ရန်ကုန်မှာအောက်ဆီဂျင် ၄၀ လီတာအိုးဖြည့်ခ ဈေးကျပ်သုံးသိန်းနီး‌‌ပါးဖြစ်နေ(အပူစာတွေစားကြပါစေ)

ရန်ကုန်မှာအောက်ဆီဂျင် ၄၀ လီတာအိုးဖြည့်ခ ဈေးကျပ်သုံးသိန်းနီး‌‌ပါးဖြစ်နေ(အပူစာတွေစားကြပါစေ)

ရန်ကုန်မှာ အောက်ဆီဂျင်ရောင်းချတဲ့ စက်ရုံတွေမှာ တန်းစီဝယ်ယူသူတွေများလာနေပြီးတော့ဝယ်မရ ဖြစ်နေသလို အောက်ဆီဂျင်ဖြည့်ခ ဈေးတွေဟာ အရင်ထက် ၁၀ ဆလောက်တက်သွားတယ်လို့ ရန်ကုန်မြို့က အောက်ဆီဂျင်တန်းစီ ဝယ်နေသူတစ်ဦးကပြောပါတယ်

ဇူလိုင်လ ၁၈ ရက်နေ့က အောက်ဆီဂျင် ၄၀ လီတာ တစ်အိုး ဖြည့်ခကို ၂ သိန်း ၇ သောင်းပေးခဲ့ရတယ်လို့ ဆိုပါတယ်။အောက်ဆီဂျင်စက်ရုံတွေက ဒီဈေးနဲ့ရောင်းတာဟုတ်ဘဲ တန်းစီဝယ်ထားသူတွေကတစ်ဆင့် ပြန်လည်ရောင်းချတာ ဖြစ်နိုင်တယ်လို့ ရန်ကုန်မြို့ခံတွေက ပြောပါတယ်။

ရန်ကုန်မြို့က စက်ရုံတွေမှာ အောက်ဆီဂျင် ရဖို့ နှစ်ညအိပ်ခန့်အနည်းဆုံး စောင့်နေရတယ်လို့ လည်းရန်ကုန်မြို့ခံတွေက ပြောပါတယ်။ပြီးခဲ့တဲ့မေလက ဆိုရင် အောက်ဆီဂျင်ဖြည့်ခဟာ ၄၀ လီတာကို ကျပ်ရှစ်ထောင် ခန့်သာရှိပြီးတော့အောက်ဆီဂျင်အိုးက ကျပ်သိန်းဂဏန်းဝန်းကျင်သာ ရှိတယ်လို့ သူကပြောပါတယ်။

အောက်ဆီဂျင် ၄၀ လီတာအိုးကို အောက်ဆီဂျင်ပါပါအပြီး ပြီးခဲ့တဲ့ရက်ပိုင်းက ၁၅ သိန်းပေးဝယ်ခဲ့ ရသူလည်း ရှိသလိုအောက်ဆီဂျင် အ်ုးအဟောင်းကို တပ်ဆင်တဲ့ပစ္စည်း အပါအဝင် ၈ သိန်းကျော် ပေးခဲ့ရသူရှိတယ်လို့ အောက်ဆီဂျင်ဝယ်ခဲ့ရသူတစ်ဦး ကပြောပါတယ်။

ဒီဈေးနှုန်းတွေဟာ ဈေးကွက် အတွင်းလိုအပ်ချက်အရ ကြိုက်ရောင်းကြိုက်ဝယ်ဖြစ်နေတဲ့ အတွက်ပေါက်ဈေးရယ်လို့ ပြောရခက်ပြီး လိုအပ်နေသူတွေက လိုသလိုဝယ်ရတဲ့ အခြေအနေဖြစ်တယ်လို့ လည်း ရန်ကုန်မြို့ခံတွေကပြောပါတယ်။

စစ်ကောင်စီသတင်းထုတ်ပြန်ရေး အဖွဲ့က တော့ ရန်ကုန်ကပြည်သူ့ဆေးရုံတွေနဲ့ ကုသရေးစင်တာတွေမှာ သုံးဖို့ပြည်ပက မှာထားတဲ့ အောက်ဆီဂျင်ဓာေ့ရည်တန် ၂၀ ဆန့် ကားနှစ်စီးနဲ့ မန္တလေး ဆေးရုံတွေအပါအဝင်ကုသရေးစင်တာတွေမှာ သုံးဖို့ အောက်ဆီဂျင် ၂၆ တန်ဆန့် ကား တစ်စီးရောက်နေပြီးနောက်ထပ်လည်းကားတွေထပ်ရောက်လာဖို့ရှိတယ်လို့ သတင်းထုတ်ပြန်ခဲ့ပါတယ်။

Zawgyi

ရန္ကုန္မွာေအာက္ဆီဂ်င္ ၄၀ လီတာအိုးျဖည့္ခ ေဈးက်ပ္သုံးသိန္းနီး‌‌ပါးျဖစ္ေန(အပူစာေတြစားၾကပါေစ)

ရန္ကုန္မွာ ေအာက္ဆီဂ်င္ေရာင္းခ်တဲ့ စက္႐ုံေတြမွာ တန္းစီဝယ္ယူသူေတြမ်ားလာေနၿပီးေတာ့ဝယ္မရ ျဖစ္ေနသလို ေအာက္ဆီဂ်င္ျဖည့္ခ ေဈးေတြဟာ အရင္ထက္ ၁၀ ဆေလာက္တက္သြားတယ္လို႔ ရန္ကုန္ၿမိဳ႕က ေအာက္ဆီဂ်င္တန္းစီ ဝယ္ေနသူတစ္ဦးကေျပာပါတယ္

ဇူလိုင္လ ၁၈ ရက္ေန႔က ေအာက္ဆီဂ်င္ ၄၀ လီတာ တစ္အိုး ျဖည့္ခကို ၂ သိန္း ၇ ေသာင္းေပးခဲ့ရတယ္လို႔ ဆိုပါတယ္။ေအာက္ဆီဂ်င္စက္႐ုံေတြက ဒီေဈးနဲ႔ေရာင္းတာဟုတ္ဘဲ တန္းစီဝယ္ထားသူေတြကတစ္ဆင့္ ျပန္လည္ေရာင္းခ်တာ ျဖစ္ႏိုင္တယ္လို႔ ရန္ကုန္ၿမိဳ႕ခံေတြက ေျပာပါတယ္။

ရန္ကုန္ၿမိဳ႕က စက္႐ုံေတြမွာ ေအာက္ဆီဂ်င္ ရဖို႔ ႏွစ္ညအိပ္ခန႔္အနည္းဆုံး ေစာင့္ေနရတယ္လို႔ လည္းရန္ကုန္ၿမိဳ႕ခံေတြက ေျပာပါတယ္။ၿပီးခဲ့တဲ့ေမလက ဆိုရင္ ေအာက္ဆီဂ်င္ျဖည့္ခဟာ ၄၀ လီတာကို က်ပ္ရွစ္ေထာင္ ခန႔္သာရွိၿပီးေတာ့ေအာက္ဆီဂ်င္အိုးက က်ပ္သိန္းဂဏန္းဝန္းက်င္သာ ရွိတယ္လို႔ သူကေျပာပါတယ္။

ေအာက္ဆီဂ်င္ ၄၀ လီတာအိုးကို ေအာက္ဆီဂ်င္ပါပါအၿပီး ၿပီးခဲ့တဲ့ရက္ပိုင္းက ၁၅ သိန္းေပးဝယ္ခဲ့ ရသူလည္း ရွိသလိုေအာက္ဆီဂ်င္ အ္ုးအေဟာင္းကို တပ္ဆင္တဲ့ပစၥည္း အပါအဝင္ ၈ သိန္းေက်ာ္ ေပးခဲ့ရသူရွိတယ္လို႔ ေအာက္ဆီဂ်င္ဝယ္ခဲ့ရသူတစ္ဦး ကေျပာပါတယ္။

ဒီေဈးႏႈန္းေတြဟာ ေဈးကြက္ အတြင္းလိုအပ္ခ်က္အရ ႀကိဳက္ေရာင္းႀကိဳက္ဝယ္ျဖစ္ေနတဲ့ အတြက္ေပါက္ေဈးရယ္လို႔ ေျပာရခက္ၿပီး လိုအပ္ေနသူေတြက လိုသလိုဝယ္ရတဲ့ အေျခအေနျဖစ္တယ္လို႔ လည္း ရန္ကုန္ၿမိဳ႕ခံေတြကေျပာပါတယ္။

စစ္ေကာင္စီသတင္းထုတ္ျပန္ေရး အဖြဲ႕က ေတာ့ ရန္ကုန္ကျပည္သူ႔ေဆး႐ုံေတြနဲ႔ ကုသေရးစင္တာေတြမွာ သုံးဖို႔ျပည္ပက မွာထားတဲ့ ေအာက္ဆီဂ်င္ဓာေ့ရည္တန္ ၂၀ ဆန႔္ ကားႏွစ္စီးနဲ႔ မႏၲေလး ေဆး႐ုံေတြအပါအဝင္ကုသေရးစင္တာေတြမွာ သုံးဖို႔ ေအာက္ဆီဂ်င္ ၂၆ တန္ဆန႔္ ကား တစ္စီးေရာက္ေနၿပီးေနာက္ထပ္လည္းကားေတြထပ္ေရာက္လာဖို႔ရွိတယ္လို႔ သတင္းထုတ္ျပန္ခဲ့ပါတယ္။

Leave a Reply

Your email address will not be published. Required fields are marked *