တိုင်ချက်ဖွင့်လျှင် တရားခံကိုပါခေါ်လာရန် ဒုရဲချုပ်အောင်နိုင်သူ ပြောကြား
ရဲစခန်းများတွင် တိုင်ချက်ဖွင့်လျှင် တရားခံကိုပါ တစ်ပါတည်းခေါ်လာရန် မြန်မာနိုင်ငံရဲတပ်ဖွဲ့ ဒုတိယရဲချုပ် (၂) ရဲဗိုလ်ချုပ်အောင်နိုင်သူမှ ယနေ့ညနေ ၆ နာရီတွင် ပြောကြားခဲ့သည်။သက်ဆိုင်ရာ ခရိုင်၊ မြို့မ၊ မြို့နယ်ရဲစခန်းများတွင် ရာဇဝတ်မှုနှင့်ပတ်သက်ပြီး
တိုင်ချက်ဖွင့်လိုပါက အမှု၏တရားခံကိုပါ စခန်းသို့ တစ်ပါတည်းခေါ်လာကြရန် ရဲဗိုလ်ချုပ်အောင်နိုင်သူမှ ပြောကြားခဲ့ခြင်းဖြစ်သည်။ပိုင်ရှင်မဲ့မူးယစ်ဆေးဝါးအမှုများ ပိုမိုများပြားလာသဖြင့် ရဲတပ်ဖွဲ့အနေနှင့် မူးယစ်ဆေးတရားခံများကို
ဖမ်းဆီးရန် နည်းလမ်းအမျိုးမျိုးဖြင့်ကြိုးစားဆောင်ရွက်လျက်ရှိစဉ်တွင် အခြားဒုစရိုက်မှုများကို မြန်မြန်ဆန်ဆန် အရေးယူပေးနိုင်ရန် ကာယကံရှင်မှ တိုင်ချက်ဖွင့်ရာတွင် တရားခံကိုပါအတူခေါ်လာရန် တိုက်တွန်းပြောကြားခဲ့ခြင်းဖြစ်သည်။
Zawgyi
တိုင္ခ်က္ဖြင့္လွ်င္ တရားခံကိုပါေခၚလာရန္ ဒုရဲခ်ဳပ္ေအာင္ႏိုင္သူ ေျပာၾကား
ရဲစခန္းမ်ားတြင္ တိုင္ခ်က္ဖြင့္လွ်င္ တရားခံကိုပါ တစ္ပါတည္းေခၚလာရန္ ျမန္မာႏိုင္ငံရဲတပ္ဖြဲ႕ ဒုတိယရဲခ်ဳပ္ (၂) ရဲဗိုလ္ခ်ဳပ္ေအာင္ႏိုင္သူမွ ယေန႔ညေန ၆ နာရီတြင္ ေျပာၾကားခဲ့သည္။သက္ဆိုင္ရာ ခ႐ိုင္၊ ၿမိဳ႕မ၊ ၿမိဳ႕နယ္ရဲစခန္းမ်ားတြင္ ရာဇဝတ္မႈႏွင့္ပတ္သက္ၿပီး
တိုင္ခ်က္ဖြင့္လိုပါက အမႈ၏တရားခံကိုပါ စခန္းသို႔ တစ္ပါတည္းေခၚလာၾကရန္ ရဲဗိုလ္ခ်ဳပ္ေအာင္ႏိုင္သူမွ ေျပာၾကားခဲ့ျခင္းျဖစ္သည္။ပိုင္ရွင္မဲ့မူးယစ္ေဆးဝါးအမႈမ်ား ပိုမိုမ်ားျပားလာသျဖင့္ ရဲတပ္ဖြဲ႕အေနႏွင့္ မူးယစ္ေဆးတရားခံမ်ားကို
ဖမ္းဆီးရန္ နည္းလမ္းအမ်ိဳးမ်ိဳးျဖင့္ႀကိဳးစားေဆာင္႐ြက္လ်က္ရွိစဥ္တြင္ အျခားဒုစ႐ိုက္မႈမ်ားကို ျမန္ျမန္ဆန္ဆန္ အေရးယူေပးႏိုင္ရန္ ကာယကံရွင္မွ တိုင္ခ်က္ဖြင့္ရာတြင္ တရားခံကိုပါအတူေခၚလာရန္ တိုက္တြန္းေျပာၾကားခဲ့ျခင္းျဖစ္သည္။