အောက်စီဂျင်မဝယ်နိုင်တဲ့ ဖခင်အတွက် လေထိုးတံနဲ့ အသက်ရှုလို့ရအောင် လုပ်ပေးနေတဲ့ ၆ နှစ်အရွယ်သမီး လေးရဲ့ အဖြစ်

အောက်စီဂျင်မဝယ်နိုင်တဲ့ ဖခင်အတွက် လေထိုးတံနဲ့ အသက်ရှုလို့ရအောင် လုပ်ပေးနေတဲ့ ၆ နှစ်အရွယ်သမီး လေးရဲ့ အဖြစ်

တစ်ချို့ကလေးတွေဟာ အရွယ်နဲ့မလိုက်အောင် သိတတ်လွန်းပါတယ်။

သူတို့လေးတွေဟာ အခက်အခဲတွေ ကြုံနေရတဲ့ အချိန်မျိုးဆိုရင် ဖြူစင်နဲ့ နှလုံးသားလေးတွေနဲ့ ခံစားပေးနိုင်ကြပါတယ်။

အခုလည်း ဖိလစ်ပိုင်နိုင်ငံက အသက် ၆ နှစ် အရွယ်သာရှိတဲ့ Catherine Cadiente ဆိုတဲ့ ကလေးမလေးရဲ့ အကြောင်းကို ပြောပြပေးချင် ပါတယ်။

ကလေးမလေးရဲ့ မိသားစုဟာ ဆင်းရဲမိသားစု ဖြစ်တာကြောင့် အဆုတ်မကောင်းတဲ့ ဖခင်ဖြစ်သူအတွက် အောက်စီဂျင် ဝယ်ပေးဖို့ ပိုက်ဆံ အလုံအလောက်မရှိပါဘူး။

မိခင်ဖြစ်သူကလည်း အပြင်အထွက်ပြီး ပိုက်ဆံရှာနေရတာကြောင့် အဖေကို ပြုစုဖို့ တာဝန်က ကလေးမလေးရဲ့ ပုခုံးပေါ်မှာပါ။

ကလေးမလေးကတော့ အဖေကို ပြုစုစောင့်ရှောက်ချင်တဲ့ ဆန္ဒက ပြင်းပြတယ်လို့ပြောရမှာပါပဲ။

ဖခင်ခံစားနေရတာကို ကြည့်ပြီး ကြံရာမရတဲ့ အဆုံးမှာတော့ စက်ဘီးလေထိုးတံ နဲ့ အသက်ရှုရခက်တာ သက်သာစေဖို့ လုပ်ဆောင်ပေးပါ တော့တယ်။

လေထိုးတံကို သူမရဲ့ ခွန်အားလေးနဲ့ဖိတွန်းပြီး ဖခင်ကို အနီးကပ်စောင့်ရှောက်ပေးနေတဲ့ ကလေးမလေး ဟာ ပင်ပန်းပေမယ့် အပြုံးမပျက် ပါဘူး။

ဒီအကြောင်းအရာလေးဟာ လူမှုကွန်ရက် စာမျက်နှာပေါ်မှာ ပျံ့နှံ့သွားပြီး လူပြောများခဲ့ပါတယ်။

ကံကောင်းတာ တစ်ခုကတော့ Catherine ရဲ့ ဖခင်အတွက် အောက်စီဂျင် အသက်ရှုစက်၊ ဆေးဝါးတွေနဲ့ အစားအသောက်တွေကို လှူဒါန်း ပေးတဲ့ အလှူရှင်တွေ ပေါ်လာပါတော့တယ်။

ဘာပဲပြောပြော ကလေးမလေး ရဲ့ မိဘအပေါ်ထားတဲ့ စေတနာ နဲ့ လုပ်ရပ်ကတော့ အရွယ်နဲ့မလိုက်အောင် သိတတ်လွန်းတာ ဟာ လေးစား ဖို့ကောင်းပါတယ်။

ဒါကြောင့်လည်း ကူညီချင်တဲ့သူတွေ ပေါ်လာတယ်လို့ ဆိုရမှာပဲ ဖြစ်ပါတယ်။

Zawgyi

ေအာက္စီဂ်င္မဝယ္ႏိုင္တဲ့ ဖခင္အတြက္ ေလထိုးတံနဲ႔ အသက္ရႈလို႔ရေအာင္ လုပ္ေပးေနတဲ့ ၆ ႏွစ္အ႐ြယ္သမီး ေလးရဲ႕ အျဖစ္

တစ္ခ်ိဳ႕ကေလးေတြဟာ အ႐ြယ္နဲ႔မလိုက္ေအာင္ သိတတ္လြန္းပါတယ္။

သူတို႔ေလးေတြဟာ အခက္အခဲေတြ ႀကဳံေနရတဲ့ အခ်ိန္မ်ိဳးဆိုရင္ ျဖဴစင္နဲ႔ ႏွလုံးသားေလးေတြနဲ႔ ခံစားေပးႏိုင္ၾကပါတယ္။

အခုလည္း ဖိလစ္ပိုင္ႏိုင္ငံက အသက္ ၆ ႏွစ္ အ႐ြယ္သာရွိတဲ့ Catherine Cadiente ဆိုတဲ့ ကေလးမေလးရဲ႕ အေၾကာင္းကို ေျပာျပေပးခ်င္ ပါတယ္။

ကေလးမေလးရဲ႕ မိသားစုဟာ ဆင္းရဲမိသားစု ျဖစ္တာေၾကာင့္ အဆုတ္မေကာင္းတဲ့ ဖခင္ျဖစ္သူအတြက္ ေအာက္စီဂ်င္ ဝယ္ေပးဖို႔ ပိုက္ဆံ အလုံအေလာက္မရွိပါဘူး။

မိခင္ျဖစ္သူကလည္း အျပင္အထြက္ၿပီး ပိုက္ဆံရွာေနရတာေၾကာင့္ အေဖကို ျပဳစုဖို႔ တာဝန္က ကေလးမေလးရဲ႕ ပုခုံးေပၚမွာပါ။

ကေလးမေလးကေတာ့ အေဖကို ျပဳစုေစာင့္ေရွာက္ခ်င္တဲ့ ဆႏၵက ျပင္းျပတယ္လို႔ေျပာရမွာပါပဲ။

ဖခင္ခံစားေနရတာကို ၾကည့္ၿပီး ႀကံရာမရတဲ့ အဆုံးမွာေတာ့ စက္ဘီးေလထိုးတံ နဲ႔ အသက္ရႈရခက္တာ သက္သာေစဖို႔ လုပ္ေဆာင္ေပးပါ ေတာ့တယ္။

ေလထိုးတံကို သူမရဲ႕ ခြန္အားေလးနဲ႔ဖိတြန္းၿပီး ဖခင္ကို အနီးကပ္ေစာင့္ေရွာက္ေပးေနတဲ့ ကေလးမေလး ဟာ ပင္ပန္းေပမယ့္ အၿပဳံးမပ်က္ ပါဘူး။

ဒီအေၾကာင္းအရာေလးဟာ လူမႈကြန္ရက္ စာမ်က္ႏွာေပၚမွာ ပ်ံ႕ႏွံ႔သြားၿပီး လူေျပာမ်ားခဲ့ပါတယ္။

ကံေကာင္းတာ တစ္ခုကေတာ့ Catherine ရဲ႕ ဖခင္အတြက္ ေအာက္စီဂ်င္ အသက္ရႈစက္၊ ေဆးဝါးေတြနဲ႔ အစားအေသာက္ေတြကို လႉဒါန္း ေပးတဲ့ အလႉရွင္ေတြ ေပၚလာပါေတာ့တယ္။

ဘာပဲေျပာေျပာ ကေလးမေလး ရဲ႕ မိဘအေပၚထားတဲ့ ေစတနာ နဲ႔ လုပ္ရပ္ကေတာ့ အ႐ြယ္နဲ႔မလိုက္ေအာင္ သိတတ္လြန္းတာ ဟာ ေလးစား ဖို႔ေကာင္းပါတယ္။

ဒါေၾကာင့္လည္း ကူညီခ်င္တဲ့သူေတြ ေပၚလာတယ္လို႔ ဆိုရမွာပဲ ျဖစ္ပါတယ္။

Leave a Reply

Your email address will not be published. Required fields are marked *