အောက်ဆီဂျင်တွေ အချိန်မရွေး ဖြည့်ပေးနိုင်ရန်အတွက် စက်တွေတပ်ဆင်နေပြီဖြစ်ကြောင်း သတင်းကောင်းပါးလာတဲ့ စိန်ဖြိုး

အောက်ဆီဂျင်တွေ အချိန်မရွေး ဖြည့်ပေးနိုင်ရန်အတွက် စက်တွေတပ်ဆင်နေပြီဖြစ်ကြောင်း သတင်းကောင်းပါးလာတဲ့ စိန်ဖြိုး

စိန်ဖြိုးလှိုင်ကတော့ ဆရာဝန်တစ်ယောက်အဖြစ်လည်း ပြည်သူတွေကို အကျိုးပြုနေသူလည်း ဖြစ်ပါတယ်။ ဒါ့ကြောင့်လည်း ပရိသတ်တွေအားလုံးက သူ့ကို လေးစား ချစ်ခင်နေကြတာပါ ။ ခုလို ကိုဗစ်ရောဂါတွေ ပြည်သူတွေ ခံစားနေရအချိန်မှာလည်း တတ်နိုင်သလောက် ကူညီမှုတွေ ပြုလုပ်ပေးလျက်ရှိပါတယ် ။

အောက်ဆီဂျင်အိုးတွေ ဝယ်ယူ လှူဒါန်းပေးသလို ရောဂါနဲ့ ပတ်သက်ပြီး လိုက်နာသင့်တာတွေကိုလည်း သေသေချာချာ ဗဟုသုတအနေနဲ့ ဝေမျှပေးနေတာကို တွေ့ရပါတယ် ။ အခုလည်း သူဝယ်ယူထားတဲ့ အောက်ဆီဂျင်စက်တွေရောက်လို့ တပ်ဆင်နေပြီဖြစ်ကြောင်း မကြာခင် ပြည်သူတွေကို လှူဒါန်းတော့မယ့်အကြောင်းတွေကို သတင်းကောင်းပါးလာပါတယ် ။

” အောက်ဆီဂျင်စက်ကြီးတွေ ရောက်လို့ စတင်ပြီး တပ်ဆင်နေပါပြီ.. မကြာခင်မှာ အောက်ဆီဂျင်အိုးတွေကို ဖြည့်ပေးနိုင်တော့မယ် မြင်ရတာနဲ့တင် တော်တော်ဝမ်းသာနေပြီ အောက်စီဂျင်အိုးဖြည့်ရတဲ့ ဒုက္ဈေးတွေ မတန်တဆ ပေးနေရတာတွေ..တဖြည်းဖြည်း လျော့သွားမယ် ထင်ရတာပဲ.” ရေးသားဖော်ပြထားရာ ပရိသတ်ကြီးအတွက် ပြန်လည်ဖော်ပြပေးလိုက်ပါတယ် ။

Zawgyi





Leave a Reply

Your email address will not be published.