သူမလိုပဲရှောင်တိမ်းနေထိုင်နေရချိန်မှာ ဖခင္ ကိုဆုံးရှုံးလိုက်ရတဲ့ ဖွေးဖွေး ရဲ့နာကျင်မှုကိုကိုယ်ချင်းစာနေတဲ့ ထားထက်ထက်

သူမလိုပဲရှောင်တိမ်းနေထိုင်နေရချိန်မှာ ဖခင်တစ်ယောက်လုံးကို ဆုံးရှုံးလိုက်ရတဲ့ဖွေးဖွေးရဲ့ နာကျင်ခံစားမှုကိုကိုယ်ချင်းစာနေတဲ့ ထားထက်ထက်

ဒီကာလမှာ ပြည်သူတွေကတော့ ကိုဗစ်ရောဂါကို တိုက်ထုတ်နေရတဲ့အပြင် ဒီမိုကရေစီရရှိဖို့အ တွ က်ပါအားသွန်ခွန်စိုက်ကြိုးစားနေရတာဖြစ်ပါတယ်။သရုပ်ဆောင်ထားထက်ထက်က နိုင်ငံအ တွက် တစ်ထောင့်တစ်နေရာကနေ ပါဝင်လှုပ်ရှား

နေပြီး PDF လူငယ်တွေကိုလည်း ထောက်ပံ့ပေးနေတာဖြစ်ပါတယ်။အနုပညာရှင်တချို့က အခုချိန်မှာ လွတ်မြောက်နယ်မြေကို ရောက်ရှိနေကြပြီး မိမိတို့လုံခြုံရေးကိုကာကွယ်နေရတာပဲဖြစ်ပါတယ်။

သရုပ်ဆောင်ဖွေးဖွေးကလည်း ပြည်သူတွေနဲ့တ စ်သားတည်းရပ်တည်ပေးခဲ့တာကြောင့် သူမက အခုချိန်မှာရှောင်တိမ်းနေထိုင်နေရတာဖြစ်ပါတ ယ်။ဖွေးဖွေးက အဘွားဖြစ်သူကိုလည်း မကြာခင်ကမှဆုံးရှုံးထားရတာဖြစ်ပြီးဖခင်ဖြစ်သူကိုလည်း

ဩဂုတ်လ(၁၉)ရက်နေ့မှာ ထပ်မံဆုံးရှုံးလိုက်ရတ ာဖြစ်ပါတယ်။ဖွေးဖွေးရဲ့ဖခင်က ကိုဗစ်ရောဂါနဲ့ပဲ ဆေးရုံတက်ရင်းကွယ်လွန်သွားခဲ့လို့ ပရိသတ်တွေနဲ့ မိတ်ဆွေတွေပါ မိသားစုနဲ့ထပ်တူဝမ်းနည်းနေကြတာဖြစ်ပါတယ်။

ထားထက်ထက်ကတော့ ဖွေးဖွေးနဲ့လည်းခင်မင်ရင်းနှီးတာကြောင့် ဖွေးဖွေးရဲ့ဝမ်းနည်းနာကျင်နေမှုကို ကိုယ်ချင်းစာနေတာဖြစ်ပါတယ်။ဖွေးဖွေးက သူမလိုပဲရှောင်တိမ်းနေထိုင်နေရချိန်မှာ ဖခင်တစ်ယောက်လုံးကို ခွဲခွါလိုက်ရတာကြောင့် ဖွေးဖွေး

ကို အားပေးစကားလေးပြောလိုက်သေးတာဖြစ်ပါတယ်။ပြည်သူချစ်မင်းသမီးချောလေးဖွေးစိန်ရဲ့ကြီးမားတဲ့ဆုံးရှုံးမှုလေးကို ပရိသတ်တွေနဲ့ အနု ပညာရှင်အသိုင်းအဝိုင်းကပါ ထပ်တူဝမ်းနည်းနေကြကြောင်းကိုပြန်လည်မျှဝေပေးလိုက်ပါတယ်။

Zawgyi








Leave a Reply

Your email address will not be published. Required fields are marked *