မြန်မာနိုင်ငံကို ကိုဗစ်အလှူငွေ ဒေါ်လာ ၄.၇ သန်းကျော်နှင့် ပစ္စည်းများ ကူညီမည်ဟု နိုင်ငံပေါင်းစုံ ကတိပြု

မြန်မာနိုင်ငံကို ကိုဗစ်အလှူငွေ ဒေါ်လာ ၄.၇ သန်းကျော်နှင့် ပစ္စည်းများ ကူညီမည်ဟု နိုင်ငံပေါင်းစုံ ကတိပြု

ပစ္စည်းတွေ ကူညီပေးမယ်လို့ ကတိကဝတ်ပြုလိုက်ပါတယ်။ ဩဂုတ် ၁၈ ရက်က Video conference စနစ်နဲ့ ကျင်းပတဲ့ အာဆီယံမှ မြန်မာနိုင်ငံသို့ လူသားချင်း စာနာထောက်ထားမှု အကူအညီပေးရေးဆိုင်ရာ အစည်းအဝေးမှာ နိုင်ငံအသီးသီးက ကတိပြုလိုက်တာ ဖြစ်တယ်လို့

စစ်ကောင်စီပြန်ကြားရေးက သတင်းထုတ်ပါတယ်။ဒီအစည်းအဝေးမှာ ဘရူနိုင်း၊ ကမ္ဘောဒီးယား၊ ဖိလစ်ပိုင်၊ စင်ကာပူ၊ ထိုင်း၊ ဩစတြေးလျ၊ ဥရောပသမဂ္ဂနဲ့ နယူးဇီလန်နိုင်ငံတို့က ငွေကြေးအထောက်အပံ့ အားဖြင့် အမေရိကန်ဒေါ်လာ ၇၀၀,၀၀၀၊ ဩစတြေးလျဒေါ်လာ ၅ သန်းနဲ့

ယူရို ၃၇၀,၀၀၀ (စုစုပေါင်း ကန်ဒေါ်လာ ၄,၇၃၄,၁၂၂ ) ကို လှူဒါန်းဖို့ ကတိပြုခဲ့တယ်။ ဒါ့အပြင် အင်ဒိုနီးရှား၊ ထိုင်း၊ ဗီယက်နမ်၊ ဩစ တြေးလျ၊ တ.ရု တ်နဲ့ ဗြိတိန်နိုင်ငံတို့က ပစ္စည်းအားဖြင့် ကူညီမယ်လို့လည်း ကတိကဝတ်ပြုခဲ့ကြပြီး ငွေကြေးနဲ့ ပစ္စည်းအထောက်အပံ့တွေ အားလုံးကို

အာဆီယံလူ သားချင်း စာနာထောက်ထားမှု အကူအညီ ပေးအပ်ရေး ညှိနှိုင်းမှု ဗဟိုဌာနမှတဆင့် လှူဒါန်းသွားမှာဖြစ်ပါတယ်။ မြန်မာနိုင်ငံနဲ့ မြန်မာပြည်သူတွေဟာ ကိုဗစ်-၁၉ ကပ်ရောဂါကြောင့် အခက်အခဲတွေ ရင်ဆိုင်နေရပြီး အာဆီယံနိုင်ငံတွေ၊ မိတ်ဖက်နိုင်ငံတွေနဲ့ နိုင်ငံတကာအသိုက် အဝန်းတို့က

မြန်မာနိုင်ငံနဲ့သူ့ပြည်သူတွေ စိန်ခေါ်မှုတွေကို ကျော်လွှားနိုင်ဖို့ ကူညီပေးလိမ့်မယ်လို့ မျှော်လင့်ကြောင်း ဗီယက်နမ် နိုင်ငံခြားရေးဝန်ကြီး ဘွီသန်ဆွန်က အစည်းအဝေးမှာ ပြောပါတယ်။ဗီယက်နမ်က ဒေါ်လာ ၁ သိန်း တန်ဖိုးရှိတဲ့ ဆေးဘက်ဆိုင်ရာအထောက်အပံ့တွေကို အရင်ဆုံးထောက်ပံ့ပေးဖို့ ကတိပြုခဲ့ပါတယ်။

အာဆီယံနိုင်ငံများနဲ့ မိတ်ဖက်နိုင်ငံတွေက မြန်မာနိုင်ငံအတွက် ကူညီပေးဖို့ ကတိပြုကြတဲ့ ပမာဏဟာ ငွေနဲ့ ပစ္စည်းစုစုပေါင်းတန်ဖိုး ဒေါ်လာ ၉ သန်းလောက်ရှိမယ်လို့ ဗီယက်နမ်သတင်းမှာ ရေးပါတယ်။ကမ္ဘောဒီးယားဝန်ကြီးချုပ်ဟွန်ဆန်ကလည်း ကမ္ဘော ဒီးယားနဲ့ မြန်မာနှစ်နိုင်ငံပြည်သူတွေအကြား

ချစ်ကြည်ရင်းနှီးမှုနဲ့ စည်းလုံးညီညွတ်မှု စိတ်ဓာတ်ကိုပြတဲ့အနေနဲ့ မြန်မာနိုင်ငံအတွက် ကိုဗစ်-၁၉ ရောဂါဆိုင်ရာ ဆေးဝါးအထောက်အပံ့တွေဝယ်ယူရေးအတွက် ဒေါ်လာ ၂ သိန်းလှူဒါန်းမယ်လို့ ကတိပြု ပြောကြားထားပါတယ်။ အစည်းအဝေးမှာ အာဆီယံ အတွင်းရေးမှူးချုပ်ရုံးနဲ့

AHA စင်တာတို့က မြန်မာနိုင်ငံအတွက် လူသားချင်းစာနာထောက်ထားမှုအကူအညီတွေကို အဆင့်နှစ်ဆင့် ခွဲပြီး ပေးအပ်မှာဖြစ်ပါတယ်။ ကိုဗစ်-၁၉ ကပ်ရောဂါတုံ့ပြန်မှုကို အာရုံစိုက်တဲ့ လူသားချင်းစာနာထောက် ထားမှုဆိုင်ရာ အသက်ကယ်အကူအညီနဲ့ လူနေမှုဘ၀ တည်ငြိမ်စေဖို့

လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အစီအမံတွေကို အကောင်အထည် ဖော်ခြင်း ဆိုတဲ့ အဆင့် ၂ ဆင့်နဲ့ ပေးအပ်မှာပါ။ မကြာမီကာလအတွင်း အာဆီယံက ပထမအဆင့်ကို အာရုံစိုက်လုပ်ဆောင်မယ့်အနေနဲ့ မြန်မာနိုင်ငံအတွက် ကာကွယ်ဆေးတွေ၊ ဆေးဝါးတွေ၊ ဆေးဘက်ဆိုင်ရာအသုံးအဆောင်တွေနဲ့

ဆက်စပ်ပစ္စည်းတွေကို ဖြန့်ဝေပေးသွားမှာဖြစ်ပြီး ရှေးဦးသူနာပြုသင်္ဘောက သြဂုတ် ၃၁ ရက်မတိုင်မီ မြန်မာနိုင်ငံကို ရောက်ရှိလာလိမ့်မယ်လို့ မျှော်လင့်ရပါတယ်။ ထိရောက်တဲ့ ညှိနှိုင်းဆောင်ရွက်မှုတွေမှာ ကြီးကြပ်ဖို့နဲ့ ကူညီနိုင်ဖို့ ရန်ကုန်မှာ အာဆီယံညှိနှိုင်းရေးအဖွဲ့တဖွဲ့ကို ဖွဲ့စည်းပြီးတော့ ရုံးဌာနစိုက်ပြီး

ဒေသခံပြည်သူတွေကို ဆေးဝါးအထောက်အပံ့တွေ လွှဲပြောင်းပေးသွားမှာဖြစ်ပါတယ်။ ဒီအစည်းအဝေးမှာ စစ်ကောင်စီဝန်ကြီး ဦးဝဏ္ဏမောင်လွင်ကလည်း နေပြည်တော်ကနေ အွန်လိုင်းက တက်ရောက်ဆွေးနွေးခဲ့ပြီး မြန်မာနိုင်ငံသို့ လှူဒါန်းမှုတွေနဲ့ ကတိကဝတ်တွေအတွက် ကျေးဇူးတင်ရှိကြောင်း ပြောကြားကာ

ပြည်တွင်း ကိုဗစ်-၁၉ ကူးစက်မှုနဲ့ ကူးစက်မှု တိုးမြင့်နေမှုတို့ကို ထိန်းချုပ်ဖို့ ဆေးဝါး၊ ဆေးပစ္စည်း၊ အထောက်အပံ့တွေနဲ့ ဆက်စပ်ပစ္စည်းတွေ လိုအပ်နေကြောင်း ပြောကြားခဲ့ပါတယ်။ ဒါ့ပြင် ဇူလိုင်လအတွင်း မိုးကြီးမှုတွေကြောင့် မြန် မာနိုင်ငံ အနိမ့်ပိုင်းဒေသတချို့မှာ ရေကြီးမှု ဖြစ်ခဲ့ပြီး

နေရာဒေသတချို့မှ ပြည်သူတွေ ထိခိုက် နစ်နာမှုဖြစ်ခဲ့ရကြောင်းနဲ့ သူတို့အတွက် အရေးပေါ် နားခိုရာတဲ၊ ကောင်းမွန်တဲ့ ကျန်းမာရေး စောင့်ရှောက်မှုတွေနဲ့ လုံ လောက်တဲ့ ဆေးဝါး အထောက်အပံ့တွေ လိုအပ်နေတယ်လို့လည်း ပြောသွားပါတယ်။

Zawgyi

ျမန္မာနိုင္ငံကို ကိုဗစ္အလွူေငြ ေဒၚလာ ၄.၇ သန္းေက်ာ္ႏွင့္ ပစၥည္းမ်ား ကူညီမည္ဟု နိုင္ငံေပါင္းစုံ ကတိျပဳ

ပစၥည္းေတြ ကူညီေပးမယ္လို႔ ကတိကဝတ္ျပဳလိုက္ပါတယ္။ ဩဂုတ္ ၁၈ ရက္က Video conference စနစ္နဲ႕ က်င္းပတဲ့ အာဆီယံမွ ျမန္မာနိုင္ငံသို႔ လူသားခ်င္း စာနာေထာက္ထားမႈ အကူအညီေပးေရးဆိုင္ရာ အစည္းအေဝးမွာ နိုင္ငံအသီးသီးက ကတိျပဳလိုက္တာ ျဖစ္တယ္လို႔

စစ္ေကာင္စီျပန္ၾကားေရးက သတင္းထုတ္ပါတယ္။ဒီအစည္းအေဝးမွာ ဘ႐ူနိုင္း၊ ကေမာၻဒီးယား၊ ဖိလစ္ပိုင္၊ စင္ကာပူ၊ ထိုင္း၊ ဩစေၾတးလ်၊ ဥေရာပသမဂၢနဲ႕ နယူးဇီလန္နိုင္ငံတို႔က ေငြေၾကးအေထာက္အပံ့ အားျဖင့္ အေမရိကန္ေဒၚလာ ၇၀၀,၀၀၀၊ ဩစေၾတးလ်ေဒၚလာ ၅ သန္းနဲ႕

ယူရို ၃၇၀,၀၀၀ (စုစုေပါင္း ကန္ေဒၚလာ ၄,၇၃၄,၁၂၂ ) ကို လႉဒါန္းဖို႔ ကတိျပဳခဲ့တယ္။ ဒါ့အျပင္ အင္ဒိုနီးရွား၊ ထိုင္း၊ ဗီယက္နမ္၊ ဩစ ေၾတးလ်၊ တ.႐ု တ္နဲ႕ ၿဗိတိန္နိုင္ငံတို႔က ပစၥည္းအားျဖင့္ ကူညီမယ္လို႔လည္း ကတိကဝတ္ျပဳခဲ့ၾကၿပီး ေငြေၾကးနဲ႕ ပစၥည္းအေထာက္အပံ့ေတြ အားလုံးကို

အာဆီယံလူ သားခ်င္း စာနာေထာက္ထားမႈ အကူအညီ ေပးအပ္ေရး ညွိႏွိုင္းမႈ ဗဟိုဌာနမွတဆင့္ လႉဒါန္းသြားမွာျဖစ္ပါတယ္။ ျမန္မာနိုင္ငံနဲ႕ ျမန္မာျပည္သူေတြဟာ ကိုဗစ္-၁၉ ကပ္ေရာဂါေၾကာင့္ အခက္အခဲေတြ ရင္ဆိုင္ေနရၿပီး အာဆီယံနိုင္ငံေတြ၊ မိတ္ဖက္နိုင္ငံေတြနဲ႕ နိုင္ငံတကာအသိုက္ အဝန္းတို႔က

ျမန္မာနိုင္ငံနဲ႕သူ႕ျပည္သူေတြ စိန္ေခၚမႈေတြကို ေက်ာ္လႊားနိုင္ဖို႔ ကူညီေပးလိမ့္မယ္လို႔ ေမွ်ာ္လင့္ေၾကာင္း ဗီယက္နမ္ နိုင္ငံျခားေရးဝန္ႀကီး ဘြီသန္ဆြန္က အစည္းအေဝးမွာ ေျပာပါတယ္။ဗီယက္နမ္က ေဒၚလာ ၁ သိန္း တန္ဖိုးရွိတဲ့ ေဆးဘက္ဆိုင္ရာအေထာက္အပံ့ေတြကို အရင္ဆုံးေထာက္ပံ့ေပးဖို႔ ကတိျပဳခဲ့ပါတယ္။

အာဆီယံနိုင္ငံမ်ားနဲ႕ မိတ္ဖက္နိုင္ငံေတြက ျမန္မာနိုင္ငံအတြက္ ကူညီေပးဖို႔ ကတိျပဳၾကတဲ့ ပမာဏဟာ ေငြနဲ႕ ပစၥည္းစုစုေပါင္းတန္ဖိုး ေဒၚလာ ၉ သန္းေလာက္ရွိမယ္လို႔ ဗီယက္နမ္သတင္းမွာ ေရးပါတယ္။ကေမာၻဒီးယားဝန္ႀကီးခ်ဳပ္ဟြန္ဆန္ကလည္း ကေမာၻ ဒီးယားနဲ႕ ျမန္မာႏွစ္နိုင္ငံျပည္သူေတြအၾကား

ခ်စ္ၾကည္ရင္းႏွီးမႈနဲ႕ စည္းလုံးညီၫြတ္မႈ စိတ္ဓာတ္ကိုျပတဲ့အေနနဲ႕ ျမန္မာနိုင္ငံအတြက္ ကိုဗစ္-၁၉ ေရာဂါဆိုင္ရာ ေဆးဝါးအေထာက္အပံ့ေတြဝယ္ယူေရးအတြက္ ေဒၚလာ ၂ သိန္းလႉဒါန္းမယ္လို႔ ကတိျပဳ ေျပာၾကားထားပါတယ္။ အစည္းအေဝးမွာ အာဆီယံ အတြင္းေရးမႉးခ်ဳပ္႐ုံးနဲ႕

AHA စင္တာတို႔က ျမန္မာနိုင္ငံအတြက္ လူသားခ်င္းစာနာေထာက္ထားမႈအကူအညီေတြကို အဆင့္ႏွစ္ဆင့္ ခြဲၿပီး ေပးအပ္မွာျဖစ္ပါတယ္။ ကိုဗစ္-၁၉ ကပ္ေရာဂါတုံ႕ျပန္မႈကို အာ႐ုံစိုက္တဲ့ လူသားခ်င္းစာနာေထာက္ ထားမႈဆိုင္ရာ အသက္ကယ္အကူအညီနဲ႕ လူေနမႈဘ၀ တည္ၿငိမ္ေစဖို႔

လူသားခ်င္းစာနာေထာက္ထားမႈဆိုင္ရာ အစီအမံေတြကို အေကာင္အထည္ ေဖာ္ျခင္း ဆိုတဲ့ အဆင့္ ၂ ဆင့္နဲ႕ ေပးအပ္မွာပါ။ မၾကာမီကာလအတြင္း အာဆီယံက ပထမအဆင့္ကို အာ႐ုံစိုက္လုပ္ေဆာင္မယ့္အေနနဲ႕ ျမန္မာနိုင္ငံအတြက္ ကာကြယ္ေဆးေတြ၊ ေဆးဝါးေတြ၊ ေဆးဘက္ဆိုင္ရာအသုံးအေဆာင္ေတြနဲ႕

ဆက္စပ္ပစၥည္းေတြကို ျဖန႔္ေဝေပးသြားမွာျဖစ္ၿပီး ေရွးဦးသူနာျပဳသေဘၤာက ၾသဂုတ္ ၃၁ ရက္မတိုင္မီ ျမန္မာနိုင္ငံကို ေရာက္ရွိလာလိမ့္မယ္လို႔ ေမွ်ာ္လင့္ရပါတယ္။ ထိေရာက္တဲ့ ညွိႏွိုင္းေဆာင္႐ြက္မႈေတြမွာ ႀကီးၾကပ္ဖို႔နဲ႕ ကူညီနိုင္ဖို႔ ရန္ကုန္မွာ အာဆီယံညွိႏွိုင္းေရးအဖြဲ႕တဖြဲ႕ကို ဖြဲ႕စည္းၿပီးေတာ့ ႐ုံးဌာနစိုက္ၿပီး

ေဒသခံျပည္သူေတြကို ေဆးဝါးအေထာက္အပံ့ေတြ လႊဲေျပာင္းေပးသြားမွာျဖစ္ပါတယ္။ ဒီအစည္းအေဝးမွာ စစ္ေကာင္စီဝန္ႀကီး ဦးဝဏၰေမာင္လြင္ကလည္း ေနျပည္ေတာ္ကေန အြန္လိုင္းက တက္ေရာက္ေဆြးေႏြးခဲ့ၿပီး ျမန္မာနိုင္ငံသို႔ လႉဒါန္းမႈေတြနဲ႕ ကတိကဝတ္ေတြအတြက္ ေက်းဇူးတင္ရွိေၾကာင္း ေျပာၾကားကာ

ျပည္တြင္း ကိုဗစ္-၁၉ ကူးစက္မႈနဲ႕ ကူးစက္မႈ တိုးျမင့္ေနမႈတို႔ကို ထိန္းခ်ဳပ္ဖို႔ ေဆးဝါး၊ ေဆးပစၥည္း၊ အေထာက္အပံ့ေတြနဲ႕ ဆက္စပ္ပစၥည္းေတြ လိုအပ္ေနေၾကာင္း ေျပာၾကားခဲ့ပါတယ္။ ဒါ့ျပင္ ဇူလိုင္လအတြင္း မိုးႀကီးမႈေတြေၾကာင့္ ျမန္ မာနိုင္ငံ အနိမ့္ပိုင္းေဒသတခ်ိဳ႕မွာ ေရႀကီးမႈ ျဖစ္ခဲ့ၿပီး

ေနရာေဒသတခ်ိဳ႕မွ ျပည္သူေတြ ထိခိုက္ နစ္နာမႈျဖစ္ခဲ့ရေၾကာင္းနဲ႕ သူတို႔အတြက္ အေရးေပၚ နားခိုရာတဲ၊ ေကာင္းမြန္တဲ့ က်န္းမာေရး ေစာင့္ေရွာက္မႈေတြနဲ႕ လုံ ေလာက္တဲ့ ေဆးဝါး အေထာက္အပံ့ေတြ လိုအပ္ေနတယ္လို႔လည္း ေျပာသြားပါတယ္။

Leave a Reply

Your email address will not be published. Required fields are marked *