ဖွေးဖွေးရဲ့ ဆုံးရှုံးမှုကြောင့် ထပ်တူစိတ်မ ကောင်းဖြစ်ကြောင်းနဲ့ အားပေးစကား ပြောလာခဲ့တဲ့ ခိုင်သင်းကြည်….
အစားထိုးမရနိုင်တဲ့ ဖွေးဖွေးရဲ့ ဆုံးရှုံးမှုကြောင့် ထပ်တူစိတ်မကောင်းဖြစ်ကြောင်းနဲ့ အားပေးစကားပြောလာခဲ့တဲ့ ခိုင်သင်းကြည်ပရိသတ်ကြီးရေ မနေ့က သြဂုတ်လ (၁၉)ရက်နေ့က ဖွေးဖွေးရဲ့ ဖခင်ကြီး ကိုဗစ်ကြောင့် ရုတ်တရက်ဆုံးပါးကွယ်လွန်သွားခဲ့တဲ့ သတင်းလေးကို ပရိသတ်တွေလည်း
ကြားသိပြီးသားဖြစ်မယ်ထင်ပါတယ်။ ဖွေးဖွေးက တော့ ပြီးခဲ့တဲ့ ရက်ပိုင်းကပဲ သူအရမ်းချစ်ရတဲ့ အဖွားဖြစ်သူကို ဆုံးရှုံးခဲ့ရပြီး အဖေဖြစ်သူကိုထပ်မံဆုံးရှုံးလိုက်ရတာပဲဖြစ်ပါတယ်။ဖွေးဖွေးရဲ့ ကြီးမားလှတဲ့ ဆုံးရှုံးမှုကြောင့် အနုပညာရှင်မောင်နှမတွေရော ဖွေးဖွေးရဲ့ ပရိသတ်တွေရောကထပ်တူ စိတ်မကောင်းဖြစ်နေခဲ့ကြပါသေးတယ်။ စိတ်မကောင်းဖြစ်နေကြတဲ့ အထဲမှာ ပရိသတ်အချစ်တော် ခိုင်သင်းကြည်ကလည်း
အပါအဝင်ဖြစ်ပြီး ခိုင်သင်းကြည်က “အစားထိုးမရတဲ့ဆုံးရှုံးမှုကြီးအတွက်ဘယ်လိုစကားလုံးနဲ့အားပေးစကားပြောရမှန်းတောင်မသိတော့ပါဘူးဖွေးရေ။အဖေကိုအရမ်းချစ်သူမို့အရမ်းခံစားနေရမယ်ဆိုတာသိပါတယ်။အန်ကယ်ကောင်းမွန်ရာဘုံဘဝရောက်ပါစေ။”ဆိုပြီး
အဖေကိုအရမ်းချစ်တာ ကြောင့် အခုဖခင်ဆုံးရှုံးရတဲ့အတွက် အားပေးစကားပြောထားခဲ့တာပဲဖြစ်ပါတယ်။CeleCity ပရိသတ်ကြီးတွေထဲကဖွေးဖွေးကိုချစ်ပြီး အားပေးကြတဲ့ ဖွေးဖွေးရဲ့ပရိသတ်တွေလည်း ဖခင်ကြီးကို အရမ်းချစ်တဲ့ ဖွေးလေး ဖခင်ကြီးကို ဆုံးရှုံးရတဲ့ အတွက်အစားထိုးမရလောက်အောင် ခံစားနေရမှာမို့ ဖွေးဖွေးကိုအတွက် အားပေးစကားလေးတွေပြောပေးခဲ့ကြပါဦးနော်။
Zawgyi