NUGလေလှိုင်းအစီစေဉ်ကြောင့်ရေဒီယိုဝယ်လိုအားကောင်းလာပေမဲ့အဝယ်မှားသည့်သူများပြားနေတာဘာကြောင့်ပါလဲ?

NUGလေလှိုင်းအစီစေဉ်ကြောင့်ရေဒီယိုဝယ်လိုအားကောင်းလာပေမဲ့အဝယ်မှားသည့်သူများပြားနေတာဘာကြောင့်ပါလဲ?

ရေဒီယိုအမျိုးအစား10Band Digital Radioဖြင့်လှိုင်းတိုမီတာ၁၆မက်ဂါဟဇ်၁၇ဒသမ၇၁မှဖမ်းယူနိုင်မည်ဖြစ်ကြောင်ကြေညာထားသည်။ဖုန်းတွင်ပါသောရေဒီယိုဖြင့် ဖမ်းယူ၍မရဘဲShort waveပါမှသာဖမ်းယူနိုင်မည်ဖြစ်သည်။

ကျမတို့အနီးနားမှာရေဒီယိုဆိုတာကရှာရခက်တယ်။ရရင်လည်း FMပဲရတဲ့ရေဒီယိုပဲများတယ်။အခုအသိမိတ်ဆွေတွေကရေဒီယိုလိုက်ဝယ်ကြတယ်။ဝယ်ပြီးမှသူတို့ လိုချင်တဲ့လိုင်းကမရလို့ အဝယ်မှားနေတာတွေလည်းအများကြီးတွေ့ရတယ်ဟု၎င်းကဆိုသည်။

ရန်ကုန်မြို့လယ်ရှိလျှပ်စစ်ပစ္စည်းရောင်းချသည့်ဆိုင်တဆိုင်ကအခုကရေဒီယိုလာမေးမြန်းဝယ်ယူတဲ့အခါသိပ်မမေးဘဲဒီအတိုင်းဝယ်သွားကြတာများတယ်။မေးရင်တော့ရှင်းပြပေးတယ်။ဒါပေမယ့်ဘေးမှာလည်းအရပ်ဝတ်တွေနဲ့သွားလာနေလို့သိပ်တော့ပြောလို့မရဘူး။

အဲဒါကြောင့်NUGလိုင်းရတဲ့ရေဒီယိုဝယ်မယ်ဆိုရင်NUGရောကူညီပေးတဲ့အဖွဲ့တွေကရောဘယ်လိုမျိုးဟာမျိုးဝယ်သင့်တယ်ဆိုတာကိုသေချာပြောပြပေးနိုင်ရင်ကောင်းမယ်။

ဝယ်ပြီးအိမ်ရောက်မှသူတို့နားထောင်ချင်တဲ့လိုင်းမရလို့ဖုန်းပြန်ဆက်ပြောကြတာတွေရှိတော့ပြန်လဲပေးဖို့လည်းအဆင်မပြေဘူးဟု၎င်းကပြော သည်။လက်ရှိတွင်ရေဒီယိုများကိုလည်း ဈေးတက်ရောင်းချမှုများရှိနေကြောင်းသိရသည်။

Zawgyi







Leave a Reply

Your email address will not be published. Required fields are marked *