သေနတ်ထဲကို ကျည်အလွတ်တွေပဲထည့်ခဲ့ကြောင်း ပြောပြလာတဲ့တပ်သားတစ်ဦး

အထက်က ပစ်မိန့်ပေးချိန်မှာ ပြည်သူတွေကိုမပစ်ရက်လို့ သေနတ်ထဲကို ကျည်အလွတ်တွေပဲထည့်ခဲ့ကြောင်း ပြောပြလာတဲ့တပ်သားတစ်ဦး

အာဏာရှင်ကိုတော်လှန်ပြီး ပြည်သူ့ရင်ခွင်ကို ခိုလှုံလာတဲ့ CDM ရဲဘော်တွေကို ပြည်သူတွေကလည်း နွေးထွေးစွာ ကြိုဆိုနေကြတာ ဖြစ်ပါတယ် ။ ဆန္ဒပြဖြိုခွင်းခံရစဉ်ကာလအတွင်းမှာ ပြည်သူတွေ ကြုံတွေ့ခံစားနေရတဲ့ဒုက္ခတွေကို စာနာနားလည်ပေးခဲ့တဲ့ ရဲဘော်တွေကတော့ CDM ဝင်ပြီး ပြည်သူတွေနဲ့အတူ ပူးပေါင်းခဲ့တာ ဖြစ်ပါတယ်။

အခုလည်း ပြည်သူ့တပ်သားတစ်ဦးက သူကိုယ်တိုင်ကြုံတွေ့ခဲ့ရတဲ့ အဖြစ်အပျက်ကို ရင်ဖွင့်ပြောပြထားတာ ဖြစ်ပါတယ် ။ပြည်သူ့တပ်သား ကိုဇော်ရဲချစ်က (၂၀၁၉) ခုနှစ်မှာ တပ်မတော်ထဲကို စတင်ဝင်ရောက်ခဲ့ပြီး ရေတပ်မှာ တာဝန်ထမ်းဆောင်ခဲ့သူ ဖြစ်ပါတယ် ။ အာဏာသိမ်းပြီးတဲ့နောက်မှာတော့ တပ်သားကိုဇော်ရဲချစ်က ကျရာတာဝန်ကို ဆက်လက်ထမ်းဆောင်ခဲ့တာ ဖြစ်ပါတယ် ။

အဲ့ဒီအချိန်မှာ အထက်အရာရှိတွေက “ပြည်သူက အန္တရာယ်ပြုလာရင် ပစ်” ဆိုပြီး အမိန့်ပေးခဲ့ကြောင်း ကိုဇော်ရဲချစ်က ပြောပြထားတာ ဖြစ်ပါတယ် ။ဒါပေမဲ့လည်း တပ်သားကိုဇော်ရဲချစ်က ပြည်သူတွေကို မပစ်ရက်လို့ သူကိုင်တဲ့သေနတ်ထဲမှာ ကျည်အလွတ်တွေပဲ ထည့်ထားခဲ့ကြောင်း ရင်ဖွင့်လာခဲ့တာ ဖြစ်ပါတယ် ။ “မပစ်ရက်ပါဘူး ။

ပစ်ရအောင် ပြည်သူတွေက ရန်သူတွေမဟုတ်ပါဘူး ။ ဒါ့အပြင် ကျွန်တော်တို့က ပြည်သူ့လစာကို စားတဲ့ စစ်သားတစ်ယောက်ပါ။ အမှန်တိုင်းပြောရရင် ပြည်သူ့ကို သေနတ်နဲ့ချိန်ရွယ်ဖို့နေနေသာသာ လက်ညိုးနဲ့တောင် ထိုးလို့မရပါဘူး ။ ” ဆိုပြီး ကိုဇော်ရဲချစ်က ပြောပြထားတာ ဖြစ်ပါတယ် ။ ဒါကြောင့် တပ်သားကိုဇော်ရဲချစ်က အာဏာရှင်လက်အောက်မှာ ဆက်မနေဘဲ ပြည်သူ့ဘက်ကရပ်တည်ခဲ့တာဖြစ်ပြီး သူ့လုပ်ရပ်ကိုလည်း အခုချိန်အထိ ဂုဏ်ယူနေတာ ဖြစ်ပါတယ် ။

Zawgyi

အထက္က ပစ္မိန့္ေပးခ်ိန္မွာ ျပည္သူေတြကိုမပစ္ရက္လို႔ ေသနတ္ထဲကို က်ည္အလြတ္ေတြပဲထည့္ခဲ့ေၾကာင္း ေျပာျပလာတဲ့တပ္သားတစ္ဦး

အာဏာရွင္ကိုေတာ္လွန္ၿပီး ျပည္သူ႕ရင္ခြင္ကို ခိုလႈံလာတဲ့ CDM ရဲေဘာ္ေတြကို ျပည္သူေတြကလည္း ေႏြးေထြးစြာ ႀကိဳဆိုေနၾကတာ ျဖစ္ပါတယ္ ။ ဆႏၵျပၿဖိဳခြင္းခံရစဥ္ကာလအတြင္းမွာ ျပည္သူေတြ ႀကဳံေတြ႕ခံစားေနရတဲ့ဒုကၡေတြကို စာနာနားလည္ေပးခဲ့တဲ့ ရဲေဘာ္ေတြကေတာ့ CDM ဝင္ၿပီး ျပည္သူေတြနဲ႕အတူ ပူးေပါင္းခဲ့တာ ျဖစ္ပါတယ္။

အခုလည္း ျပည္သူ႕တပ္သားတစ္ဦးက သူကိုယ္တိုင္ႀကဳံေတြ႕ခဲ့ရတဲ့ အျဖစ္အပ်က္ကို ရင္ဖြင့္ေျပာျပထားတာ ျဖစ္ပါတယ္ ။ျပည္သူ႕တပ္သား ကိုေဇာ္ရဲခ်စ္က (၂၀၁၉) ခုႏွစ္မွာ တပ္မေတာ္ထဲကို စတင္ဝင္ေရာက္ခဲ့ၿပီး ေရတပ္မွာ တာဝန္ထမ္းေဆာင္ခဲ့သူ ျဖစ္ပါတယ္ ။ အာဏာသိမ္းၿပီးတဲ့ေနာက္မွာေတာ့ တပ္သားကိုေဇာ္ရဲခ်စ္က က်ရာတာဝန္ကို ဆက္လက္ထမ္းေဆာင္ခဲ့တာ ျဖစ္ပါတယ္ ။

အဲ့ဒီအခ်ိန္မွာ အထက္အရာရွိေတြက “ျပည္သူက အႏၲရာယ္ျပဳလာရင္ ပစ္” ဆိုၿပီး အမိန့္ေပးခဲ့ေၾကာင္း ကိုေဇာ္ရဲခ်စ္က ေျပာျပထားတာ ျဖစ္ပါတယ္ ။ဒါေပမဲ့လည္း တပ္သားကိုေဇာ္ရဲခ်စ္က ျပည္သူေတြကို မပစ္ရက္လို႔ သူကိုင္တဲ့ေသနတ္ထဲမွာ က်ည္အလြတ္ေတြပဲ ထည့္ထားခဲ့ေၾကာင္း ရင္ဖြင့္လာခဲ့တာ ျဖစ္ပါတယ္ ။ “မပစ္ရက္ပါဘူး ။

ပစ္ရေအာင္ ျပည္သူေတြက ရန္သူေတြမဟုတ္ပါဘူး ။ ဒါ့အျပင္ ကြၽန္ေတာ္တို႔က ျပည္သူ႕လစာကို စားတဲ့ စစ္သားတစ္ေယာက္ပါ။ အမွန္တိုင္းေျပာရရင္ ျပည္သူ႕ကို ေသနတ္နဲ႕ခ်ိန္႐ြယ္ဖို႔ေနေနသာသာ လက္ညိုးနဲ႕ေတာင္ ထိုးလို႔မရပါဘူး ။ ” ဆိုၿပီး ကိုေဇာ္ရဲခ်စ္က ေျပာျပထားတာ ျဖစ္ပါတယ္ ။ ဒါေၾကာင့္ တပ္သားကိုေဇာ္ရဲခ်စ္က အာဏာရွင္လက္ေအာက္မွာ ဆက္မေနဘဲ ျပည္သူ႕ဘက္ကရပ္တည္ခဲ့တာျဖစ္ၿပီး သူ႕လုပ္ရပ္ကိုလည္း အခုခ်ိန္အထိ ဂုဏ္ယူေနတာ ျဖစ္ပါတယ္ ။

Leave a Reply

Your email address will not be published. Required fields are marked *