မြန်မာစစ်တပ်ကို ကုလသမဂ္ဂ သတိပေးပြီ

မြန်မာစစ်တပ်ကို ကုလသမဂ္ဂ သတိပေးပြီ

မြန်မာနိုင်ငံမှာ စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း လူ့အခွင့်အရေး ချိုးဖောက်မှုတွေ ဆက်လက် ပေါ်ပေါက်နေတာကြောင့် အရပ်သားတွေကို အကာအကွယ်ပေးဖို့ ကုလသမဂ္ဂက တောင်းဆိုလိုက်ပါတယ်။

ဥပဒေမဲ့ သတ်ဖြတ်မှု၊ ဖမ်းဆီးမှု၊ ညှင်းပမ်းနှိပ်စက်မှု၊ လက်စဖျောက်ခံရမှုတွေ ရှိခဲ့ကြောင်းလည်း မြန်မာနိုင်ငံအခြေစိုက် ကုလသမဂ္ဂ တာဝန်ရှိသူတွေကို ကိုးကားပြီး ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ရုံးက ပြောဆိုလိုက်တာပါ။

“မြန်မာနိုင်ငံမှာ စစ်တပ်က အာဏာသိမ်းထားတဲ့ ၆လတာကာလအတွင်း လုံခြုံရေးတပ်ဖွဲ့ဝင်တွေရဲ့ အကြမ်းဖက် လုပ်ရပ်တွေကြောင့် အမျိုးသမီးနဲ့ ကလေးတွေ အပါအဝင် အရပ်သား ၉၃၀ ထက်မနည်း သေဆုံးခဲ့ရပြီး၊

ထိခိုက်ဒဏ်ရာရသူ ထောင်ချီရှိပါတယ်။ ဒီလုပ်ရပ်တွေ ကျုးလွန်သူတွေကို တရားဥပဒေနဲ့အညီ အရေးယူဖို့လည်း မြန်မာနိုင်ငံမှာရှိတဲ့ ကုလသမဂ္ဂရုံးက တောင်းဆိုထားပါတယ်။” လို့ နယူးယောက် ကုလသမဂ္ဂ ရုံးချုပ်က သတင်းစာရှင်းလင်းပွဲမှာ အတွင်းရေးမှူးချုပ်ရဲ့ လက်ထောက်ပြောခွင့်ရ Eri Kaneko က ပြောဆိုသွားတာပါ။

မြန်မာစစ်အာဏာပိုင်တွေကတော့ အများပြည်သူအသက်အိုးအိမ်စည်းစိမ်ကို နှောင့်ယှက်တဲ့ အကြမ်းဖက် သောင်းကျန်းသူတွေအဖြစ် သုံးနှုန်းပြီး၊ နှိမ်နင်းဖမ်းဆီးနေကြောင်းနဲ့ ဥပဒေနဲ့အညီ အရေးယူနေကြောင်း တုံ့ပြန်ထားပါတယ်။

မြန်မာနိုင်ငံမှာ ဖေဖော်ဝါရီလ ၁ ရက်နေ့ စစ်တပ်က အာဏာသိမ်းခဲ့တာ ၆ လနီးပါး ရှိလာပေမဲ့ ဆန့်ကျင်လှုပ်ရှားမှုတွေ၊ လက်နက်ကိုင် ပဋိပက္ခတွေလည်း ဆက်လက်ပေါ်ပေါက်နေတာပါ။ နိုင်ငံရေး မတည်မငြိမ် အခြေအနေတွေကြားမှာပဲ ကိုဗစ်ကပ်ရောဂါ ကူးစက်မှုတွေလည်း အဆိုးဆုံးအခြေအနေနဲ့ ကြုံနေရတဲ့အတွက် ကုလသမဂ္ဂ အပါအဝင် နိုင်ငံတကာ အသိုင်းအဝန်းက စိုးရိမ်နေကြပါတယ်။

Zawgyi

ျမန္မာစစ္တပ္ကို ကုလသမဂၢ သတိေပးၿပီ

ျမန္မာႏိုင္ငံမွာ စစ္တပ္က အာဏာသိမ္းၿပီးေနာက္ပိုင္း လူ႔အခြင့္အေရး ခ်ိဳးေဖာက္မႈေတြ ဆက္လက္ ေပၚေပါက္ေနတာေၾကာင့္ အရပ္သားေတြကို အကာအကြယ္ေပးဖို႔ ကုလသမဂၢက ေတာင္းဆိုလိုက္ပါတယ္။

ဥပေဒမဲ့ သတ္ျဖတ္မႈ၊ ဖမ္းဆီးမႈ၊ ညႇင္းပမ္းႏွိပ္စက္မႈ၊ လက္စေဖ်ာက္ခံရမႈေတြ ရွိခဲ့ေၾကာင္းလည္း ျမန္မာႏိုင္ငံအေျခစိုက္ ကုလသမဂၢ တာဝန္ရွိသူေတြကို ကိုးကားၿပီး ကုလသမဂၢ အတြင္းေရးမႉးခ်ဳပ္႐ုံးက ေျပာဆိုလိုက္တာပါ။

“ျမန္မာႏိုင္ငံမွာ စစ္တပ္က အာဏာသိမ္းထားတဲ့ ၆လတာကာလအတြင္း လုံၿခဳံေရးတပ္ဖြဲ႕ဝင္ေတြရဲ႕ အၾကမ္းဖက္ လုပ္ရပ္ေတြေၾကာင့္ အမ်ိဳးသမီးနဲ႔ ကေလးေတြ အပါအဝင္ အရပ္သား ၉၃၀ ထက္မနည္း ေသဆုံးခဲ့ရၿပီး၊

ထိခိုက္ဒဏ္ရာရသူ ေထာင္ခ်ီရွိပါတယ္။ ဒီလုပ္ရပ္ေတြ က်ဳးလြန္သူေတြကို တရားဥပေဒနဲ႔အညီ အေရးယူဖို႔လည္း ျမန္မာႏိုင္ငံမွာရွိတဲ့ ကုလသမဂၢ႐ုံးက ေတာင္းဆိုထားပါတယ္။” လို႔ နယူးေယာက္ ကုလသမဂၢ ႐ုံးခ်ဳပ္က သတင္းစာရွင္းလင္းပြဲမွာ အတြင္းေရးမႉးခ်ဳပ္ရဲ႕ လက္ေထာက္ေျပာခြင့္ရ Eri Kaneko က ေျပာဆိုသြားတာပါ။

ျမန္မာစစ္အာဏာပိုင္ေတြကေတာ့ အမ်ားျပည္သူအသက္အိုးအိမ္စည္းစိမ္ကို ေႏွာင့္ယွက္တဲ့ အၾကမ္းဖက္ ေသာင္းက်န္းသူေတြအျဖစ္ သုံးႏႈန္းၿပီး၊ ႏွိမ္နင္းဖမ္းဆီးေနေၾကာင္းနဲ႔ ဥပေဒနဲ႔အညီ အေရးယူေနေၾကာင္း တုံ႔ျပန္ထားပါတယ္။

ျမန္မာႏိုင္ငံမွာ ေဖေဖာ္ဝါရီလ ၁ ရက္ေန႔ စစ္တပ္က အာဏာသိမ္းခဲ့တာ ၆ လနီးပါး ရွိလာေပမဲ့ ဆန႔္က်င္လႈပ္ရွားမႈေတြ၊ လက္နက္ကိုင္ ပဋိပကၡေတြလည္း ဆက္လက္ေပၚေပါက္ေနတာပါ။ ႏိုင္ငံေရး မတည္မၿငိမ္ အေျခအေနေတြၾကားမွာပဲ ကိုဗစ္ကပ္ေရာဂါ ကူးစက္မႈေတြလည္း အဆိုးဆုံးအေျခအေနနဲ႔ ႀကဳံေနရတဲ့အတြက္ ကုလသမဂၢ အပါအဝင္ ႏိုင္ငံတကာ အသိုင္းအဝန္းက စိုးရိမ္ေနၾကပါတယ္။

Leave a Reply

Your email address will not be published. Required fields are marked *