ကြံခင်းက စစ်အာဏာသိမ်းမှုဆန့်ကျင်ခဲ့တဲ့ ရဲ ၂ ဦး ထောင်ဒဏ် ၁ နှစ်စီ ပြစ်ဒဏ်ချမှတ်ခံရ

ကြံခင်းက စစ်အာဏာသိမ်းမှုဆန့်ကျင်ခဲ့တဲ့ ရဲ ၂ ဦး ထောင်ဒဏ် ၁ နှစ်စီ ပြစ်ဒဏ်ချမှတ်ခံရ

ဧရာဝတီတိုင်း ကြံခင်းမြို့နယ် မြို့မရဲစခန်းက စစ်အာဏာရှင်အလိုမရှိကြောင်း ရေးသား ဖော်ပြခဲ့တဲ့ ကြံခင်းမြို့က ရဲ ၂ ဦး ထောင်ဒဏ် ၁ နှစ်စီ ပြစ်ဒဏ် ချမှတ်ခံရတယ်လို့ သိရပါတယ်။

စစ်အာဏာရှင်စနစ်ဆန့်ကျင်ခဲ့လို့ အချုပ်ကျခံနေရတဲ့ သား ၂ ဦး ကို မတ်လ ၁၅ ရက်နေ့က ထောင်ကိုပို့ဆောင်တော့မှာဖြစ်တယ်လို့ ရဲတပ်ဖွဲ့ဝင်အချို့က ဆက်သွယ်ပြောဆိုလာမှ သိရတာဖြစ်တယ်လို့ ဖခင် ဖြစ်သူကပြောပါတယ်။

” အစက ကြံခင်းမှာထားတယ် အဲ့နောက်ပိုင်း ပုသိမ်က ရဲတိုင်းရုံးကို ပြောင်းပြီးချုပ်မယ်ဆိုပြီး အဆက်အသွယ်မရတော့ဘူး လိုက်သွား တော့လည်း မတွေ့ရဘူး ဒီနေ့မှ အသိထဲက ရဲက ဦးလေးသားတွေကို ထောင်ပို့တော့မယ်ပြောမှ သိရတာပါ”လို့ ပြောပါတယ်။

စစ်အာဏာရှင်စနစ်ဆန့်ကျင်ခဲ့တဲ့ ရဲတပ်ဖွဲ့ဝင် သား ၂ ဦး ထောင်ဒဏ် ၁ နှစ်စီ ချမှတ်ခံရတာနဲ့ ပတ်သက်ပြီး ကြံခင်းမြို့ နယ် ရဲတပ်ဖွဲ့မှူးကို မေးမြန်းခဲ့ရာ မှန်ကန်ကြောင်းပြောဆိုပေမယ့် သား ၂ ဦးကို ဘယ်ထောင်ပို့မယ်ဆိုတာတော့ မသိခဲ့ရဘူးလို့ ဆိုပါတယ်။

ရဲတပ်ဖွဲ့ဝင် ၂ ဦးကို ခုလို ထောင်ဒဏ်ချမှတ်လိုက်လို့ အာဏာရှင် အလိုကျပြိုလဲသွားမှာ မဟုတ်သလို သား ၂ ဦးလုံးက အာဏာရှင် စနစ်ကို တော်လှန်ခဲ့လို့ ခုလို့ ထောင်ဒဏ်ချမှတ်ခံရတဲ့အပေါ် ဂုဏ် ယူတယ်လို့ မိဘနှစ်ဦးက ပြောပါတယ်။

ရဲတပ်သား သူရိန်လင်းက ရဲလုပ်သက် ၇ နှစ်ရှိနေပြီး ရဲဒုတပ်ကြပ် တာရာလင်းက ရဲလုပ်သက် ၄ နှစ်ရှိနေဖြစ်ကာ ဒုရဲအုပ်စာမေးပွဲဖြေဆိုဖို့အတွက် ဖောင်တင်ထားသူလည်း ဖြစ်ပါတယ်။

စစ်အာဏာသိမ်းမှုဆန့်ကျင်လို့ ထောင်ဒဏ် ၁ နှစ်စီချမှတ်ခံခဲ့ရတဲ့ ကြံခင်းမြို့မ ရဲစခန်းက ရဲတပ်ဖွဲ့ဝင် ၂ ဦးကို ရဲစည်းကမ်းထိန်းသိမ်းရေးဥပဒေနဲ့ အရေးယူခဲ့တာလို့ သိရပါတယ်။

Zawgyi

ႀကံခင္းက စစ္အာဏာသိမ္းမႈဆန႔္က်င္ခဲ့တဲ့ ရဲ ၂ ဦး ေထာင္ဒဏ္ ၁ ႏွစ္စီ ​ျပစ္ဒဏ္ခ်မွတ္ခံရ

ဧရာဝတီတိုင္း ႀကံခင္းၿမိဳ႕နယ္ ၿမိဳ႕မရဲစခန္းက စစ္အာဏာရွင္အလိုမရွိေၾကာင္း ေရးသား ေဖာ္ျပခဲ့တဲ့ ႀကံခင္းၿမိဳ႕က ရဲ ၂ ဦး ေထာင္ဒဏ္ ၁ ႏွစ္စီ ျပစ္ဒဏ္ ခ်မွတ္ခံရတယ္လို႔ သိရပါတယ္။

စစ္အာဏာရွင္စနစ္ဆန႔္က်င္ခဲ့လို႔ အခ်ဳပ္က်ခံေနရတဲ့ သား ၂ ဦး ကို မတ္လ ၁၅ ရက္ေန႔က ေထာင္ကိုပို႔ေဆာင္ေတာ့မွာျဖစ္တယ္လို႔ ရဲတပ္ဖြဲ႕ဝင္အခ်ိဳ႕က ဆက္သြယ္ေျပာဆိုလာမွ သိရတာျဖစ္တယ္လို႔ ဖခင္ ျဖစ္သူကေျပာပါတယ္။

” အစက ႀကံခင္းမွာထားတယ္ အဲ့ေနာက္ပိုင္း ပုသိမ္က ရဲတိုင္း႐ုံးကို ေျပာင္းၿပီးခ်ဳပ္မယ္ဆိုၿပီး အဆက္အသြယ္မရေတာ့ဘူး လိုက္သြား ေတာ့လည္း မေတြ႕ရဘူး ဒီေန႔မွ အသိထဲက ရဲက ဦးေလးသားေတြကို ေထာင္ပို႔ေတာ့မယ္ေျပာမွ သိရတာပါ”လို႔ ေျပာပါတယ္။

စစ္အာဏာရွင္စနစ္ဆန႔္က်င္ခဲ့တဲ့ ရဲတပ္ဖြဲ႕ဝင္ သား ၂ ဦး ေထာင္ဒဏ္ ၁ ႏွစ္စီ ခ်မွတ္ခံရတာနဲ႔ ပတ္သက္ၿပီး ႀကံခင္းၿမိဳ႕ နယ္ ရဲတပ္ဖြဲ႕မႉးကို ေမးျမန္းခဲ့ရာ မွန္ကန္ေၾကာင္းေျပာဆိုေပမယ့္ သား ၂ ဦးကို ဘယ္ေထာင္ပို႔မယ္ဆိုတာေတာ့ မသိခဲ့ရဘူးလို႔ ဆိုပါတယ္။

ရဲတပ္ဖြဲ႕ဝင္ ၂ ဦးကို ခုလို ေထာင္ဒဏ္ခ်မွတ္လိုက္လို႔ အာဏာရွင္ အလိုက်ၿပိဳလဲသြားမွာ မဟုတ္သလို သား ၂ ဦးလုံးက အာဏာရွင္ စနစ္ကို ေတာ္လွန္ခဲ့လို႔ ခုလို႔ ေထာင္ဒဏ္ခ်မွတ္ခံရတဲ့အေပၚ ဂုဏ္ ယူတယ္လို႔ မိဘႏွစ္ဦးက ေျပာပါတယ္။

ရဲတပ္သား သူရိန္လင္းက ရဲလုပ္သက္ ၇ ႏွစ္ရွိေနၿပီး ရဲဒုတပ္ၾကပ္ တာရာလင္းက ရဲလုပ္သက္ ၄ ႏွစ္ရွိေနျဖစ္ကာ ဒုရဲအုပ္စာေမးပြဲေျဖဆိုဖို႔အတြက္ ေဖာင္တင္ထားသူလည္း ျဖစ္ပါတယ္။

စစ္အာဏာသိမ္းမႈဆန႔္က်င္လို႔ ေထာင္ဒဏ္ ၁ ႏွစ္စီခ်မွတ္ခံခဲ့ရတဲ့ ႀကံခင္းၿမိဳ႕မ ရဲစခန္းက ရဲတပ္ဖြဲ႕ဝင္ ၂ ဦးကို ရဲစည္းကမ္းထိန္းသိမ္းေရးဥပေဒနဲ႔ အေရးယူခဲ့တာလို႔ သိရပါတယ္။

Leave a Reply

Your email address will not be published. Required fields are marked *