ဖမ်းဆီးထိန်းသိမ်းခံခဲ့ရပြီး ပြန်လည် လွတ်မြောက်လာပြီ ဖြစ်ကြောင်း ပရိသတ်တွေကို အသိပေးလာခဲ့တဲ့ တိုင်ရွန်

ဇူလိုင်လ (၈) ရက်နေ့က ဖမ်းဆီးထိန်းသိမ်းခံခဲ့ရပြီး ပြန်လည် လွတ်မြောက်လာပြီ ဖြစ်ကြောင်း ပရိသတ်တွေကို အသိပေးလာခဲ့တဲ့ တိုင်ရွန်

သရုပ်ဆောင် တိုင်ရွန်ကတော့ မြန်မာနိုင်ငံတွင် လက်ရှိဖြစ်ပေါ်နေတဲ့ လူထုလှုပ်ရှားမှုတွေမှာ ပြည်သူတွေနဲ့အတူအမှန်တရားဘက်မှ ရပ်တည်ပေးခဲ့တဲ့ အနုပညာရှင်တစ်ဦး ဖြစ်ပါတယ်။

လှုပ်ရှားမှုတွေမှာ ပါဝင်ခဲ့တဲ့အတွက် မကြာသေးခင် ရက်ပိုင်းလောက်က တိုင်ရွန်တစ်ယောက် ဖမ်းဆီးထိန်းသိမ်း ခံခဲ့ရတာ ဖြစ်ပါတယ်။ ပရိသတ်တွေကလည်း တိုင်ရွန်ရဲ့သတင်းကို ကြားပြီး သူ့အတွက် စိတ်ပူနေကြတာ ဖြစ်ပါတယ်။

ရက်ပိုင်းလောက် ဖမ်းဆီးခံခဲ့ရပေမယ့် ပြန်လည်လွတ်မြောက်လာပြီ ဖြစ်တဲ့အကြောင်းကို ပရိသတ်တွေ စိတ်မပူကြစေဖို့ မကြာသေးခင် နာရီပိုင်းလောက်က တိုင်ရွန်ရဲ့ Facebook Story မှာ တင်ထားတာ ဖြစ်ပါတယ်။

သူကလည်း ” ကျွန်တော် ပြန်လွတ်နေပါပြီ။ ဖမ်းခံရတာက July 8 ကပါ တင်လို့မရလို့သာ မတင်တာပါ ခင်ဗျာ။ အခုအားလုံးအဆင်ပြေသွားပါပြီ စိတ်ပူပေးကြလို့ ကျေးဇူးတင်ပါတယ် ” ဆိုပြီး အသိပေးရေးသားထားတာ ဖြစ်ပါတယ်။

အခက်အခဲတွေကြားက သူ့ကိုစိတ်ပူနေတဲ့ ပရိသတ်တွေကို ဂရုတစိုက်ရှိပေးတဲ့ တိုင်ရွန်ရဲ့ စိတ်ထားကတော့ ချီးကျူးစရာ ကောင်းလှပါတယ်။ဓမ္မဘက်ကနေ အခိုင်အမာရပ်တည်ခဲ့ကြတဲ့ အနုပညာရှင်အချို့လည်း အကျဉ်းထောင်ထဲတွင် ဖမ်းဆီးထိန်းသိမ်းခံနေရဆဲ ဖြစ်တာကြောင့် အမြန်ဆုံး ပြန်လည်လွတ်မြောက်ဖို့ ပရိသတ်တွေက ဆုတောင်းမေတ္တာပို့သပေးနေကြတာဖြစ်ပါတယ်။

ဖမ်းဆီးခံထားရသူများနဲ့ တိမ်းရှောင်နေကြရသူများ အားလုံး မိသားစုဝင်များနဲ့ အမြန်ဆုံး ပြန်လည်ဆုံဆည်းနိုင်ကြပါစေလို့ ဆုတောင်းပေးရင်း ဒီသတင်းကို တင်ဆက်ပေးလိုက် ရပါတယ်။

Zawgyi

ဇူလိုင္လ (၈) ရက္ေန႔က ဖမ္းဆီးထိန္းသိမ္းခံခဲ့ရၿပီး ျပန္လည္ လြတ္ေျမာက္လာၿပီ ျဖစ္ေၾကာင္း ပရိသတ္ေတြကို အသိေပးလာခဲ့တဲ့ တိုင္႐ြန္

သ႐ုပ္ေဆာင္ တိုင္႐ြန္ကေတာ့ ျမန္မာႏိုင္ငံတြင္ လက္ရွိျဖစ္ေပၚေနတဲ့ လူထုလႈပ္ရွားမႈေတြမွာ ျပည္သူေတြနဲ႔အတူအမွန္တရားဘက္မွ ရပ္တည္ေပးခဲ့တဲ့ အႏုပညာရွင္တစ္ဦး ျဖစ္ပါတယ္။

လႈပ္ရွားမႈေတြမွာ ပါဝင္ခဲ့တဲ့အတြက္ မၾကာေသးခင္ ရက္ပိုင္းေလာက္က တိုင္႐ြန္တစ္ေယာက္ ဖမ္းဆီးထိန္းသိမ္း ခံခဲ့ရတာ ျဖစ္ပါတယ္။ ပရိသတ္ေတြကလည္း တိုင္႐ြန္ရဲ႕သတင္းကို ၾကားၿပီး သူ႔အတြက္ စိတ္ပူေနၾကတာ ျဖစ္ပါတယ္။

ရက္ပိုင္းေလာက္ ဖမ္းဆီးခံခဲ့ရေပမယ့္ ျပန္လည္လြတ္ေျမာက္လာၿပီ ျဖစ္တဲ့အေၾကာင္းကို ပရိသတ္ေတြ စိတ္မပူၾကေစဖို႔ မၾကာေသးခင္ နာရီပိုင္းေလာက္က တိုင္႐ြန္ရဲ႕ Facebook Story မွာ တင္ထားတာ ျဖစ္ပါတယ္။

သူကလည္း ” ကြၽန္ေတာ္ ျပန္လြတ္ေနပါၿပီ။ ဖမ္းခံရတာက July 8 ကပါ တင္လို႔မရလို႔သာ မတင္တာပါ ခင္ဗ်ာ။ အခုအားလုံးအဆင္ေျပသြားပါၿပီ စိတ္ပူေပးၾကလို႔ ေက်းဇူးတင္ပါတယ္ ” ဆိုၿပီး ​အသိေပးေရးသားထားတာ ျဖစ္ပါတယ္။

အခက္အခဲေတြၾကားက သူ႔ကိုစိတ္ပူေနတဲ့ ပရိသတ္ေတြကို ဂ႐ုတစိုက္ရွိေပးတဲ့ တိုင္႐ြန္ရဲ႕ စိတ္ထားကေတာ့ ခ်ီးက်ဴးစရာ ေကာင္းလွပါတယ္။ဓမၼဘက္ကေန အခိုင္အမာရပ္တည္ခဲ့ၾကတဲ့ အႏုပညာရွင္အခ်ိဳ႕လည္း အက်ဥ္းေထာင္ထဲတြင္ ဖမ္းဆီးထိန္းသိမ္းခံေနရဆဲ ျဖစ္တာေၾကာင့္ အျမန္ဆုံး ျပန္လည္လြတ္ေျမာက္ဖို႔ ပရိသတ္ေတြက ဆုေတာင္းေမတၱာပို႔သေပးေနၾကတာျဖစ္ပါတယ္။

ဖမ္းဆီးခံထားရသူမ်ားနဲ႔ တိမ္းေရွာင္ေနၾကရသူမ်ား အားလုံး မိသားစုဝင္မ်ားနဲ႔ အျမန္ဆုံး ျပန္လည္ဆုံဆည္းႏိုင္ၾကပါေစလို႔ ဆုေတာင္းေပးရင္း ဒီသတင္းကို တင္ဆက္ေပးလိုက္ ရပါတယ္။

Leave a Reply

Your email address will not be published. Required fields are marked *