“ရဲတပ်ဖွဲ့ဝင်ပေါင်း တစ်သောင်းကျော် COVID-19 ကူးစက်ခံထားရ”
စစ်ကောင်စီလက်အောက်ခံ ပြည်ထဲရေးဝန်ကြီး ဌာနအောက်ရှိ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင် အင်အား တသောင်းကျော် Covid – 19 ရောဂါပိုး ကူးစက်ခံထားရကြောင်း နေပြည်တော်ရှိ ရဲတပ်ဖွဲ့ အဆင့်မြင့်အရာရှိတဦးက MPAသတင်းဌာနသို့ အတည် ပြုပြောကြားထားသည်။
မြန်မာနိုင်ငံရဲစခန်းအသီးသီးမှ တပ်ဖွဲ့ဝင်များ၊ ရဲတပ်ရင်းများ၊ နယ်ခြားစောင့်ရဲများအပါအဝင် တပ်ဖွဲ့ဝင် ၁၀၀၀ဝ ကျော်ဖြစ်ပြီး ၎င်းတို့၏ မိ သားစုဝင်များ မပါဝင်သေးကြောင်း၊ မိသားစုများကို ကုသပေးမှု့ စာရင်းဇယားများ အတိ အကျ မသိရသေးကြောင်း MPA သတင်းဌာနတွင်ဖော်ပြသည်။
“စာရင်းအနေနဲ့တော့ ရဲချုပ်ရုံးကို သတင်းပို့ရတာ ရှိပါတယ်။ အများစုက ရဲစခန်း၊ ရဲတပ်ရင်းအလိုက်ပေါ့။ မိသားစုဝင်တွေကတော့ ပို့တာရှိသလို မပို့တာလည်း ရှိတယ် ကြားတယ်။ တချို့တွေက အပြင်မှာ ကိုယ့်အိမ်ကိုယ် နေကြတာရှိတာကိုး” MPA သတင်းဌာနသို့ ဖြေကြားထားသည်။
နေပြည်တော်အခြေစိုက် ကွာရန်တင်းစင်တာ ရဲတပ်ရင်းများတွင် CO VID-19 ကူးစက်ခံရသည့်ရဲတပ်ဖွဲ့ဝင်များ ထားရှိရန် နေရာမဆန့်တော့သဖြင့် အခြားနေရာများသို့ ပြောင်းရွှေ့ကုသပေး နေရပြီး ကိုဗစ်ဖြင့်သေဆုံးရသည့် ရဲတပ်ဖွဲ့ဝင်များလည်း အများအပြားရှိကြောင်း သိရသည်။
ယခုလဆန်းပိုင်းတွင် ရခိုင်ပြည်နယ်သို့ ပြောင်း ရွှေ့တာဝန်ထမ်းဆောင်သော နယ်ခြားစောင့်ရဲ များ ၂၀၀ ကျော်အစုလိုက်ကူးစက်ခံခဲ့ရပြီး အင်းစိန် CID ရဲအရာရှိသင်တန်းသားများ ၁၅၀ ခန့် အစုလိုက် ကူးစက်ခံခဲ့ရကြောင်း သိရသည်။
Zawgyi
“ရဲတပ္ဖြဲ႕ဝင္ေပါင္း တစ္ေသာင္းေက်ာ္ COVID-19 ကူးစက္ခံထားရ”
စစ္ေကာင္စီလက္ေအာက္ခံ ျပည္ထဲေရးဝန္ႀကီး ဌာနေအာက္ရွိ ျမန္မာႏိုင္ငံရဲတပ္ဖြဲ႕ဝင္ အင္အား တေသာင္းေက်ာ္ Covid – 19 ေရာဂါပိုး ကူးစက္ခံထားရေၾကာင္း ေနျပည္ေတာ္ရွိ ရဲတပ္ဖြဲ႕ အဆင့္ျမင့္အရာရွိတဦးက MPAသတင္းဌာနသို႔ အတည္ ျပဳေျပာၾကားထားသည္။
ျမန္မာႏိုင္ငံရဲစခန္းအသီးသီးမွ တပ္ဖြဲ႕ဝင္မ်ား၊ ရဲတပ္ရင္းမ်ား၊ နယ္ျခားေစာင့္ရဲမ်ားအပါအဝင္ တပ္ဖြဲ႕ဝင္ ၁၀၀၀ဝ ေက်ာ္ျဖစ္ၿပီး ၄င္းတို႔၏ မိ သားစုဝင္မ်ား မပါဝင္ေသးေၾကာင္း၊ မိသားစုမ်ားကို ကုသေပးမႈ႕ စာရင္းဇယားမ်ား အတိ အက် မသိရေသးေၾကာင္း MPA သတင္းဌာနတြင္ေဖာ္ျပသည္။
“စာရင္းအေနနဲ႔ေတာ့ ရဲခ်ဳပ္႐ုံးကို သတင္းပို႔ရတာ ရွိပါတယ္။ အမ်ားစုက ရဲစခန္း၊ ရဲတပ္ရင္းအလိုက္ေပါ့။ မိသားစုဝင္ေတြကေတာ့ ပို႔တာရွိသလို မပို႔တာလည္း ရွိတယ္ ၾကားတယ္။ တခ်ိဳ႕ေတြက အျပင္မွာ ကိုယ့္အိမ္ကိုယ္ ေနၾကတာရွိတာကိုး” MPA သတင္းဌာနသို႔ ေျဖၾကားထားသည္။
ေနျပည္ေတာ္အေျခစိုက္ ကြာရန္တင္းစင္တာ ရဲတပ္ရင္းမ်ားတြင္ CO VID-19 ကူးစက္ခံရသည့္ရဲတပ္ဖြဲ႕ဝင္မ်ား ထားရွိရန္ ေနရာမဆန္႔ေတာ့သျဖင့္ အျခားေနရာမ်ားသို႔ ေျပာင္းေ႐ႊ႕ကုသေပး ေနရၿပီး ကိုဗစ္ျဖင့္ေသဆုံးရသည့္ ရဲတပ္ဖြဲ႕ဝင္မ်ားလည္း အမ်ားအျပားရွိေၾကာင္း သိရသည္။
ယခုလဆန္းပိုင္းတြင္ ရခိုင္ျပည္နယ္သို႔ ေျပာင္း ေ႐ႊ႕တာဝန္ထမ္းေဆာင္ေသာ နယ္ျခားေစာင့္ရဲ မ်ား ၂၀၀ ေက်ာ္အစုလိုက္ကူးစက္ခံခဲ့ရၿပီး အင္းစိန္ CID ရဲအရာရွိသင္တန္းသားမ်ား ၁၅၀ ခန္႔ အစုလိုက္ ကူးစက္ခံခဲ့ရေၾကာင္း သိရသည္။