္းရဲတဲ့သူေတြကို အလကားကုေပးမွာတဲ့” ဒီေလာက္ စိတ္ထားေကာင္းတဲ့သူကိုမွ လုပ္ရက္တယ္ကြာ💔

“အာဇာနည္ဆိုတာ နာမည္ပဲရွိတာသားရယ္၊ အန္တီ့သားေလးက ခုမရွိေတာ့ဘူး၊ အန္တီရင္က်ိဳးရခ်ည္ရဲ႕” 😔

“အန္တီ ငယ္ငယ္က ရွမ္းျပည္နယ္စပ္မွာေနတာ ၊ အၿမဲတမ္း စစ္ျဖစ္လို႔ ေက်ာင္းေတာင္ ေကာင္းေကာင္းမတက္ခဲ့ရဘူး၊ ေျပးရပုန္းရနဲ႔ ေနလာရတာသားရယ္၊ အဲ့ေတာ့ အန္တီက အန္တီ့သားေလးကို ပညာတတ္ေစခ်င္တယ္၊ အန္တီ မစားရေနပါေစ သားေလးကို အေကာင္းဆုံးေတြပဲ ေပးခဲ့တာ၊ ပိုးေမြးသလို ေမြးခဲ့တာ၊ ခုေတာ့ အန္တီ့သား ပညာတတ္ေလး မရွိေတာ့ဘူး၊ အန္တီ့သား ဆရာဝန္ႀကီးျဖစ္တာ မျမင္ရေတာ့ဘူး၊ အန္တီ့ရဲ႕ အသည္းႏွလုံးတစ္ခုလုံးကို ေဖာက္ထုတ္လိုက္သလိုပါပဲသားရယ္”💔

“အန္တီ့ သားေလးက အရမ္းစိတ္ထားေကာင္းတာ၊ လူႀကီးေတြေရာ ဆရာဆရာမေတြေရာက သိပ္ခ်စ္တာ၊ စာလည္း အရမ္းေတာ္တာ၊ အန္တီ့သားေၾကာင့္ေလ တစ္ခါမွ မ်က္ႏွာမငယ္ခဲ့ရဘူး သိလား၊ ခုေတာ့ အသက္ေပးလိုက္ရၿပီသားရယ္၊ အန္တီ့သားေလးကို အသက္ျပန္ရွင္ခြင့္ေပးပါ၊ အန္တီရင္ဘက္ကို ေကာ့ေပးထားပါတယ္၊ အခ်က္ ၁၀၀ ပစ္ရင္လည္း အန္တီခံပါ့မယ္သားရယ္” 😓

အန္တီက သူ႔လက္ကေလးေတြ ၾကည့္ၿပီး ငိုရင္း “ဒီလက္ကေလးေတြနဲ႔ေလ အန္တီ့သားေလးကို ဟင္းခ်က္ေကြၽးခဲ့တာ၊ သူႀကိဳက္တဲ့ဟင္းေတြ အကုန္ခ်က္ေကြၽးခဲ့တာ၊ ခုအန္တီခ်က္ေကြၽးခ်င္ရင္ေတာင္ ေကြၽးလို႔မရေတာ့ဘူးသားရယ္” 😔

“အန္တီ့သားေလး ကိုရင္ ၁လ ဝတ္တုန္းကဆိုေလ မ်က္ႏွာေလးျမင္ခ်င္လြန္းလို႔ ဘုန္းႀကီးေက်ာင္းမွာ တစ္ေနကုန္ ပန္းကန္ေဆးၿပီး ေစာင့္ခဲ့တာ သားရဲ႕၊ အန္တီ့သားကေလ သိပ္ေတာ္တယ္ သိလား၊ ကိုရင္ဝတ္ေတာ့ စာေမးပြဲစစ္တာ အေယာက္ ၄၀၀ေက်ာ္မွာ အဆင့္ ၄ ခ်ိတ္တာသားရဲ႕၊ အန္တီအရမ္းဂုဏ္ယူရတဲ့သားေလးပါ သားရယ္”😔

အန္တီက သူ႔ေျခေထာက္ေလးေတြကို ၾကည့္ရင္း ” ဒီေျခေထာက္ေလးေတြနဲ႔ အန္တီ့သားေလးကို ေက်ာင္းပို႔၊ က်ဴရွင္ပို႔လုပ္ခဲ့တာ၊ အန္တီ့သားေလးနဲ႔အတူ ေလွ်ာက္သြားခဲ့တာ၊ ခု သားေလးမရွိေတာ့ ဒီေျခေထာက္ေတြနဲ႔ ဘယ္လိုရပ္တည္ရမလဲသားရယ္” 😓

Dead bodyထုတ္ဖို႔သြားရင္းနဲ႔ လမ္းမွာ ညီေလး ခန္႔ျငားဟိန္း က်သြားတဲ့ေနရာနားလည္းေရာက္ေရာ ” သားေရ ဟိုမွာ ၾကည့္ပါဦး၊ ႏွင္းဆီပန္းေလး ခ်ထားတဲ့ေနရာေတြ႕လား၊ အဲ့မွာ အန္တီ့သားေလးကို ပစ္သတ္သြားတာ သားရဲ႕၊ ၿပီးေတာ့ တ႐ြတ္တိုက္ဆြဲသြားတာ၊ အန္တီ ရင္ကြဲမတတ္ကို ခံစားရတယ္ သားရယ္” 💔

“အန္တီတို႔က တ႐ုတ္စစ္စစ္ပါ သားရယ္၊ ျမန္မာျပည္မွာ ေမြးတဲ့ တ႐ုတ္စစ္စစ္ပါ၊ အန္တီမွာခ်င္တာကေလ ျမန္မာျပည္က တ႐ုတ္ေတြကို မမုန္းလိုက္ပါနဲ႔၊ ျမန္မာႏိုင္ငံမွာေမြးၿပီး ျမန္မာစိတ္ဓါတ္ပဲရွိတာပါ၊ အန္တီတို႔ စိတ္ဓါတ္က ျပည္မႀကီးကတ႐ုတ္ေတြနဲ႔ ယွဥ္ရင္ အကြာႀကီးပါ၊ အန္တီဆို သူတို႔ရဲ႕မေတာ္ေလာဘေၾကာင့္ အန္တီ့သားေလးကို ဆုံးရႈံးလိုက္ရၿပီ၊ တကယ္ ကမာၻမေၾကဘူး”😔

“အန္တီ့သားေလးကို အၿမဲအမွတ္ရေနေပးပါေနာ္၊ သားေလးအတြက္ အမွတ္တရျဖစ္ေစမယ့္ေနရာေလးေတြလည္း လုပ္ေပးပါေနာ္၊ အန္တီ့သားေလးကိုလြမ္းတိုင္း အဲ့ေနရာေလးေတြသြားၿပီး ဂုဏ္ယူခ်င္လို႔ပါသားရယ္၊ အန္တီ့သား ဆရာဝန္ေလာင္းေလးကို အန္တီ ဂုဏ္ယူခ်င္လို႔ပါ သားရယ္” 😞

ကြၽန္ေတာ္တို႔ ကူေငြေလးေပးဖို႔ကို အန္တီက လက္မခံဘဲ ” အန္တီတို႔ထက္ တကယ္ပိုၿပီးလိုအပ္ေနတဲ့သူေတြ အမ်ားႀကီး ရွိပါတယ္၊ သူတို႔ကိုပဲ လႉေပးပါေနာ္၊ အန္တီ့သားေလးကို ရည္စူးၿပီးေတာ့ လႉေပးပါေနာ္”😔

ဒီစကားတစ္ခြန္းခ်င္းဆီတိုင္းက ရင္ဘတ္ကို ေဖာက္ထြက္မတတ္ ခံစားရတယ္၊ သားေလးတစ္ေယာက္ ဆုံးရႈံးသြားတဲ့ မိခင္တစ္ေယာက္ရဲ႕ ပူေဆြးငိုေႂကြးသံေတြၾကား တကယ္ ဝမ္းနည္းရတယ္၊ ဘာမွ မလုပ္ေပးႏိုင္လို႔လည္း အားနာရပါတယ္၊ ဒီမိုကေရစီတိုက္ပြဲအတြက္ အသက္ေပးလိုက္ရတဲ့ အန္တီ့သားကို အၿမဲမွတ္မိေနပါ့မယ္။

ေသမင္းက လူေကာင္း သိပ္ႀကိဳက္တယ္ဗ်ာ၊ တကယ္ စိတ္ထားေကာင္းတဲ့သူကိုမွ ေခၚသြားရက္တယ္။(ေႂကြလြင့္သြားခဲ့ရတဲ့ အာဇာနည္ေမာင္ခန္႔ျငားဟိန္းကို အေလးျပဳလ်က္)

Leave a Reply

Your email address will not be published. Required fields are marked *