လေးနှစ်ကျော်လက်တွဲခဲ့တဲ့ချစ်သူနဲ့လမ်းခွဲချိန်မှာသေလောက်အောင်နာကျင်ရပါတယ်ဆိုတဲ့သရုပ်ဆောင်အေးငြိမ်းဖြူ

လေးနှစ်ကျော်လက်တွဲခဲ့တဲ့ချစ်သူနဲ့လမ်းခွဲချိန်မှာသေလောက်အောင်နာကျင်ရပါတယ်ဆိုတဲ့သရုပ်ဆောင်အေးငြိမ်းဖြူ

တေးဆို ရဲရင့်အောင်နဲ့ချစ်သူသက်တမ်း လေးနှစ်ကျော်ကြာလက်တွဲခဲ့တဲ့အတွက်လမ်းခွဲချိန်မှာလည်း နာကျင်ခံစားရတယ်လို့ သရုပ်ဆောင်အေးငြိမ်းဖြူကသူမရဲ့ လူမှုကွန်ယက်စာမျက်နှာမှာရေးသားထားခဲ့ပါတယ်။

” သေလောက်အောင်ချစ်ခဲ့ရတဲ့သူမို့လမ်းခွဲတဲ့အချိန်မှာလဲ သေလောက်အောင်နာကျင်ရပါတယ် A သူ့ကိုဘယ်လောက်နာကျည်းနေပါစေ ဒါပေမဲ့ A တို့နှစ်ယောက်ကို အခြားသူတွေအမြင်မှာ ကောင်းသော အမှတ်တရလေးတွေနဲ့ပဲ ကျန်ခဲ့စေချင်လို့ပါအဲ့ကြောင့် A ဒီလမ်းခွဲတဲ့ကိစ္စနဲ့ပက်သက်ပြီး နောက်ထပ် ဘာမှထပ်ပြောတော့မှာမဟုတ်ပါဘူးနော်

လေးနှစ်ကျော်လုံး ဘယ်တော့မှ လွှတ်မချနိုင်ခဲ့ပဲမရရအောင် ဆုပ်ကိုင်ခဲ့တဲ့ လက်တစ်စုံ နောက်ဆုံးတော့ လွှတ်ချနိုင်ခဲ့ပါပြီအခြားသူအတွက်ပေးဆပ်ရင်း ကိုယ့်အတွက်ကိုယ်အသက်ရှုဖို့တောင်မေ့နေခဲ့တဲ့သူမို့ ရှေ့ဆက်ရမဲ့ ဘဝမှာ ကိုယ့်ကိုကိုယ်အများကြီးပြန်ကြည့်ပေးပြီး ကြိုးစားနေထိုင်သွားမှာပါ

ဒီကာလကြီးမှာ ဒီလိုကိစ္စမျိုးအသိပေးရတဲ့အတွက်လည်းတကယ် တောင်းပန်ပါတယ်” လို့ သူမကရေးသားထားခဲ့ပါတယ်။

Zawgyi






Leave a Reply

Your email address will not be published. Required fields are marked *