သားလေးက အိမ်ကထွက်ခါနီး မှာ ရိုရိုသေသေ နဲ့ လက်ဆုံမိုးပြီး ကန်တော့နေတာ ကို ခံယူနေတဲ့ မိခင် တစ်ဦး
လူထုလှုပ်ရှားမှုမှာ ပါဝင်နေတဲ့ သားလေးက အိမ်ကထွက်ခါနီး မှာ ရိုရိုသေသေ နဲ့ လက်ဆုံမိုးပြီး ကန်တော့နေတာ ကို ခံယူနေတဲ့ မိခင် တစ်ဦး
ဇာတိသွေး၊ ဇာတိမာန်တွေ ထက်သန်ကြတဲ့ လူငယ်တွေကတော့ လူထုလှုပ်ရှားမှုတွေမှာဆိုရင် ရှေ့ဆုံးကနေ ပါဝင်နေကြတာဖြစ်ပါတယ်။လူငယ်လေးတွေက ရှေ့တန်းကနေ ဒိုင်းကိုင်ပြီး နောက်တန်းကပြည်သူတွေ လုံခြုံဖို့အတွက်အတတ်နိုင်ဆုံး ကာကွယ်ပေးကြတာ ဖြစ်ပါတယ်။ပြည်သူတွေ ကတော့ အခုလိုအချိန်မှာ အရမ်းစည်းလုံးကြပြီးအချင်းချင်းကာကွယ် စောင့်ရှောက်နေကြတာဖြစ်ပါတယ်။ယခုခေတ်လူငယ်တွေကတော့ ဘယ်အရာမဆိုစိတ်ဓာတ်ပြင်းပြကြတာကြောင့် အခုလိုအခြေအနေမျိုးမှာဆိုရင် ပိုပြီးတော့တောင်ရဲရင့်နေကြတာဖြစ်ပါတယ်။
တချို့မိဘတွေကလည်း ကြည်ကြည်ဖြူဖြူ နဲ့ သားသမီးတွေရဲ့ဆန္ဒကို လိုက်လျောပေးကြတာဖြစ်ပါတယ်။ဘယ်မိဘမဆို မိမိရဲ့သားသမီးလေးတွေကို ဆုံးရှုံးရမှာ၊တစ်ခုခုဖြစ်မှာ ကြောက်ကြပေမယ့်လည်း လက်ရှိအခြေအနေမှာတော့ နောက်ကနေ အကောင်းဆုံးပံ့ပိုးပေးနေကြတာဖြစ်ပါတယ်။ ဒါ့ကြောင့်မှလို့ ရွှေလိုအဖိုးတန်တဲ့မိမိတို့ရဲ့သားသမီးတွေကို တစ်ထောင့်တစ်နေရာမှာ ပါဝင်ခိုင်းတဲ့ မိဘတွေရဲ့စိတ်ဓာတ်ကလည်း လေးစားစရာကောင်းလှပါတယ်။ကျဆုံးသွားတဲ့သူရဲကောင်းလေးတွေရဲ့ မိဘတွေကလည်း ရင်ကျိုးမတက်ခံစားနေရပေမယ့် စိတ်ဓာတ် ခိုင်ခိုင်မာမာရှိပြီး အခြေအနေကိုလက်ခံကြတာပဲဖြစ်ပါတယ်။
လူငယ်လေးတစ်ဦးဆိုရင် လူထုလှုပ်ရှားမှုမှာ ပါဝင်ဖို့အတွက် အိမ်ကနေထွက်ခါနီးမှာ မိခင်ကိုကန်တော့ပြီးအမှတ်တရဓာတ်ပုံလေး ရိုက်ထားတာဖြစ်ပါတယ်။ဒီမြင်ကွင်းလေးကတော့ မိဘနဲ့သားသမီးကြားက မေတ္တာပုံရိပ်လေးကို ထင်ရှားစွာမြင်တွေ့ရပါတယ်။မိခင်အနေနဲ့လည်း သားလေးကို လမ်းပေါ်လွှတ်လိုက်ရပေမယ့်လည်း ဘေးကင်းစွာအိမ်ပြန်လာနိုင်ဖို့အတွက် မျှော်လင့်နေမှာဖြစ်ပါတယ်။အခုလိုအခြေအနေမျိုးမှာ သားသမီးတွေကို အိမ်ထဲမှာပဲမနေခိုင်းဘဲ အများအကျိုးအတွက်သယ်ပိုးဆောင်ရွက်ခိုင်းတဲ့ မိဘတွေကို လေးစားစွာနဲ့ဦးညွှတ်ဂါရဝပြုပါတယ်နော်။
Zawgyi
သားေလးက အိမ္ကထြက္ခါနီး မွာ ႐ို႐ိုေသေသ နဲ႔ လက္ဆုံမိုးၿပီး ကန္ေတာ့ေနတာ ကို ခံယူေနတဲ့ မိခင္ တစ္ဦး
လူထုလႈပ္ရွားမႈမွာ ပါဝင္ေနတဲ့ သားေလးက အိမ္ကထြက္ခါနီး မွာ ႐ို႐ိုေသေသ နဲ႔ လက္ဆုံမိုးၿပီး ကန္ေတာ့ေနတာ ကို ခံယူေနတဲ့ မိခင္ တစ္ဦး
ဇာတိေသြး၊ ဇာတိမာန္ေတြ ထက္သန္ၾကတဲ့ လူငယ္ေတြကေတာ့ လူထုလႈပ္ရွားမႈေတြမွာဆိုရင္ ေရွ႕ဆုံးကေန ပါဝင္ေနၾကတာျဖစ္ပါတယ္။လူငယ္ေလးေတြက ေရွ႕တန္းကေန ဒိုင္းကိုင္ၿပီး ေနာက္တန္းကျပည္သူေတြ လုံၿခဳံဖို႔အတြက္အတတ္ႏိုင္ဆုံး ကာကြယ္ေပးၾကတာ ျဖစ္ပါတယ္။ျပည္သူေတြ ကေတာ့ အခုလိုအခ်ိန္မွာ အရမ္းစည္းလုံးၾကၿပီးအခ်င္းခ်င္းကာကြယ္ ေစာင့္ေရွာက္ေနၾကတာျဖစ္ပါတယ္။ယခုေခတ္လူငယ္ေတြကေတာ့ ဘယ္အရာမဆိုစိတ္ဓာတ္ျပင္းျပၾကတာေၾကာင့္ အခုလိုအေျခအေနမ်ိဳးမွာဆိုရင္ ပိုၿပီးေတာ့ေတာင္ရဲရင့္ေနၾကတာျဖစ္ပါတယ္။
တခ်ိဳ႕မိဘေတြကလည္း ၾကည္ၾကည္ျဖဴျဖဴ နဲ႔ သားသမီးေတြရဲ႕ဆႏၵကို လိုက္ေလ်ာေပးၾကတာျဖစ္ပါတယ္။ဘယ္မိဘမဆို မိမိရဲ႕သားသမီးေလးေတြကို ဆုံးရႈံးရမွာ၊တစ္ခုခုျဖစ္မွာ ေၾကာက္ၾကေပမယ့္လည္း လက္ရွိအေျခအေနမွာေတာ့ ေနာက္ကေန အေကာင္းဆုံးပံ့ပိုးေပးေနၾကတာျဖစ္ပါတယ္။ ဒါ့ေၾကာင့္မွလို႔ ေ႐ႊလိုအဖိုးတန္တဲ့မိမိတို႔ရဲ႕သားသမီးေတြကို တစ္ေထာင့္တစ္ေနရာမွာ ပါဝင္ခိုင္းတဲ့ မိဘေတြရဲ႕စိတ္ဓာတ္ကလည္း ေလးစားစရာေကာင္းလွပါတယ္။က်ဆုံးသြားတဲ့သူရဲေကာင္းေလးေတြရဲ႕ မိဘေတြကလည္း ရင္က်ိဳးမတက္ခံစားေနရေပမယ့္ စိတ္ဓာတ္ ခိုင္ခိုင္မာမာရွိၿပီး အေျခအေနကိုလက္ခံၾကတာပဲျဖစ္ပါတယ္။
လူငယ္ေလးတစ္ဦးဆိုရင္ လူထုလႈပ္ရွားမႈမွာ ပါဝင္ဖို႔အတြက္ အိမ္ကေနထြက္ခါနီးမွာ မိခင္ကိုကန္ေတာ့ၿပီးအမွတ္တရဓာတ္ပုံေလး ႐ိုက္ထားတာျဖစ္ပါတယ္။ဒီျမင္ကြင္းေလးကေတာ့ မိဘနဲ႔သားသမီးၾကားက ေမတၱာပုံရိပ္ေလးကို ထင္ရွားစြာျမင္ေတြ႕ရပါတယ္။မိခင္အေနနဲ႔လည္း သားေလးကို လမ္းေပၚလႊတ္လိုက္ရေပမယ့္လည္း ေဘးကင္းစြာအိမ္ျပန္လာႏိုင္ဖို႔အတြက္ ေမွ်ာ္လင့္ေနမွာျဖစ္ပါတယ္။အခုလိုအေျခအေနမ်ိဳးမွာ သားသမီးေတြကို အိမ္ထဲမွာပဲမေနခိုင္းဘဲ အမ်ားအက်ိဳးအတြက္သယ္ပိုးေဆာင္႐ြက္ခိုင္းတဲ့ မိဘေတြကို ေလးစားစြာနဲ႔ဦးၫႊတ္ဂါရဝျပဳပါတယ္ေနာ္။