ဒူးနာသမားများအတွက် အမှန်တစ်ကယ်ထိရောက်တဲ့ ဆေးနည်း

ဒူးနာသမားများအတွက် အမှန်တစ်ကယ်ထိရောက်တဲ့ ဆေးနည်း

ဒူနာသမားများအတွက် ဆေးနည်းကောင်းလေးပေး ပါရစေ။ ကျနော် ကိုယ်တိုင် လက်တွေ့သက်သာလို့ သတိရပြီး တင်ပေး ပါတယ်။ကျနော်ဘောလုံးကန် စဉ်က ဒူးမှာဒါဏ်ဖြစ်ပြီး မကြာ ခဏဒူး နာတတ် ပါတယ်။အားကစား မလုပ်ဘဲနေတာ နှစ်အနည်းငယ် ကြာပြီးမှ လွန်ခဲ့သော ရက်က ဘော်လီဘော ကစားရာဒူးပြန်နာ လာပြန် ပါတယ်။မိတ်ဆွေတယောက်က ကျနော့အားဒီဆေးနည်းကို ပြောပြလို့စမ်းကြည့်ရာမှသက်သာပျောက်ကင်းလို့ ဒူနာဝေဒနာရှင်များအတွက်စေတနာရှေ့ထားပြီး ပြန်လည်မျှဝေပါတယ်။

၁။ ကြောင်ပန်းရွက်အားသင့်တော် သလောက်ရေစင် အောင်ဆေးပြီး ထုထောင်းချေမွပါ။၂။သံပုရာသီးတလုံး/နှစ်လုံးချိန်ဆ၍ကြောင်ပန်းရွက် ထဲညှစ်ထည့်ပြီးသမအောင်အနည်းငယ်ထုထောင်းပါ။၃။သံပုရာရည် နှင့်ကြောင် ပန်းရွက်ကို ဒူးပေါ်အုံကာ အဝတ်စသန့်ဖြင့် စည်းထားပေး လိုက်ပါ။ကျနော်က ညဘက်စည်းပြီးအိပ် ပါတယ်။ အသုံးလို သူများ အကျိုး အကြောင်း ဆီလျှော်ပါက ဒူးနာဝေဒနာမှ သက်သာစေရန်။

ဆေးနည်းဒါန ဝေမျှရသော ကုသိုလ် အကျိုးကြောင့် မိမိအေးချမ်း သာယာသလို လောကသားအားလုံး အေးချမ်းသာယာပါစေ အသိမှန်အမြင်မှန် များဖြင့် ကျန်ရှိသော ဘဝကို လှပစွာဖြတ်သန် းနိုင်ကြပါစေ။နောက်တစ်နည်း – “ကိုယ့်အတွက် မလိုသေးပေမယ့် လိုအပ်တဲ့ သူတွေ အတွက် ကူးလာတာပါ ၊ ပိုက်ဆံကုန် တာမှ မဟုတ်တာ ၊ စမ်းကြည့်ပေါ့” ” ဒူးနာ လက်တွေ့ဆေး ”ဒူးက တောင်ပေါ်က အဆင်း ခဲလုံးနင်းမိလို့ လည်သလို ဖြစ်ပြီးနာသွားတာ အတက်အဆင်း အတော်သွားမိတိုင်း ပြန်ပြန်နာနေ တယ်။

အဲဒါ ကားဆရာလေး တစ်ဦးက အကြံပေးတာက “ရဲယိုရွက် မနုမရင့်ကို ဒီအတိုင်းပဲ ညအိပ်ရာဝင်မှာ စီးပြီးအိပ်ပါ ၊ သုံးလေးရက်ဆို လုံးဝကောင်းသွ ားမယ်” ဆိုလို့ ကျုပ်ကတော့ ဒူးစွပ်နဲ့ ဖိစွပ်ထားတာ။ဟုတ်သဗျာ ခုမနက်လင်းတော့ သိသိသာသာကြီးကို သက်သာသွားတယ်။

Zawgyi

ဒူးနာသမားမ်ားအတြက္ အမွန္တစ္ကယ္ထိေရာက္တဲ့ ေဆးနည္း

ဒူနာသမားမ်ားအတြက္ ေဆးနည္းေကာင္းေလးေပး ပါရေစ။ က်ေနာ္ ကိုယ္တိုင္ လက္ေတြ႕သက္သာလို႔ သတိရၿပီး တင္ေပး ပါတယ္။က်ေနာ္ေဘာလုံးကန္ စဥ္က ဒူးမွာဒါဏ္ျဖစ္ၿပီး မၾကာ ခဏဒူး နာတတ္ ပါတယ္။အားကစား မလုပ္ဘဲေနတာ ႏွစ္အနည္းငယ္ ၾကာၿပီးမွ လြန္ခဲ့ေသာ ရက္က ေဘာ္လီေဘာ ကစားရာဒူးျပန္နာ လာျပန္ ပါတယ္။မိတ္ေဆြတေယာက္က က်ေနာ့အားဒီေဆးနည္းကို ေျပာျပလို႔စမ္းၾကည့္ရာမွသက္သာေပ်ာက္ကင္းလို႔ ဒူနာေဝဒနာရွင္မ်ားအတြက္ေစတနာေရွ႕ထားၿပီး ျပန္လည္မွ်ေဝပါတယ္။

၁။ ေၾကာင္ပန္း႐ြက္အားသင့္ေတာ္ သေလာက္ေရစင္ ေအာင္ေဆးၿပီး ထုေထာင္းေခ်မြပါ။၂။သံပုရာသီးတလုံး/ႏွစ္လုံးခ်ိန္ဆ၍ေၾကာင္ပန္း႐ြက္ ထဲညႇစ္ထည့္ၿပီးသမေအာင္အနည္းငယ္ထုေထာင္းပါ။၃။သံပုရာရည္ ႏွင့္ေၾကာင္ ပန္း႐ြက္ကို ဒူးေပၚအုံကာ အဝတ္စသန႔္ျဖင့္ စည္းထားေပး လိုက္ပါ။က်ေနာ္က ညဘက္စည္းၿပီးအိပ္ ပါတယ္။ အသုံးလို သူမ်ား အက်ိဳး အေၾကာင္း ဆီေလွ်ာ္ပါက ဒူးနာေဝဒနာမွ သက္သာေစရန္။ေဆးနည္းဒါန

ေဝမွ်ရေသာ ကုသိုလ္ အက်ိဳးေၾကာင့္ မိမိေအးခ်မ္း သာယာသလို ေလာကသားအားလုံး ေအးခ်မ္းသာယာပါေစ အသိမွန္အျမင္မွန္ မ်ားျဖင့္ က်န္ရွိေသာ ဘဝကို လွပစြာျဖတ္သန္ းႏိုင္ၾကပါေစ။ေနာက္တစ္နည္း – “ကိုယ့္အတြက္ မလိုေသးေပမယ့္ လိုအပ္တဲ့ သူေတြ အတြက္ ကူးလာတာပါ ၊ ပိုက္ဆံကုန္ တာမွ မဟုတ္တာ ၊ စမ္းၾကည့္ေပါ့” ” ဒူးနာ လက္ေတြ႕ေဆး ”ဒူးက ေတာင္ေပၚက အဆင္း ခဲလုံးနင္းမိလို႔ လည္သလို ျဖစ္ၿပီးနာသြားတာ အတက္အဆင္း အေတာ္သြားမိတိုင္း ျပန္ျပန္နာေန တယ္။

အဲဒါ ကားဆရာေလး တစ္ဦးက အႀကံေပးတာက “ရဲယို႐ြက္ မႏုမရင့္ကို ဒီအတိုင္းပဲ ညအိပ္ရာဝင္မွာ စီးၿပီးအိပ္ပါ ၊ သုံးေလးရက္ဆို လုံးဝေကာင္းသြ ားမယ္” ဆိုလို႔ က်ဳပ္ကေတာ့ ဒူးစြပ္နဲ႔ ဖိစြပ္ထားတာ။ဟုတ္သဗ်ာ ခုမနက္လင္းေတာ့ သိသိသာသာႀကီးကို သက္သာသြားတယ္။

Leave a Reply

Your email address will not be published. Required fields are marked *