ဆေးရုံတင်ထားရတဲ့ ဖခမည်းတော်ကို အနီးကပ်ပြုစုပြီးစောင့်ရှောက်ပေးနေတဲ့ ပရဟိတဆရာတော်

ဆေးရုံတင်ထားရတဲ့ ဖခမည်းတော်ကို အနီးကပ်ပြုစုပြီးစောင့်ရှောက်ပေးနေတဲ့ ပရဟိတဆရာတော်

ကိုဗစ်ရောဂါကူးစက်မှုတွေကြောင့် မြန်မာပြည်သူတွေဟာ စားဝတ်နေရေးခက်ခဲတဲ့ ပြဿနာတွေကို ရင်ဆိုင်ဖြေရှင်းနေရပါတယ်။ ကိုဗစ်ရောဂါကူးစက်မှုတွေကြောင့် ဒုက္ခရောက်နေတဲ့ မြန်မာပြည်သူတွေကို သံဃာတော်တွေကလည်း တတ်နိုင်တဲ့ဘက်ကနေ အမျိုးမျိုး ကူညီပေးနေကြပါတယ်။

ပဲခူးတိုင်းဒေသကြီး၊ကျောက်တံခါးမြို့နယ်၊မြို့ချောင်းအုပ်စု၊ ဒညင်းကုန်းရွာကျောင်းဆရာတော်အဝေရာဟောန္တုဟာလည်း ပရဟိတအလုပ်တွေလုပ်ကိုင်နေပြီး ဒုက္ခရောက်နေတဲ့ ပြည်သူတွေကို သူတတ်နိုင်သလောက်ကူညီပေးနေပါတယ်။

ယခုမှာတော့ အကူအညီလိုအပ်နေသူတွေကို စားသောက်ဖွယ်ရာတွေ ပေးလှူလေ့ရှိတဲ့ ပရဟိတဆရာတော် အဝေရာဟောန္တုရဲ့ ဖခမည်းတော်ဖြစ်သူဟာ ကျန်းမာရေးမကောင်းဖြစ်နေပြီး မောနေတာကြောင့် ဆေးရုံတင်ထားရပါတယ်။

ဘုန်းဘုန်းကတော့ ဆေးရုံတင်ထားရတဲ့ ဖခမည်းတော်ရဲ့ အနားမှာနေပြီး ဂရုတစိုက်နဲ့ ပြုစုစောင့်ရှောက်နေခဲ့ပါတယ်။ ကိုဗစ်လူနာတွေကိုလည်း တတ်နိုင်သလောက်ကူညီပေးနေတာကြောင့် မအားလပ်တဲ့ကြားက ဖခမည်းတော်ကို ပြုစုပေးနေတာဖြစ်ပြီး ဆရာတော်အဝေရာဟောန္တုကို ပြည်သူအများအပြားက လေးစားချီးကျူးနေကြပါတယ်။

ပြည်သူတစ်ဦးကတော့ ” ရန်ကုန် မန်း အမြန်လမ်းဘေး(၈၃)မိုင်ကAccident တွေ ၊ ရိုးမပေါ်က လူနာတွေကို ဟိုးအရင်ထဲက Ambulance မောင်းပြီး ကူညီပေးခဲ့တဲ့အပြင် ဒီနေ့ချိန်မှာ ကိုဗစ်လူနာတွေကိုလည်းPPE ဝတ်ပြီး ကူညီပေးခဲ့တဲ့ ဘုရားသားတော်တစ်ပါးရဲ့ မေတ္တာတွေကို တိုင်တည်ပြီး ဆုတောင်းနော်..။

ခမည်းတော်ကြီး အမြန်ကျန်းမာပါစေဘုရား “ဆိုပြီး လူမှုကွန်ယက်စာမျက်နှာထက်မှာ ရေးသားထားပါတယ်။နေမကောင်းဖြစ်နေတဲ့ ဖခမည်းတော်ကို အနီးကပ်ပြုစုစောင့်ရှောက်ပေးနေတဲ့ ပရဟိတဆရာတော် အဝေရာဟောန္တုရဲ့ပုံရိပ်လေးတွေကို ပြန်လည်ဖော်ပြပေးလိုက်ရပါတယ်။

Zawgyi

ေဆး႐ုံတင္ထားရတဲ့ ဖခမည္းေတာ္ကို အနီးကပ္ျပဳစုၿပီးေစာင့္ေရွာက္ေပးေနတဲ့ ပရဟိတဆရာေတာ္

ကိုဗစ္ေရာဂါကူးစက္မႈေတြေၾကာင့္ ျမန္မာျပည္သူေတြဟာ စားဝတ္ေနေရးခက္ခဲတဲ့ ျပႆနာေတြကို ရင္ဆိုင္ေျဖရွင္းေနရပါတယ္။ ကိုဗစ္ေရာဂါကူးစက္မႈေတြေၾကာင့္ ဒုကၡေရာက္ေနတဲ့ ျမန္မာျပည္သူေတြကို သံဃာေတာ္ေတြကလည္း တတ္ႏိုင္တဲ့ဘက္ကေန အမ်ိဳးမ်ိဳး ကူညီေပးေနၾကပါတယ္။

ပဲခူးတိုင္းေဒသႀကီး၊ေက်ာက္တံခါးၿမိဳ႕နယ္၊ၿမိဳ႕ေခ်ာင္းအုပ္စု၊ ဒညင္းကုန္း႐ြာေက်ာင္းဆရာေတာ္အေဝရာေဟာႏၲဳဟာလည္း ပရဟိတအလုပ္ေတြလုပ္ကိုင္ေနၿပီး ဒုကၡေရာက္ေနတဲ့ ျပည္သူေတြကို သူတတ္ႏိုင္သေလာက္ကူညီေပးေနပါတယ္။

ယခုမွာေတာ့ အကူအညီလိုအပ္ေနသူေတြကို စားေသာက္ဖြယ္ရာေတြ ေပးလႉေလ့ရွိတဲ့ ပရဟိတဆရာေတာ္ အေဝရာေဟာႏၲဳရဲ႕ ဖခမည္းေတာ္ျဖစ္သူဟာ က်န္းမာေရးမေကာင္းျဖစ္ေနၿပီး ေမာေနတာေၾကာင့္ ေဆး႐ုံတင္ထားရပါတယ္။

ဘုန္းဘုန္းကေတာ့ ေဆး႐ုံတင္ထားရတဲ့ ဖခမည္းေတာ္ရဲ႕ အနားမွာေနၿပီး ဂ႐ုတစိုက္နဲ႔ ျပဳစုေစာင့္ေရွာက္ေနခဲ့ပါတယ္။ ကိုဗစ္လူနာေတြကိုလည္း တတ္ႏိုင္သေလာက္ကူညီေပးေနတာေၾကာင့္ မအားလပ္တဲ့ၾကားက ဖခမည္းေတာ္ကို ျပဳစုေပးေနတာျဖစ္ၿပီး ဆရာေတာ္အေဝရာေဟာႏၲဳကို ျပည္သူအမ်ားအျပားက ေလးစားခ်ီးက်ဴးေနၾကပါတယ္။

ျပည္သူတစ္ဦးကေတာ့ ” ရန္ကုန္ မန္း အျမန္လမ္းေဘး(၈၃)မိုင္ကAccident ေတြ ၊ ႐ိုးမေပၚက လူနာေတြကို ဟိုးအရင္ထဲက Ambulance ေမာင္းၿပီး ကူညီေပးခဲ့တဲ့အျပင္ ဒီေန႔ခ်ိန္မွာ ကိုဗစ္လူနာေတြကိုလည္းPPE ဝတ္ၿပီး ကူညီေပးခဲ့တဲ့ ဘုရားသားေတာ္တစ္ပါးရဲ႕ ေမတၱာေတြကို တိုင္တည္ၿပီး ဆုေတာင္းေနာ္..။

ခမည္းေတာ္ႀကီး အျမန္က်န္းမာပါေစဘုရား “ဆိုၿပီး လူမႈကြန္ယက္စာမ်က္ႏွာထက္မွာ ေရးသားထားပါတယ္။ေနမေကာင္းျဖစ္ေနတဲ့ ဖခမည္းေတာ္ကို အနီးကပ္ျပဳစုေစာင့္ေရွာက္ေပးေနတဲ့ ပရဟိတဆရာေတာ္ အေဝရာေဟာႏၲဳရဲ႕ပုံရိပ္ေလးေတြကို ျပန္လည္ေဖာ္ျပေပးလိုက္ရပါတယ္။

Leave a Reply

Your email address will not be published. Required fields are marked *