စားဝတ်နေရေးအခက်အခဲဖြစ်နေလို့ သူပိုင်တဲ့ကြက်လေး(၂)ကောင်လိုက်ရောင်းနေရတဲ့ ကိုကိုဇော်

စားဝတ်နေရေးအခက်အခဲဖြစ်နေလို့ သူပိုင်တဲ့ကြက်လေး(၂)ကောင်လိုက်ရောင်းနေရတဲ့ ကိုကိုဇော်

ဝန်ထမ်းအိမ်ရာကနေဖယ်ပေးလိုက်ရပြီး စားဝတ်နေရေးအခက်အခဲဖြစ်နေလို့ သူပိုင်တဲ့ကြက်လေး(၂)ကောင်လိုက်ရောင်းနေရတဲ့ ကိုကိုဇော်

မကြာသေးခင်ရက်ပိုင်းကဆိုရင် မြန်မာ့မီးရထားမှာ တာဝန်ထမ်းဆောင်နေကြတဲ့ ဝန်ထမ်းတချို့က မိမိတို့နေထိုင်နေတဲ့ ဝန်ထမ်းအိမ်ရာကနေ ဖယ်ပေးလိုက်ရတာဖြစ်ပါတယ်။ပြည်သူလူထုကလည်း နေစရာအခက်အခဲတွေရှိနေကြတဲ့ ဝန်ထမ်းတွေကို တစ်တပ်တစ်အားကူညီပေးကြတာဖြစ်ပါတယ်။

ပြည်သူတွေကတော့ အချင်းချင်းကာကွယ်စောင့်ရှောက်ပေးကြပြီး လိုအပ်သမျှကိုလည်း ဖြည့်ဆည်းပေးကြတာဖြစ်ပါတယ်။မြန်မာလူမျိုးတွေကလည်း နဂိုကတည်းက ဂရုဏာတရားကြီးမားကြတာကြောင့် အခက်အခဲဖြစ်သူတိုင်းကို ကူညီဖေးမပေးကြတာဖြစ်ပါတယ်။

အခုဆိုရင်လည်း ဝန်ထမ်းအိမ်ရာကနေဖယ်ပေးလိုက်ရတဲ့ မြန်မာ့မီးရထားဝန်ထမ်း ကိုကိုဇော်ကတော့လတ်တလောမှာဆိုရင် စားဝတ်နေရေးအခက်အခဲဖြစ်နေတာ ဖြစ်ပါတယ်။ကိုကိုဇော်က မိသားစုကိုတော့ တခြားတစ်နေရာပို့ထားပြီး သူကလည်း သူငယ်ချင်းအိမ်မှာ ခဏမှီခိုနေထိုင်နေတာဖြစ်ပါတယ်။

ဝန်ထမ်းအိမ်ရာကနေဖယ်ပေးတဲ့နေ့ကဆိုရင် ကိုကိုဇော်က သူပိုင်ဆိုင်တဲ့ပစ္စည်းလေးတွေကို ယူလာပြီး ကြက်လေးနှစ်ကောင်ကိုပါ ပိုက်လာတာကြောင့် သူ့ရဲ့ပုံရိပ်လေးက လူမှုကွန်ယက်စာမျက်နှာပေါ်မှာ နာမည်ကြီးသွားတာဖြစ်ပါတယ်။

ကိုကိုဇော်က သူပိုင်ဆိုင်တဲ့ကြက်လေးနှစ်ကောင်ကို စားဝတ်နေရေးအတွက် လိုက်ရောင်းနေရတာဖြစ်ပါတယ်။ကိုကိုဇော်က ပြည်သူတွေအတွက် တာဝန်သိတတ်စွာနဲ့ အလုပ်ရပ်နားလိုက်ရတာကြောင့် အခုလိုအချိန်မှာ မိသားစုနဲ့တကွဲတပြားနေထိုင်နေရပြီး နေစရာအခက်အခဲပါဖြစ်နေတာဖြစ်ပါတယ်။

အခုလိုအချိန်မျိုးမှာ အရမ်းခက်ခဲနေရတဲ့ ကိုကိုဇော်ကို တတ်နိုင်တဲ့သူတွေက တစ်နိုင်တစ်ပိုင်လေးကူညီပေးကြပါဦးနော်။ကိုကိုဇော်ဆီမှာ တိုက်ရိုက်လှူဒါန်းချင်ကြတဲ့ စေတနာရှင်တွေအတွက်လည်း ဖုန်းနံပါတ် (၀၉ ၇၆၂၁၀၈၀၃၆) ကိုဖုန်းဆက်ပြီး လှူဒါန်းလို့ရကြောင်းကို ပြန်လည်ဖော်ပြပေးလိုက်ပါတယ်။

ကိုကိုဇော်
စက်ပြင် ကျွမ်းကျင် ၅
၀၉ ၇၆၂၁၀၈၀၃၆
09987764899

မနေ့က မီဒီယာတွေမှာပါလာတဲ့ မလွှကုန်းမီးရထား
ဝင်းထဲက ညီလေးကိုကိုဇော်မှာမိသားစု ၈ယောက်ရှိပါ
တယ် သူ့ညီနဲ့သူက CDM လုပ်နေကြတဲ့ မီးရထား
ဝန်ထမ်းလေးတွေပါ

လောလောဆယ်မိသားစုကို တနေရာပို့ထားပီး
ကိုကိုဇော်ကတော့ ကျောက်မြောင်းထဲကအသိ
သူငယ်ချင်းအိမ်မှာနေနေရပါတယ်

သူပိုက်လာတဲ့ကြက်လေး ၂ကောင်ကို လိုက်ရောင်း
နေတယ်ကြားတာနဲ့ ၁၅၀၀၀ နဲ့ ဒီမနက်ဝယ်ပေးထား
လိုက်ပါတယ်

မိသားစုတကွဲတပြားနဲ့အခက်အခဲဖြစ်နေတဲ့
တာဝန်သိညီငယ် ကိုကိုဇော်နဲ့ ကိုကိုကျော်တို့ကို
လှူဒါန်းချင်ရင် ကိုကိုဇော်ရဲ့
ဖုန်းနံပါတ် ၀၉ ၇၆၂၁၀၈၀၃၆ ကိုဖုန်းဆက်ပီး
လှူဒါန်း အကူအညီပေးနိုင်ပါတယ်ဆိုတဲ့အကြောင်း
ဖေါ်ပြပေးလိုက်ရပါတယ်

Wave Acc – 09762108036

CDM အောင်မြင်ပါစေ
စစ်အာဏာရှင်စနစ်ကျဆုံးပါစေ

Zawgyi









ကိုကိုဇော်
စက်ပြင် ကျွမ်းကျင် ၅
၀၉ ၇၆၂၁၀၈၀၃၆
09987764899

ဝန်ထမ်းလေးတွေပါ


လိုက်ပါတယ်



Wave Acc – 09762108036

CDM အောင်မြင်ပါစေ

Leave a Reply

Your email address will not be published. Required fields are marked *